အိန္ဒိယနိုင်ငံသား အများစုက ရုရှားသမ္မတပူတင်ကိုအားပေးထောက်ခံကြောင်း အမေရိကန်အခြေစိုက် သုတေသီအဖွဲ့ပြော

 689

ဂျန်ဇက် (NP News) - ဩဂုတ် ၃၁

အိန္ဒိယနိုင်ငံသား အများစုဟာ ရုရှား သမ္မတပူတင်ကို အားပေးထောက်ခံမှုတွေရှိနေကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ အမေရိကန်အခြေစိုက် Pew Research Center ရဲ့စစ်တမ်းမှာဖော်ပြထားပါတယ်။

အဆိုပါအဖွဲ့က ပြုလုပ်ခဲ့တဲ့စစ်တမ်းထဲမှာ အိန္ဒိယနိုင်ငံသား ၅၉ ရာခိုင်နှုန်းဟာ ကမ္ဘာ့ရေးရာကိစ္စတွေနဲ့ပတ်သက်ပြီး ရုရှားသမ္မတပူတင်ဆောင်ရွက်မှုများကို ယုံကြည်မှုရှိကြောင်း ဖြေဆိုထားပါတယ်။ အိန္ဒိယနိုင်ငံသား ၅၇ ရာခိုင်နှုန်းက ရုရှားနိုင်ငံအပေါ် အပေါင်းလက္ခဏဆောင်တဲ့အမြင်မျိုးရှိနေပြီး အိန္ဒိယနိုင်ငံသား ၄၀ ရာခိုင်နှုန်းက ရုရှားဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကမ္ဘာနိုင်ငံတွေကို သြဇာလွမ်းမိုးမှု တိုးလာကြောင်း ယုံကြည်နေပါတယ်။ စစ်တမ်းဖြေဆိုသူ အိန္ဒိယနိုင်ငံသား ၇၁ ရာခိုင်နှုန်းက ရုရှားနိုင်ငံရဲ့ရေနံ နဲ့ ဓါတ်ငွေ့တွေရယူနိုင်မှုတွေကို ထိန်းသိမ်းထားရမယ့်အချက်ဟာ အလွန်အရေကြီးတယ်လို့ ဖြေဆိုခဲ့ပါတယ်။

အဆိုပါ အဖွဲ့ဟာ နိုင်ငံပေါင်း ၂၄ နိုင်ငံမှာနေထိုင်နေတဲ့ အိန္ဒိယနိုင်ငံသားပေါင်း ၃၀၀၀၀ ကျော်ကို ဖေဖော်ဝါရီလကနေ မေလအတွင်း စစ်တမ်းကောက်ယူခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားအထီးကျန်နိုင်ငံဖြစ်အောင်လုပ်ဆောင်ဖို့ဖိအားပေးခဲ့သလို အိန္ဒိယကိုလည်း ရုရှားနဲ့ အဆက်အဆံမလုပ်ဖို့တောင်းဆိုခဲ့ဖူးကြောင်းသိရပါတယ်။ ဒါပေမယ့် အိန္ဒိယဟာ အနောက်အုပ်စုတွေရဲ့ဖိအားကို ဆန့်ကျင်ပြီး ရုရှားနဲ့ ဆက် ဆံရေးကိုတိုးမြှင့်ဆောင်ရွက်ခဲ့ကာ ရုရှားနိုင်ငံထံကနေ ရေနံ နဲ့ ဓါတ်ငွေ့ တင်သွင်းမှုတွေကို ပိုမိုလုပ် ဆောင်လာခဲ့ကြောင်းသိရပါတယ်။

အိန္ဒိယနိုင်ငံသား ၆၈ ရာခိုင်နှုန်းက အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကမ္ဘာ့ရေးရာကိစ္စတွေမှာ သြဇာလွှမ်းမိုးမှုတွေ ပိုမိုမြင့်တက်လာခဲ့ကြောင်းသိရပါတယ်။

zawgyi version
အိႏၵိယႏိုင္ငံသား အမ်ားစုက ႐ုရွားသမၼတပူတင္ကိုအားေပးေထာက္ခံေၾကာင္း အေမရိကန္အေျခစိုက္ သုေတသီအဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၃၁

