ပြင်ဦးလွင်မြို့နယ်တွင် အမျိုးသမီးတစ်ဦး၏ ကျောပိုးအိတ်အတွင်းမှ ကျပ်သိန်း(၁၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
752
သန့်ဇင် (NP News) - ဩဂုတ် ၂၁
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် အသက်(၂၂)နှစ်အရွယ်အမျိုးသမီးတစ်ဦး၏ ကျောပိုးအိတ်အတွင်းမှ ငွေကျပ်သိန်း(၁၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့သည် ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်)၊ ည ၇နာရီ ၄၅ မိနစ်အချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ ဆင်ခေါင်းလေးကျေးရွာအနီးတွင် မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာအနီးတွင် မပုလဲဝင်း(၂၂)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးစဉ် ဆိုင်ကယ်ခွကြား၌ တင်ဆောင်လာသော ကျောပိုးအိတ်အတွင်းမှ ငွေကျပ်သိန်း(၁၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား(၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းအား ပြင်ဦးလွင်မြို့မရဲစခန်းတွင် မှုးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတာဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
zawgyi version
ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ အမ်ိဳးသမီးတစ္ဦး၏ ေက်ာပိုးအိတ္အတြင္းမွ က်ပ္သိန္း(၁၀၀၀)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ
သန႔္ဇင္ (NP News) - ဩဂုတ္ ၂၁
မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ အသက္(၂၂)ႏွစ္အ႐ြယ္အမ်ိဳးသမီးတစ္ဦး၏ ေက်ာပိုးအိတ္အတြင္းမွ ေငြက်ပ္သိန္း(၁၀၀၀)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕သည္ ယမန္ေန႔ (ဩဂုတ္လ ၂၀ ရက္)၊ ည ၇နာရီ ၄၅ မိနစ္အခ်ိန္တြင္ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ဆင္ေခါင္းေလးေက်း႐ြာအနီးတြင္ ေမာ္ေတာ္ယာဥ္မ်ားအား ရပ္တန႔္စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေက်း႐ြာအနီးတြင္ မပုလဲဝင္း(၂၂)ႏွစ္ ေမာင္းႏွင္လာသည့္ ဆိုင္ကယ္အား ရပ္တန႔္စစ္ေဆးစဥ္ ဆိုင္ကယ္ခြၾကား၌ တင္ေဆာင္လာေသာ ေက်ာပိုးအိတ္အတြင္းမွ ေငြက်ပ္သိန္း(၁၀၀၀)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား(၅၀၀၀၀)ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎အား ျပင္ဦးလြင္ၿမိဳ႕မရဲစခန္းတြင္ မႈးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒျဖင့္ အမႈဖြင့္ အေရးယူထားၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္စစ္ေဆးလ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတာဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။