ခြိမ်းခြောက်မှုအသစ်များကို ရင်ဆိုင်ရန်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်သွားမည်ဟု နယ်သာလန်အစိုးရ ပြော

 291

Pika (NP News) - စက်တင်ဘာ ၁ဝ

လုံခြုံရေးခြိမ်းခြောက်မှုအသစ်များနှင့် ရင်ဆိုင် နေရချိန်တွင် တပ်ဖွဲ့များကို ပိုမိုအားကောင်းလာ စေရန်အတွက် လာမည့်နှစ်တွင် ကာကွယ်ရေး အသုံးစရိတ်ကို (၁၀)ရာခိုင်နှုန်းကျော် တိုးမြှင့်သွားမည်ဖြစ်ကြောင်း နယ်သာလန်အစိုးရက ပြောကြားခဲ့သည်။အဆိုပါကာကွယ်ရေးအသုံးစရိတ်ကို တင့်ကားအသစ်များ၊ တိုက်လေယာဉ်များ၊ ဖရီးဂိတ်သင်္ဘောများနှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များတွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ် ကြောင်း နယ်သာလန်အစိုးရက ပြောကြားခဲ့သည်။

ကာကွယ်ရေးအသုံးစရိတ်ကို နောက်ထပ် ယူရို(၂ ဒသမ ၄)ဘီလျံတိုးမြှင့်ကာ စုစုပေါင်းယူရို(၂၄)ဘီလျံထိ သုံးစွဲသွားမည်ဖြစ်ကြောင်းလည်း နယ်သာ လန်အစိုးရကပြောကြားခဲ့သည်။ ကာကွယ်ရေးဝန်ကြီး Ruben Brekelmans က "ခြိမ်းခြောက်မှု အသစ်တွေကို တုံ့ပြန်ဖို့အတွက် အစီ အစဉ်တွေ လုပ်ဆောင်သွားမှာပါ။ ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုက နေတိုးအဖွဲ့ဝင်တွေအပေါ် တိုက်ခိုက်လာနိုင်တယ်ဆိုတာကို လည်း ပြသနေတာပဲဖြစ်ပါတယ်"ဟုပြောဆိုခဲ့သည်။

ထို့ပြင် တရုတ်၊ အီရန်၊ အကြမ်း ဖက်အဖွဲ့များနှင့် ဆိုက်ဘာတိုက် ခိုက်မှုများသည် နယ်သာလန်နိုင်ငံ၏အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက် လာနိုင်ကြောင်းလည်း Ruben Brekelmans ကပြောကြားခဲ့သည်။ ၎င်းက "ကျွန် တော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နေပေမယ့် အဲဒါက ကြာရှည်ခံတော့မယ့် ကိစ္စမဟုတ်တော့ပါဘူး။ ကျွန်တော်တို့ နေ့တိုင်းတိုက်ခိုက်မှုတွေကို ခံနေရတာပါ။ ကျွန်တော်တို့ရဲ့ ဒီဂျစ်တယ်စနစ်တွေ၊ တက္ကသိုလ်တွေ၊ ကုမ္ပဏီတွေ၊ ဆိပ်ကမ်းတွေ၊ လျှပ်စစ်ဓာတ်အားလိုင်းတွေက နေ့တိုင်းတိုက်ခိုက်ခံနေရပြီး အဲဒီလိုတိုက်ခိုက်မှုအရေအတွက်ကလည်း တိုးပွားလာနေပါတယ်"ဟု ပြောဆိုခဲ့သည်။

တိုးမြှင့်မည့်ကာကွယ်ရေးအသုံးစရိတ်အသစ်သည် နယ်သာလန်စစ် တပ်ကို ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တင့်ကားများ ထောက်ပံ့ပေးမည်ဖြစ်ပြီး F-35 တိုက်လေယာဉ်များ၊ ဖရီးဂိတ်သင်္ဘောများ၊ ရဟတ်ယာဉ်များ၊ ဒရုန်းများ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် ခဲယမ်းမီးကျည်များဝယ်ယူရန်အတွက်လည်း အသုံးပြုသွားမည်ဖြစ် ကြောင်း နယ်သာလန်အစိုးရကပြောကြားခဲ့သည်။

zawgyi version
ၿခိမ္းေျခာက္မႈအသစ္မ်ားကို ရင္ဆိုင္ရန္အတြက္ ကာကြယ္ေရး အသုံးစရိတ္ကို တိုးျမႇင့္သြားမည္ဟု နယ္သာလန္အစိုးရ ေျပာ
Pika (NP News) - စက္တင္ဘာ ၁ဝ