အိႏၵိယႏိုင္ငံသား အမ်ားစုဟာ ႐ုရွား သမၼတပူတင္ကို အားေပးေထာက္ခံမႈေတြရွိေနေၾကာင္း မၾကာေသးမီက ထုတ္ျပန္ခဲ့တဲ့ အေမရိကန္အေျခစိုက္ Pew Research Center ရဲ႕စစ္တမ္းမွာေဖာ္ျပထားပါတယ္။

အဆိုပါအဖြဲ႕က ျပဳလုပ္ခဲ့တဲ့စစ္တမ္းထဲမွာ အိႏၵိယႏိုင္ငံသား ၅၉ ရာခိုင္ႏႈန္းဟာ ကမာၻ႔ေရးရာကိစၥေတြနဲ႔ပတ္သက္ၿပီး ႐ုရွားသမၼတပူတင္ေဆာင္႐ြက္မႈမ်ားကို ယုံၾကည္မႈရွိေၾကာင္း ေျဖဆိုထားပါတယ္။ အိႏၵိယႏိုင္ငံသား ၅၇ ရာခိုင္ႏႈန္းက ႐ုရွားႏိုင္ငံအေပၚ အေပါင္းလကၡဏေဆာင္တဲ့အျမင္မ်ိဳးရွိေနၿပီး အိႏၵိယႏိုင္ငံသား ၄၀ ရာခိုင္ႏႈန္းက ႐ုရွားဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းမွာ ကမာၻႏိုင္ငံေတြကို ၾသဇာလြမ္းမိုးမႈ တိုးလာေၾကာင္း ယုံၾကည္ေနပါတယ္။ စစ္တမ္းေျဖဆိုသူ အိႏၵိယႏိုင္ငံသား ၇၁ ရာခိုင္ႏႈန္းက ႐ုရွားႏိုင္ငံရဲ႕ေရနံ နဲ႔ ဓါတ္ေငြ႕ေတြရယူႏိုင္မႈေတြကို ထိန္းသိမ္းထားရမယ့္အခ်က္ဟာ အလြန္အေရႀကီးတယ္လို႔ ေျဖဆိုခဲ့ပါတယ္။

အဆိုပါ အဖြဲ႕ဟာ ႏိုင္ငံေပါင္း ၂၄ ႏိုင္ငံမွာေနထိုင္ေနတဲ့ အိႏၵိယႏိုင္ငံသားေပါင္း ၃၀၀၀၀ ေက်ာ္ကို ေဖေဖာ္ဝါရီလကေန ေမလအတြင္း စစ္တမ္းေကာက္ယူခဲ့ၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။အေမရိကန္အပါအဝင္ အေနာက္အုပ္စုႏိုင္ငံေတြဟာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားအထီးက်န္ႏိုင္ငံျဖစ္ေအာင္လုပ္ေဆာင္ဖို႔ဖိအားေပးခဲ့သလို အိႏၵိယကိုလည္း ႐ုရွားနဲ႔ အဆက္အဆံမလုပ္ဖို႔ေတာင္းဆိုခဲ့ဖူးေၾကာင္းသိရပါတယ္။ ဒါေပမယ့္ အိႏၵိယဟာ အေနာက္အုပ္စုေတြရဲ႕ဖိအားကို ဆန႔္က်င္ၿပီး ႐ုရွားနဲ႔ ဆက္ ဆံေရးကိုတိုးျမႇင့္ေဆာင္႐ြက္ခဲ့ကာ ႐ုရွားႏိုင္ငံထံကေန ေရနံ နဲ႔ ဓါတ္ေငြ႕ တင္သြင္းမႈေတြကို ပိုမိုလုပ္ ေဆာင္လာခဲ့ေၾကာင္းသိရပါတယ္။

အိႏၵိယႏိုင္ငံသား ၆၈ ရာခိုင္ႏႈန္းက အိႏၵိယႏိုင္ငံဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းမွာ ကမာၻ႔ေရးရာကိစၥေတြမွာ ၾသဇာလႊမ္းမိုးမႈေတြ ပိုမိုျမင့္တက္လာခဲ့ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.