နိုင်ဂျာစစ်အစိုးရက ပြင်သစ်သံအမတ်ကြီးကို နိုင်ငံတွင်းမှနှင်ထုတ်

 738

Pika (NP News) - ဩဂုတ် ၂၆

နိုင်ဂျာစစ်အစိုးရသည် ပြင်သစ်သံအမတ်ကြီး Sylvain Itte ကို နိုင်ငံတွင်းမှ ထွက်ခွါရန်အတွက် အချိန် (၄၈) နာရီပေးခဲ့ကြောင်းသိရသည်။

ပြင်သစ်အစိုးရ၏ လုပ်ဆောင်ချက်များသည် နိုင်ဂျာနိုင်ငံ၏ အကျိုးစီးပွားနှင့်ဆန့်ကျင်ဖက်ဖြစ်နေခြင်းကြောင့် အဆိုပါဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်ကြောင်း နိုင်ဂျာနိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် Abdourahamane Tchiani သည် ဇူလိုင်လ(၂၆)ရက်တွင် ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသော သမ္မတမိုဟာမက်ဘာဇွန်ကို ရာထူးမှဖြုတ်ချကာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် တစ်လအကြာတွင် ပြင်သစ်သံအမတ်ကြီးကို နိုင်ငံတွင်းမှနှင်ထုတ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ နိုင်ဂျာစစ်ခေါင်းဆောင်များ၏ အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် အနောက်အာဖရိကနိုင်ငံများ၏ စီးပွားရေးအသိုက်အဝန်း (ECOWAS) မှ အဖွဲ့ဝင်နိုင်ငံ(၁၁)နိုင်ငံသည် နိုင်ဂျာကို ပိတ်ဆို့အရေးယူမှုများချမှတ်ခဲ့ပြီး စစ်ရေးအရဝင်ရောက်စွက်ဖက်မည်ဟု သတင်းထုတ်ပြန်ခဲ့ကြောင်းသိရသည်။

Guinea နိုင်ငံသည် နိုင်ဂျာအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန်ငြင်းဆိုခဲ့ပြီး မာလီနှင့် ဘာကီနာဖါဆိုနိုင်ငံတို့က နိုင်ဂျာကို စစ်ရေးအရဝင်ရောက်စွက်ဖက်မှုများသည် ၎င်းတို့ကို စစ်ကြေညာခြင်းအဖြစ် ရှုမြင်မည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။ ထို့ပြင် ECOWAS ၏ စစ်ရေးအရဝင်ရောက်စွက်ဖက်မှုများရှိလာမည်ဆိုပါက ကာကွယ်ရေးနှင့်လုံခြုံရေးပိုင်းတွင် ပူးပေါင်းဆောင်ရွက်ပေးကြရန် မာလီနှင့်ဘာကီနာဖါဆိုတို့ကို နိုင်ဂျာစစ်အစိုးရက တိုက်တွန်းခဲ့ကြောင်းသိရသည်။

မာလီနှင့်ဘာကီနာဖါဆို နိုင်ငံခြားရေးဝန်ကြီးဌာနများက "စစ်ရေးအရဝင်ရောက်စွက်ဖက်မှုတွေရှိခဲ့ပါက ကာကွယ်ရေးနဲ့ လုံခြုံရေးပိုင်းတွေမှာ အပြန်အလှန်ကူညီပေးကြဖို့ သုံးနိုင်ငံလုံးက သဘောတူညီခဲ့ပါတယ်"ဟု ထုတ်ပြန်ထားသည်။