လုံၿခဳံေရးၿခိမ္းေျခာက္မႈအသစ္မ်ားႏွင့္ ရင္ဆိုင္ ေနရခ်ိန္တြင္ တပ္ဖြဲ႕မ်ားကို ပိုမိုအားေကာင္းလာ ေစရန္အတြက္ လာမည့္ႏွစ္တြင္ ကာကြယ္ေရး အသုံးစရိတ္ကို (၁၀)ရာခိုင္ႏႈန္းေက်ာ္ တိုးျမႇင့္သြားမည္ျဖစ္ေၾကာင္း နယ္သာလန္အစိုးရက ေျပာၾကားခဲ့သည္။အဆိုပါကာကြယ္ေရးအသုံးစရိတ္ကို တင့္ကားအသစ္မ်ား၊ တိုက္ေလယာဥ္မ်ား၊ ဖရီးဂိတ္သေဘၤာမ်ားႏွင့္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံသြားမည္ျဖစ္ ေၾကာင္း နယ္သာလန္အစိုးရက ေျပာၾကားခဲ့သည္။

ကာကြယ္ေရးအသုံးစရိတ္ကို ေနာက္ထပ္ ယူ႐ို(၂ ဒသမ ၄)ဘီလ်ံတိုးျမႇင့္ကာ စုစုေပါင္းယူ႐ို(၂၄)ဘီလ်ံထိ သုံးစြဲသြားမည္ျဖစ္ေၾကာင္းလည္း နယ္သာ လန္အစိုးရကေျပာၾကားခဲ့သည္။ ကာကြယ္ေရးဝန္ႀကီး Ruben Brekelmans က "ၿခိမ္းေျခာက္မႈ အသစ္ေတြကို တုံ႔ျပန္ဖို႔အတြက္ အစီ အစဥ္ေတြ လုပ္ေဆာင္သြားမွာပါ။ ယူကရိန္းအေပၚ ႐ုရွားရဲ႕က်ဴးေက်ာ္တိုက္ခိုက္မႈက ေနတိုးအဖြဲ႕ဝင္ေတြအေပၚ တိုက္ခိုက္လာႏိုင္တယ္ဆိုတာကို လည္း ျပသေနတာပဲျဖစ္ပါတယ္"ဟုေျပာဆိုခဲ့သည္။

ထို႔ျပင္ တ႐ုတ္၊ အီရန္၊ အၾကမ္း ဖက္အဖြဲ႕မ်ားႏွင့္ ဆိုက္ဘာတိုက္ ခိုက္မႈမ်ားသည္ နယ္သာလန္ႏိုင္ငံ၏အမ်ိဳးသားလုံၿခဳံေရးကို ၿခိမ္းေျခာက္ လာႏိုင္ေၾကာင္းလည္း Ruben Brekelmans ကေျပာၾကားခဲ့သည္။ ၎က "ကြၽန္ ေတာ္တို႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနထိုင္ေနေပမယ့္ အဲဒါက ၾကာရွည္ခံေတာ့မယ့္ ကိစၥမဟုတ္ေတာ့ပါဘူး။ ကြၽန္ေတာ္တို႔ ေန႔တိုင္းတိုက္ခိုက္မႈေတြကို ခံေနရတာပါ။ ကြၽန္ေတာ္တို႔ရဲ႕ ဒီဂ်စ္တယ္စနစ္ေတြ၊ တကၠသိုလ္ေတြ၊ ကုမၸဏီေတြ၊ ဆိပ္ကမ္းေတြ၊ လွ်ပ္စစ္ဓာတ္အားလိုင္းေတြက ေန႔တိုင္းတိုက္ခိုက္ခံေနရၿပီး အဲဒီလိုတိုက္ခိုက္မႈအေရအတြက္ကလည္း တိုးပြားလာေနပါတယ္"ဟု ေျပာဆိုခဲ့သည္။

တိုးျမႇင့္မည့္ကာကြယ္ေရးအသုံးစရိတ္အသစ္သည္ နယ္သာလန္စစ္ တပ္ကို ဆယ္စုႏွစ္တစ္ခုေက်ာ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ တင့္ကားမ်ား ေထာက္ပံ့ေပးမည္ျဖစ္ၿပီး F-35 တိုက္ေလယာဥ္မ်ား၊ ဖရီးဂိတ္သေဘၤာမ်ား၊ ရဟတ္ယာဥ္မ်ား၊ ဒ႐ုန္းမ်ား၊ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားႏွင့္ ခဲယမ္းမီးက်ည္မ်ားဝယ္ယူရန္အတြက္လည္း အသုံးျပဳသြားမည္ျဖစ္ ေၾကာင္း နယ္သာလန္အစိုးရကေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.