2024 AFC U23 Asian Cup ခြေစစ်ပွဲတွင် မြန်မာအသင်း နှင့် ကာဂျစ္စတန်အသင်းတို့ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျ

704
သန့်ဇင်(NP News) - စက်တင်ဘာ ၆
တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် 2024 AFC U23 Asian Cup အုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာအသင်း နှင့် ကာဂျစ္စတန်အသင်းတို့ တစ်ဖက်တစ်ဂိုးစီဖြင့်သရေရမှတ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲစဉ်ကို ယနေ့ (စက်တင်ဘာလ ၆ ရက်)၊ နေ့လည် ၁နာရီခွဲအချိန်တွင် စတင်ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် U 23 အသင်းမှ ပထမပိုင်း ၂၃ မိနစ်တွင် ကောင်းထက်ပိုင်သွင်းဂိုးဖြင့် အဖွင့်ဂိုးရရှိခဲ့ပြီး ဒုတိယပိုင်းပွဲစဉ်တွင် ကာဂျစ္စတန်အသင်းမှ ခြေပဂိုးပြန်လည်ရရှိခဲ့ခြင်းကြောင့် တစ်ဖက်တစ်ဂိုးစီဖြင့် သရေရမှတ် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်၊
မြန်မာ့လက်ရွေးစင် U 23 အသင်းအနေဖြင့် အုပ်စု(ခ)တွင် တောင်ကိုရီးယား၊ ကာတာ၊ ကာဂျစ္စတန်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး အုပ်စုအဖွင့်ပွဲစဉ်တွင် ကာဂျစ္စတန်အသင်းအား သရေကျထားခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် U 23 အသင်းသည် လာမည့် စက်တင်ဘာလ ၉ရက်တွင် ကာတာအသင်း၊ စက်တင်ဘာလ ၁၂ရက်တွင် အိမ်ရှင်တောင်ကိုရီးယားအသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ကစားသွားရန်ရှိသည်။

zawgyi version
2024 AFC U23 Asian Cup ေျခစစ္ပြဲတြင္ ျမန္မာအသင္း ႏွင့္ ကာဂ်စၥတန္အသင္းတို႔ တစ္ဖက္တစ္ဂိုးစီျဖင့္ သေရက်
သန႔္ဇင္(NP News) - စက္တင္ဘာ ၆
ေတာင္ကိုရီးယားႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပလ်က္ရွိသည့္ 2024 AFC U23 Asian Cup အုပ္စုအဖြင့္ပြဲစဥ္တြင္ ျမန္မာအသင္း ႏွင့္ ကာဂ်စၥတန္အသင္းတို႔ တစ္ဖက္တစ္ဂိုးစီျဖင့္သေရရမွတ္ထြက္ေပၚခဲ့ေၾကာင္း သိရသည္။
အဆိုပါ ပြဲစဥ္ကို ယေန႔ (စက္တင္ဘာလ ၆ ရက္)၊ ေန႔လည္ ၁နာရီခြဲအခ်ိန္တြင္ စတင္ယွဥ္ၿပိဳင္ကစားခဲ့ျခင္းျဖစ္သည္။
ျမန္မာ့လက္ေ႐ြးစင္ U 23 အသင္းမွ ပထမပိုင္း ၂၃ မိနစ္တြင္ ေကာင္းထက္ပိုင္သြင္းဂိုးျဖင့္ အဖြင့္ဂိုးရရွိခဲ့ၿပီး ဒုတိယပိုင္းပြဲစဥ္တြင္ ကာဂ်စၥတန္အသင္းမွ ေျခပဂိုးျပန္လည္ရရွိခဲ့ျခင္းေၾကာင့္ တစ္ဖက္တစ္ဂိုးစီျဖင့္ သေရရမွတ္ ထြက္ေပၚခဲ့ျခင္းျဖစ္သည္၊
ျမန္မာ့လက္ေ႐ြးစင္ U 23 အသင္းအေနျဖင့္ အုပ္စု(ခ)တြင္ ေတာင္ကိုရီးယား၊ ကာတာ၊ ကာဂ်စၥတန္အသင္းတို႔ႏွင့္ တစ္အုပ္စုတည္း က်ေရာက္လ်က္ရွိၿပီး အုပ္စုအဖြင့္ပြဲစဥ္တြင္ ကာဂ်စၥတန္အသင္းအား သေရက်ထားျခင္းျဖစ္သည္။
ျမန္မာ့လက္ေ႐ြးစင္ U 23 အသင္းသည္ လာမည့္ စက္တင္ဘာလ ၉ရက္တြင္ ကာတာအသင္း၊ စက္တင္ဘာလ ၁၂ရက္တြင္ အိမ္ရွင္ေတာင္ကိုရီးယားအသင္းတို႔ႏွင့္ ဆက္လက္ယွဥ္ၿပိဳင္ကစားသြားရန္ရွိသည္။