မာလီနိုင်ငံခြားရေးဝန်ကြီး Abdoulaye Diop နှင့် ဘာကီနာဖါဆိုနိုင်ငံခြားရေးဝန်ကြီး Olivia Rouamba တို့သည် ECOWAS နှင့်အနောက်အာဖရိက စီးပွားရေးနှင့် ငွေကြေးသမဂ္ဂ (UEMOA) တို့၏ နိုင်ဂျာအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်းသိရသည်။ ECOWAS သည် နိုင်ဂျာနိုင်ငံထံ သံတမန်မစ်ရှင်များပေးပို့ခဲ့ပြီး စစ်ရေးအရဝင်ရောက်စွက်ဖက်မှုများနှင့်ပတ်သက်ပြီး နောက်ဆုံးအစီအစဉ်များကို အကြိမ်ကြိမ် ကြေညာခဲ့ကြောင်းသိရသည်။ ယခုသီတင်းပတ်အစောပိုင်းတွင် နိုင်ဂျာစစ်အာဏာသိမ်းခေါင်းဆောင် Tchiani သည် သုံးနှစ်ထက်မပိုသော အရပ်သားအုပ်ချုပ်မှုသို့ ပြန် လည်ရောက်ရှိရန် အဆိုပြုချက်ကို ဖော်ပြခဲ့ပြီး နိုင်ဂျာ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ကြရန် ၎င်း၏အိမ်နီးချင်းနိုင်ငံများနှင့် ပြင်သစ်နိုင်ငံတို့ကို သတိပေးခဲ့ကြောင်းသိရသည်။

zawgyi version
ႏိုင္ဂ်ာစစ္အစိုးရက ျပင္သစ္သံအမတ္ႀကီးကို ႏိုင္ငံတြင္းမွႏွင္ထုတ္
Pika (NP News) - ဩဂုတ္ ၂၆

ႏိုင္ဂ်ာစစ္အစိုးရသည္ ျပင္သစ္သံအမတ္ႀကီး Sylvain Itte ကို ႏိုင္ငံတြင္းမွ ထြက္ခြါရန္အတြက္ အခ်ိန္ (၄၈) နာရီေပးခဲ့ေၾကာင္းသိရသည္။

ျပင္သစ္အစိုးရ၏ လုပ္ေဆာင္ခ်က္မ်ားသည္ ႏိုင္ဂ်ာႏိုင္ငံ၏ အက်ိဳးစီးပြားႏွင့္ဆန႔္က်င္ဖက္ျဖစ္ေနျခင္းေၾကာင့္ အဆိုပါဆုံးျဖတ္ခ်က္ကို ခ်ခဲ့ျခင္းျဖစ္ေၾကာင္း ႏိုင္ဂ်ာႏိုင္ငံျခားေရးဝန္ႀကီးဌာနကေျပာၾကားခဲ့သည္။

အာဏာသိမ္းစစ္ေခါင္းေဆာင္ Abdourahamane Tchiani သည္ ဇူလိုင္လ(၂၆)ရက္တြင္ ဒီမိုကေရစီနည္းက်ေ႐ြးေကာက္တင္ေျမႇာက္ထားေသာ သမၼတမိုဟာမက္ဘာဇြန္ကို ရာထူးမွျဖဳတ္ခ်ကာ ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီးေနာက္ တစ္လအၾကာတြင္ ျပင္သစ္သံအမတ္ႀကီးကို ႏိုင္ငံတြင္းမွႏွင္ထုတ္ခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။ ႏိုင္ဂ်ာစစ္ေခါင္းေဆာင္မ်ား၏ အာဏာသိမ္းမႈကို တုံ႔ျပန္သည့္အေနျဖင့္ အေနာက္အာဖရိကႏိုင္ငံမ်ား၏ စီးပြားေရးအသိုက္အဝန္း (ECOWAS) မွ အဖြဲ႕ဝင္ႏိုင္ငံ(၁၁)ႏိုင္ငံသည္ ႏိုင္ဂ်ာကို ပိတ္ဆို႔အေရးယူမႈမ်ားခ်မွတ္ခဲ့ၿပီး စစ္ေရးအရဝင္ေရာက္စြက္ဖက္မည္ဟု သတင္းထုတ္ျပန္ခဲ့ေၾကာင္းသိရသည္။

