မြန်မာနှင့်တရုတ်ကုမ္ပဏီများက ပို့ကုန်၊ သွင်းကုန်အပါအဝင် လုပ်ငန်းလေးခုနှင့်ဆက်စပ်သည့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များ လက်မှတ်ရေးထိုး
731
ယွန်း (NP News) - သြဂုတ် ၂၁
မြန်မာကုမ္ပဏီများနှင့် တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီများက ပို့ကုန်၊ သွင်းကုန် အပါအဝင် လုပ်ငန်းလေးခုနှင့်ဆက်စပ်သည့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center တွင် ကျင်းပနေသည့် (၇)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန်ကုန်စည်ပြပွဲ၏ နောက်ဆုံးရက်ဖြစ်သည့် သြဂုတ်လ(၂၀)ရက်တွင် အဆိုပါ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ကုန်စည်ပြပွဲတွင် ပါဝင်ပြသနေသည့် မြန်မာကုမ္ပဏီ/အသင်းအဖွဲ့များဖြစ်သည့် ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ AJ Myanmar ၊ Good Brother Group Co., Ltd၊ Global Earth Agro and Aqua International Co., Ltd တို့သည် ဂုဏ်ထူးဆောင် နိုင်ငံပြခန်းဆောင်၌ တရုတ်နိုင်ငံ ကူမင်းမြို့၊ ချုံချင့်မြို့ နှင့် ကွမ်းရှီးပြည်နယ် သုံးရှင်းမြို့အခြေစိုက် ကုမ္ပဏီလေးခုနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
၎င်းတို့က ပို့ကုန်/သွင်းကုန်လုပ်ငန်း အပါအဝင် ကုန်စည်ဖြန့်ဖြူးရေး၊ လယ်ယာထွက်ကုန်၊ ရေထွက် ပစ္စည်းများနှင့်ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ကုန်သည်နှင့် လုပ်ငန်းရှင်ပေါင်း (၁၀၀)ကျော်က နိုင်ငံ၏ လယ် ယာထွက်ကုန်များ၊ လက်မှုပစ္စည်းများနှင့် အဖိုးတန်ကျောက်မျက်ရတနာများကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
၎င်းကုန်စည်ပြပွဲသည် မြန်မာနိုင်ငံအတွက် ဒုတိယအကြိမ်မြောက် Country of Honor အဖြစ် ပါဝင်ပြသခြင်းဖြစ်ပြီး ပထမအကြိမ် Country of Honor အဖြစ် ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် ကျင်းပခဲ့သည့် (၅)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံက ပါဝင်ပြသခဲ့သည်။
အဆိုပါပြပွဲတွင် မြန်မာနိုင်ငံမှ ပြခန်းပေါင်း(၃၆)ခန်းပြသခဲ့ပြီး အာဆီယံနှင့် တောင်အာရှိနိုင်ငံများ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများနှင့် ဒေသပေါင်း (၈၀)ကျော်မှ ကုန်စည်ပြခန်းများ ပါဝင်ပြသခဲ့ရာ ပြပွဲကို သြဂုတ်လ (၁၆)ရက်မှ (၂၀)ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။
zawgyi version
ျမန္မာႏွင့္တ႐ုတ္ကုမၸဏီမ်ားက ပို႔ကုန္၊ သြင္းကုန္အပါအဝင္ လုပ္ငန္းေလးခုႏွင့္ဆက္စပ္သည့္ ပူးေပါင္းေဆာင္႐ြက္ေရး သေဘာတူညီခ်က္မ်ား လက္မွတ္ေရးထိုး
