ဂျပန်နိုင်ငံ၏ ကာကွယ်ရေးအတွက် အမေရိကန်နိုင်ငံ၏ နျူကလီးယားလက်နက်များကို လိုအပ်ကြောင်း ဂျပန်ဗိုလ်ချုပ်ကြီးပြော
1590
Pika (NP News) - ဩဂုတ် ၂၉
ဂျပန်နိုင်ငံသည် ၎င်း၏ကိုယ်ပိုင်လုံခြုံရေးကို မြှင်တင်လိုပါက ပြည်တွင်းလက်နက်ကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဂျပန်ထိပ်တန်းဗိုလ်ချုပ်ကြီး ယိုရှီဟီဒဲယိုရှိဒါက ပြောကြားခဲ့သည်။
ထို့ပြင် ဂျပန်နိုင်ငံသည် ဒေသတွင်းပြိုင်ဖက်များ၏ ခြိမ်းခြောက်မှုများကို ဟန့်တားရန်အတွက် အမေရိကန်၏ နျူကလီးယားလက်နက်များကို အားကိုးနေရကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။ ယိုရှီဟီဒဲယိုရှီဒါသည် ဂျပန်နိုင်ငံ၏ ကာကွယ်ရေးလိုအပ်ချက်များကို ပြောဆိုခဲ့ပြီး ဂျပန်နှင့်အမေရိကန်နိုင်ငံတို့၏ နီးကပ်သော စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ထောက်ပြပြောဆိုခဲ့ကြောင်းသိရသည်။
၎င်းက"ကျွန်တော်တို့ရဲ့ လက်ရှိစွမ်းဆောင်နိုင်မှုတွေနဲ့ ဂျပန်နိုင်ငံရဲ့လုံခြုံရေးကို ထိန်းသိမ်းဖို့က မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစွမ်းရည်ကို ပိုမိုအားကောင်းလာအောင် လုပ်ဖို့လိုအပ်ပါတယ်။ ပြီးတော့ အမေရိကန်ရဲ့ နျူကလီးယားလက်နက်တွေ၊ မဟာဗျူဟာမြောက်နည်းဗျူဟာတွေ အပါအဝင် ဟန့်တားနိုင်စွမ်းတွေကို ဆက်ထိန်းထားဖို့လိုအပ်ပါတယ်၊"ဟု ပြောဆိုခဲ့သည်။
ဂျပန်နိုင်ငံတွင် အမေရိကန်၏ နျူကလီးယားလက်နက်များဖြန့်ကျက်ချထားစေရန်အတွက် အမေရိကန်နိုင်ငံနှင့် ဆယ်စုနှစ်ကျော်ကြာ ဆွေးနွေးခဲ့ပြီး ပြီးခဲ့သည့်ဇွန်လတွင် သတင်းအချက်အလက်မျှဝေခြင်း၊ပူးတွဲလေ့ကျင့်မှုများ၊ ဒုံးကျည်များဖြင့် ခြိမ်းခြောက်မှုများကို ပူးတွဲတုံ့ပြန်ခြင်းတို့အတွက် သဘောတူညီချက်တစ်ခုရရှိခဲ့ကြောင်း ယိုရှီဟီဒဲယိုရှီဒါက ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသည် သမိုင်းတစ်လျှောက် အဏုမြူလက်နက်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရသည့် တစ်ခုတည်းသော နိုင်ငံလည်းဖြစ်သည်။ ၁၉၄၅ ခုနှစ် ဩဂုတ်လ(၆)ရက်တွင် အမေရိကန်လေတပ်မှ ဗုံးကြဲ လေယာဉ်တစ်စင်းသည် ဟီရိုရှီးမားမြို့ကို နျူကလီးယားဗုံးတစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ခြင်းကြောင့် လူပေါင်း(၁၂၆၀၀၀)သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်းသိရသည်။ ဩဂုတ်လ(၉)ရက်တွင် နာဂါစကီမြို့ကို နောက်ထပ်နျူကလီးယားဗုံးတစ်လုံးပစ်ချတိုက်ခိုက်ခံခဲ့ရပြီး လူပေါင်း(၈)သောင်းကျော်သေဆုံးခဲ့သည်။
ဂျပန်နိုင်ငံသည် ၎င်း၏မိတ်ဖက်နိုင်ငံများနှင့်အတူ မြောက်ကိုရီးယားနှင့်တရုတ်တို့၏ ရန်စမှုများကို သတိပေးကာ တရားဥပဒေစိုးမိုးရေးအပေါ် အခြေခံသည့် နိုင်ငံတကာအမိန့်များကို ဆက်လက်ထိန်းသိမ်းရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယိုရှီဟီဒဲယိုရှီဒါက ပြောကြားခဲ့သည်။ ထို့ပြင် ဂျပန်နိုင်ငံ ကြုံတွေ့နေရသော ခြိမ်းခြောက်မှုများကြောင့် ပြည်သူလူထုသည် စစ်အသုံးစရိတ်တိုးမြှင့်ခြင်းနှင့် ပိုမိုကောင်း မွန်သော တန်ပြန်တိုက်ခိုက်နိုင်စွမ်းများကို မြှင့်တင်ရန် ထောက်ခံနေကြောင်း ၎င်းကမှတ်ချက်ပြုပြောဆိုခဲ့သည်။
zawgyi version
ဂ်ပန္ႏိုင္ငံ၏ ကာကြယ္ေရးအတြက္ အေမရိကန္ႏိုင္ငံ၏ န်ဴကလီးယားလက္နက္မ်ားကို လိုအပ္ေၾကာင္း ဂ်ပန္ဗိုလ္ခ်ဳပ္ႀကီးေျပာ
Pika (NP News) - ဩဂုတ္ ၂၉
ဂ်ပန္ႏိုင္ငံသည္ ၎၏ကိုယ္ပိုင္လုံၿခဳံေရးကို ျမႇင္တင္လိုပါက ျပည္တြင္းလက္နက္က႑ကို ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေအာင္လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း ဂ်ပန္ထိပ္တန္းဗိုလ္ခ်ဳပ္ႀကီး ယိုရွီဟီဒဲယိုရွိဒါက ေျပာၾကားခဲ့သည္။
ထို႔ျပင္ ဂ်ပန္ႏိုင္ငံသည္ ေဒသတြင္းၿပိဳင္ဖက္မ်ား၏ ၿခိမ္းေျခာက္မႈမ်ားကို ဟန႔္တားရန္အတြက္ အေမရိကန္၏ န်ဴကလီးယားလက္နက္မ်ားကို အားကိုးေနရေၾကာင္း ၎ကထပ္မံေျပာၾကားခဲ့သည္။ ယိုရွီဟီဒဲယိုရွီဒါသည္ ဂ်ပန္ႏိုင္ငံ၏ ကာကြယ္ေရးလိုအပ္ခ်က္မ်ားကို ေျပာဆိုခဲ့ၿပီး ဂ်ပန္ႏွင့္အေမရိကန္ႏိုင္ငံတို႔၏ နီးကပ္ေသာ စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈကို ေထာက္ျပေျပာဆိုခဲ့ေၾကာင္းသိရသည္။
