လားရှိုးမြို့ရှိ ချောင်းအတွင်း၌ အုပ်စုဖွဲ့ရေကူးနေစဉ် အသက်(၁၇)နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံး
1209
သန့်ဇင် (NP News) - ဩဂုတ် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ချောင်းတစ်ခုအတွင်း အုပ်စုဖွဲ့ရေကူးနေစဉ် အသက်(၁၇)နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံးလျက်ရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်)၊ မွန်းတည့် ၁၂နာရီအချိန်တွင် လားရှိုးမြို့၊ ရေအေးချောင်းအတွင်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ပေးသောလက်ပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။
"ကျွန်တော်တို့သိရတာကတော့ သူတို့က(၃)ယောက်ဗျ။ ရေဆော့ရင်း ကလေးတစ်ယောက်ကရေနစ်တော့ ကျန်တဲ့(၂)ယောက်ကလိုက်ဆယ်တယ်တဲ့။ လိုက်ဆယ်တာလဲမရတော့တာပေါ့"ဟု ပေးသောလက်ပရဟိတ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
၎င်းချောင်းအတွင်း၌ ရေနစ်ပျောက်ဆုံးနေသူသည် လားရှိုးမြို့၊ ၈ ရပ်ကွက်တွင်နေထိုင်သည့် အသက် (၁၇)နှစ်အရွယ် မောင်ဖြိုးဝေဖြစ်ကြောင်း သိရသည်။
"မနေ့ကတည်းကရှာနေတာပါဗျ။ ဒီနေ့လဲဆက်ရှာနေပါတယ်။ ချောင်းက တော်တော်ကျယ်တယ်ဗျ။ သီပေါဒုတ္ထဝတီမြစ်အစပေါ့။ ကောင်လေးက ရေစီးနဲ့မျောသွားတဲ့သဘောပေါ့ဗျာ"ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် ရေနစ်ပျောက်ဆုံးလျက်ရှိသော အမျိုးသားအား လားရှိုးလူငယ်များပရဟိတလူမှုကူညီရေးအသင်း၊ ပေးသောလက်ပရဟိတလူမှုကယ်ဆယ်ရေးအသင်းနှင့် မီးသတ်တပ်ဖွဲ့တို့မှ စုပေါင်းရှာဖွေမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
zawgyi version
လားရႈိးၿမိဳ႕ရွိ ေခ်ာင္းအတြင္း၌ အုပ္စုဖြဲ႕ေရကူးေနစဥ္ အသက္(၁၇)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ေရနစ္ေပ်ာက္ဆုံး
သန႔္ဇင္ (NP News) - ဩဂုတ္ ၂၁
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕ရွိ ေခ်ာင္းတစ္ခုအတြင္း အုပ္စုဖြဲ႕ေရကူးေနစဥ္ အသက္(၁၇)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ေရနစ္ေပ်ာက္ဆုံးလ်က္ရွိေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဩဂုတ္လ ၂၀ ရက္)၊ မြန္းတည့္ ၁၂နာရီအခ်ိန္တြင္ လားရႈိးၿမိဳ႕၊ ေရေအးေခ်ာင္းအတြင္း၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း ေပးေသာလက္ပရဟိတလူမႈကူညီေရးအသင္းထံမွ သိရသည္။
"ကြၽန္ေတာ္တို႔သိရတာကေတာ့ သူတို႔က(၃)ေယာက္ဗ်။ ေရေဆာ့ရင္း ကေလးတစ္ေယာက္ကေရနစ္ေတာ့ က်န္တဲ့(၂)ေယာက္ကလိုက္ဆယ္တယ္တဲ့။ လိုက္ဆယ္တာလဲမရေတာ့တာေပါ့"ဟု ေပးေသာလက္ပရဟိတ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
၎ေခ်ာင္းအတြင္း၌ ေရနစ္ေပ်ာက္ဆုံးေနသူသည္ လားရႈိးၿမိဳ႕၊ ၈ ရပ္ကြက္တြင္ေနထိုင္သည့္ အသက္ (၁၇)ႏွစ္အ႐ြယ္ ေမာင္ၿဖိဳးေဝျဖစ္ေၾကာင္း သိရသည္။
"မေန႔ကတည္းကရွာေနတာပါဗ်။ ဒီေန႔လဲဆက္ရွာေနပါတယ္။ ေခ်ာင္းက ေတာ္ေတာ္က်ယ္တယ္ဗ်။ သီေပါဒုတၳဝတီျမစ္အစေပါ့။ ေကာင္ေလးက ေရစီးနဲ႔ေမ်ာသြားတဲ့သေဘာေပါ့ဗ်ာ"ဟု ၎ကဆက္လက္ေျပာသည္။
လက္ရွိတြင္ ေရနစ္ေပ်ာက္ဆုံးလ်က္ရွိေသာ အမ်ိဳးသားအား လားရႈိးလူငယ္မ်ားပရဟိတလူမႈကူညီေရးအသင္း၊ ေပးေသာလက္ပရဟိတလူမႈကယ္ဆယ္ေရးအသင္းႏွင့္ မီးသတ္တပ္ဖြဲ႕တို႔မွ စုေပါင္းရွာေဖြမႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။