Guinea ႏိုင္ငံသည္ ႏိုင္ဂ်ာအေပၚ ပိတ္ဆို႔အေရးယူမႈမ်ား ခ်မွတ္ရန္ျငင္းဆိုခဲ့ၿပီး မာလီႏွင့္ ဘာကီနာဖါဆိုႏိုင္ငံတို႔က ႏိုင္ဂ်ာကို စစ္ေရးအရဝင္ေရာက္စြက္ဖက္မႈမ်ားသည္ ၎တို႔ကို စစ္ေၾကညာျခင္းအျဖစ္ ရႈျမင္မည္ျဖစ္ေၾကာင္းေျပာဆိုခဲ့သည္။ ထို႔ျပင္ ECOWAS ၏ စစ္ေရးအရဝင္ေရာက္စြက္ဖက္မႈမ်ားရွိလာမည္ဆိုပါက ကာကြယ္ေရးႏွင့္လုံၿခဳံေရးပိုင္းတြင္ ပူးေပါင္းေဆာင္႐ြက္ေပးၾကရန္ မာလီႏွင့္ဘာကီနာဖါဆိုတို႔ကို ႏိုင္ဂ်ာစစ္အစိုးရက တိုက္တြန္းခဲ့ေၾကာင္းသိရသည္။

မာလီႏွင့္ဘာကီနာဖါဆို ႏိုင္ငံျခားေရးဝန္ႀကီးဌာနမ်ားက "စစ္ေရးအရဝင္ေရာက္စြက္ဖက္မႈေတြရွိခဲ့ပါက ကာကြယ္ေရးနဲ႔ လုံၿခဳံေရးပိုင္းေတြမွာ အျပန္အလွန္ကူညီေပးၾကဖို႔ သုံးႏိုင္ငံလုံးက သေဘာတူညီခဲ့ပါတယ္"ဟု ထုတ္ျပန္ထားသည္။

မာလီႏိုင္ငံျခားေရးဝန္ႀကီး Abdoulaye Diop ႏွင့္ ဘာကီနာဖါဆိုႏိုင္ငံျခားေရးဝန္ႀကီး Olivia Rouamba တို႔သည္ ECOWAS ႏွင့္အေနာက္အာဖရိက စီးပြားေရးႏွင့္ ေငြေၾကးသမဂၢ (UEMOA) တို႔၏ ႏိုင္ဂ်ာအေပၚ ခ်မွတ္ထားေသာ ပိတ္ဆို႔အေရးယူမႈမ်ားကို ျပစ္တင္ရႈတ္ခ်ခဲ့ေၾကာင္းလည္းသိရသည္။ ECOWAS သည္ ႏိုင္ဂ်ာႏိုင္ငံထံ သံတမန္မစ္ရွင္မ်ားေပးပို႔ခဲ့ၿပီး စစ္ေရးအရဝင္ေရာက္စြက္ဖက္မႈမ်ားႏွင့္ပတ္သက္ၿပီး ေနာက္ဆုံးအစီအစဥ္မ်ားကို အႀကိမ္ႀကိမ္ ေၾကညာခဲ့ေၾကာင္းသိရသည္။ ယခုသီတင္းပတ္အေစာပိုင္းတြင္ ႏိုင္ဂ်ာစစ္အာဏာသိမ္းေခါင္းေဆာင္ Tchiani သည္ သုံးႏွစ္ထက္မပိုေသာ အရပ္သားအုပ္ခ်ဳပ္မႈသို႔ ျပန္ လည္ေရာက္ရွိရန္ အဆိုျပဳခ်က္ကို ေဖာ္ျပခဲ့ၿပီး ႏိုင္ဂ်ာ၏ ျပည္တြင္းေရးကို ဝင္ေရာက္မစြက္ဖက္ၾကရန္ ၎၏အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ျပင္သစ္ႏိုင္ငံတို႔ကို သတိေပးခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.