၎က"ကြၽန္ေတာ္တို႔ရဲ႕ လက္ရွိစြမ္းေဆာင္ႏိုင္မႈေတြနဲ႔ ဂ်ပန္ႏိုင္ငံရဲ႕လုံၿခဳံေရးကို ထိန္းသိမ္းဖို႔က မျဖစ္ႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ ကာကြယ္ေရးစြမ္းရည္ကို ပိုမိုအားေကာင္းလာေအာင္ လုပ္ဖို႔လိုအပ္ပါတယ္။ ၿပီးေတာ့ အေမရိကန္ရဲ႕ န်ဴကလီးယားလက္နက္ေတြ၊ မဟာဗ်ဴဟာေျမာက္နည္းဗ်ဴဟာေတြ အပါအဝင္ ဟန႔္တားႏိုင္စြမ္းေတြကို ဆက္ထိန္းထားဖို႔လိုအပ္ပါတယ္၊"ဟု ေျပာဆိုခဲ့သည္။
ဂ်ပန္ႏိုင္ငံတြင္ အေမရိကန္၏ န်ဴကလီးယားလက္နက္မ်ားျဖန႔္က်က္ခ်ထားေစရန္အတြက္ အေမရိကန္ႏိုင္ငံႏွင့္ ဆယ္စုႏွစ္ေက်ာ္ၾကာ ေဆြးေႏြးခဲ့ၿပီး ၿပီးခဲ့သည့္ဇြန္လတြင္ သတင္းအခ်က္အလက္မွ်ေဝျခင္း၊ပူးတြဲေလ့က်င့္မႈမ်ား၊ ဒုံးက်ည္မ်ားျဖင့္ ၿခိမ္းေျခာက္မႈမ်ားကို ပူးတြဲတုံ႔ျပန္ျခင္းတို႔အတြက္ သေဘာတူညီခ်က္တစ္ခုရရွိခဲ့ေၾကာင္း ယိုရွီဟီဒဲယိုရွီဒါက ေျပာၾကားခဲ့သည္။
ဂ်ပန္ႏိုင္ငံသည္ သမိုင္းတစ္ေလွ်ာက္ အဏုျမဴလက္နက္မ်ားျဖင့္ ပစ္မွတ္ထားတိုက္ခိုက္ခံခဲ့ရသည့္ တစ္ခုတည္းေသာ ႏိုင္ငံလည္းျဖစ္သည္။ ၁၉၄၅ ခုႏွစ္ ဩဂုတ္လ(၆)ရက္တြင္ အေမရိကန္ေလတပ္မွ ဗုံးႀကဲ ေလယာဥ္တစ္စင္းသည္ ဟီ႐ိုရွီးမားၿမိဳ႕ကို န်ဴကလီးယားဗုံးတစ္လုံး ပစ္ခ်တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ လူေပါင္း(၁၂၆၀၀၀)ေသဆုံးခဲ့ၿပီး အမ်ားစုမွာ အရပ္သားမ်ားျဖစ္ေၾကာင္းသိရသည္။ ဩဂုတ္လ(၉)ရက္တြင္ နာဂါစကီၿမိဳ႕ကို ေနာက္ထပ္န်ဴကလီးယားဗုံးတစ္လုံးပစ္ခ်တိုက္ခိုက္ခံခဲ့ရၿပီး လူေပါင္း(၈)ေသာင္းေက်ာ္ေသဆုံးခဲ့သည္။
ဂ်ပန္ႏိုင္ငံသည္ ၎၏မိတ္ဖက္ႏိုင္ငံမ်ားႏွင့္အတူ ေျမာက္ကိုရီးယားႏွင့္တ႐ုတ္တို႔၏ ရန္စမႈမ်ားကို သတိေပးကာ တရားဥပေဒစိုးမိုးေရးအေပၚ အေျခခံသည့္ ႏိုင္ငံတကာအမိန႔္မ်ားကို ဆက္လက္ထိန္းသိမ္းရန္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ယိုရွီဟီဒဲယိုရွီဒါက ေျပာၾကားခဲ့သည္။ ထို႔ျပင္ ဂ်ပန္ႏိုင္ငံ ႀကဳံေတြ႕ေနရေသာ ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ ျပည္သူလူထုသည္ စစ္အသုံးစရိတ္တိုးျမႇင့္ျခင္းႏွင့္ ပိုမိုေကာင္း မြန္ေသာ တန္ျပန္တိုက္ခိုက္ႏိုင္စြမ္းမ်ားကို ျမႇင့္တင္ရန္ ေထာက္ခံေနေၾကာင္း ၎ကမွတ္ခ်က္ျပဳေျပာဆိုခဲ့သည္။