ယြန္း (NP News) - ၾသဂုတ္ ၂၁
ျမန္မာကုမၸဏီမ်ားႏွင့္ တ႐ုတ္ႏိုင္ငံအေျခစိုက္ ကုမၸဏီမ်ားက ပို႔ကုန္၊ သြင္းကုန္ အပါအဝင္ လုပ္ငန္းေလးခုႏွင့္ဆက္စပ္သည့္ ပူးေပါင္းေဆာင္႐ြက္ေရး သေဘာတူညီခ်က္မ်ားကို လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။
တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္ ကူမင္းၿမိဳ႕ရွိ Dianchi International Convention and Exhibition Center တြင္ က်င္းပေနသည့္ (၇)ႀကိမ္ေျမာက္ တ႐ုတ္-ေတာင္အာရွကုန္စည္ျပပြဲႏွင့္ (၂၇)ႀကိမ္ေျမာက္ တ႐ုတ္ (ကူမင္း) ပို႔ကုန္/သြင္းကုန္ကုန္စည္ျပပြဲ၏ ေနာက္ဆုံးရက္ျဖစ္သည့္ ၾသဂုတ္လ(၂၀)ရက္တြင္ အဆိုပါ သေဘာတူညီခ်က္မ်ားကို လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ သိရသည္။
ကုန္စည္ျပပြဲတြင္ ပါဝင္ျပသေနသည့္ ျမန္မာကုမၸဏီ/အသင္းအဖြဲ႕မ်ားျဖစ္သည့္ ကိုးကန႔္တိုင္းရင္းသားလုပ္ငန္းရွင္မ်ားအသင္း၊ AJ Myanmar ၊ Good Brother Group Co., Ltd၊ Global Earth Agro and Aqua International Co., Ltd တို႔သည္ ဂုဏ္ထူးေဆာင္ ႏိုင္ငံျပခန္းေဆာင္၌ တ႐ုတ္ႏိုင္ငံ ကူမင္းၿမိဳ႕၊ ခ်ဳံခ်င့္ၿမိဳ႕ ႏွင့္ ကြမ္းရွီးျပည္နယ္ သုံးရွင္းၿမိဳ႕အေျခစိုက္ ကုမၸဏီေလးခုႏွင့္ သေဘာတူလက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္သည္။
၎တို႔က ပို႔ကုန္/သြင္းကုန္လုပ္ငန္း အပါအဝင္ ကုန္စည္ျဖန႔္ျဖဴးေရး၊ လယ္ယာထြက္ကုန္၊ ေရထြက္ ပစၥည္းမ်ားႏွင့္ပတ္သက္သည့္ ပူးေပါင္းေဆာင္႐ြက္ေရး သေဘာတူညီခ်က္မ်ားကို လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။
အဆိုပါ ကုန္စည္ျပပြဲတြင္ ျမန္မာႏိုင္ငံမွ ကုန္သည္ႏွင့္ လုပ္ငန္းရွင္ေပါင္း (၁၀၀)ေက်ာ္က ႏိုင္ငံ၏ လယ္ ယာထြက္ကုန္မ်ား၊ လက္မႈပစၥည္းမ်ားႏွင့္ အဖိုးတန္ေက်ာက္မ်က္ရတနာမ်ားကို ခင္းက်င္းျပသခဲ့ေၾကာင္း သိရသည္။
၎ကုန္စည္ျပပြဲသည္ ျမန္မာႏိုင္ငံအတြက္ ဒုတိယအႀကိမ္ေျမာက္ Country of Honor အျဖစ္ ပါဝင္ျပသျခင္းျဖစ္ၿပီး ပထမအႀကိမ္ Country of Honor အျဖစ္ ၂၀၁၈ ခုႏွစ္၊ ဇြန္လတြင္ က်င္းပခဲ့သည့္ (၅)ႀကိမ္ေျမာက္ တ႐ုတ္-ေတာင္အာရွကုန္စည္ျပပြဲတြင္ ျမန္မာႏိုင္ငံက ပါဝင္ျပသခဲ့သည္။
အဆိုပါျပပြဲတြင္ ျမန္မာႏိုင္ငံမွ ျပခန္းေပါင္း(၃၆)ခန္းျပသခဲ့ၿပီး အာဆီယံႏွင့္ ေတာင္အာရွိႏိုင္ငံမ်ား ကမာၻတစ္ဝန္းရွိ ႏိုင္ငံမ်ားႏွင့္ ေဒသေပါင္း (၈၀)ေက်ာ္မွ ကုန္စည္ျပခန္းမ်ား ပါဝင္ျပသခဲ့ရာ ျပပြဲကို ၾသဂုတ္လ (၁၆)ရက္မွ (၂၀)ရက္အထိ က်င္းပခဲ့ေၾကာင္း သိရသည္။