ကိုရီးယားနိုင်ငံ PANKO Corporation မှ မြန်မာနိုင်ငံ၌ အထည်ချုပ်လုပ်ငန်းအပြင် ချည်ထုတ်လုပ်ရေးလုပ်ငန်းကိုပါ တိုးချဲ့လုပ်ကိုင်မည်

 1986

ယွန်း (NP News) - စက်တင်ဘာ ၂၃

ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းအပြင် ချည်ထုတ်လုပ်ရေးလုပ်ငန်းကိုပါ တိုးချဲ့လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံ PANKO Corporation ဥက္ကဋ္ဌကြီး Mr. Youngjoo Choi က ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် စက်တင်ဘာလ(၂၂)ရက်တွင် ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဥ် ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံ၌ အထည်ချုပ်လုပ်ငန်းအပြင် ချည်ထုတ်လုပ်ရေးကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း Mr. Youngjoo Choi က အသိပေးပြောကြားခဲ့သည်။

Mr. Youngjoo Choi က ''မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်းအပြင်ချည်ထုတ်လုပ်ရေးလုပ်ငန်းကြီးကိုလုပ်ကိုင်မှာဖြစ်ပါတယ်။ အဲဒီကတဆင့် ချည်ငင်ခြင်း၊ ဆေးဆိုးခြင်းစတဲ့လုပ်ငန်းတွေကို ဆောင်ရွက်သွားဖြစ်ပါတယ်။ အခုလာရောက်တဲ့ ကိုရီးယား လုပ်ငန်းရှင်တွေက ချည်ထုတ်လုပ်ရေးမှာ အတတ်ပညာရှိပြီး အတွေ့အကြုံ များစွာရှိပါတယ်”ဟု ပြောသည်။

ထို့ပြင် ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် နိုင်ငံတော်အနေဖြင့် ကုန်ထုတ်လုပ်ငန်းများကို အားပေးနေသည့် ကာလဖြစ်ပြီး အလုပ် အကိုင်အခွင့်အလမ်း အများဆုံးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းများကို တိုးချဲ့ရင်းနှီးမြှုပ်နှံခြင်းကြောင့် ဝမ်းသာကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌက ပြောသည်။

အထည်ချုပ်လုပ်ခြင်းအပြင် ချည်ငင်၊ ဆေးဆိုးလုပ်ငန်းများလည်း ကျယ်ပြန့်စွာ လုပ်ကိုင်ခြင်းဖြင့် စီးပွား ရေးလုပ်ကိုင်ရာတွင် အကျိုးအမြတ်ရခြင်း သာမက နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူဖြစ်စေကြောင်း ၎င်းက ဆက်လက်ပြောသည်။

ကိုရီးယားနိုင်ငံ PANKO Corporation သည် မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံကို ၂၀၁၉ ခုနှစ်က ပဲခူးမြို့တွင် စတင်တည်ထောင်၍ အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ပြီး ပြည်တွင်းအလုပ်အကိုင်များစွာကိုဖန်တီးပေးလျက်ရှိသည်။

zawgyi version
ကိုရီးယားႏိုင္ငံ PANKO Corporation မွ ျမန္မာႏိုင္ငံ၌ အထည္ခ်ဳပ္လုပ္ငန္းအျပင္ ခ်ည္ထုတ္လုပ္ေရးလုပ္ငန္းကိုပါ တိုးခ်ဲ႕လုပ္ကိုင္မည္
ယြန္း (NP News) - စက္တင္ဘာ ၂၃

ကိုရီးယားႏိုင္ငံမွ ျမန္မာႏိုင္ငံတြင္ အထည္ခ်ဳပ္လုပ္ငန္းအျပင္ ခ်ည္ထုတ္လုပ္ေရးလုပ္ငန္းကိုပါ တိုးခ်ဲ႕လုပ္ကိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ကိုရီးယားႏိုင္ငံ PANKO Corporation ဥကၠ႒ႀကီး Mr. Youngjoo Choi က ကုန္သည္စက္မႈအသင္းခ်ဳပ္ဥကၠ႒ ဦးေအးဝင္းႏွင့္ စက္တင္ဘာလ(၂၂)ရက္တြင္ ကုန္သည္စက္မႈအသင္းခ်ဳပ္႐ုံး၌ ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

ထိုသို႔ေတြ႕ဆုံစဥ္ ကိုရီးယားႏိုင္ငံမွ ျမန္မာႏိုင္ငံ၌ အထည္ခ်ဳပ္လုပ္ငန္းအျပင္ ခ်ည္ထုတ္လုပ္ေရးကို လုပ္ကိုင္သြားမည္ျဖစ္ေၾကာင္း Mr. Youngjoo Choi က အသိေပးေျပာၾကားခဲ့သည္။

Mr. Youngjoo Choi က ''ျမန္မာႏိုင္ငံမွာ အထည္ခ်ဳပ္လုပ္ငန္းအျပင္ခ်ည္ထုတ္လုပ္ေရးလုပ္ငန္းႀကီးကိုလုပ္ကိုင္မွာျဖစ္ပါတယ္။ အဲဒီကတဆင့္ ခ်ည္ငင္ျခင္း၊ ေဆးဆိုးျခင္းစတဲ့လုပ္ငန္းေတြကို ေဆာင္႐ြက္သြားျဖစ္ပါတယ္။ အခုလာေရာက္တဲ့ ကိုရီးယား လုပ္ငန္းရွင္ေတြက ခ်ည္ထုတ္လုပ္ေရးမွာ အတတ္ပညာရွိၿပီး အေတြ႕အႀကဳံ မ်ားစြာရွိပါတယ္”ဟု ေျပာသည္။

ထို႔ျပင္ ကုန္ထုတ္လုပ္ငန္းမ်ား တိုးတက္ရန္အတြက္ ကုန္သည္စက္မႈအသင္းခ်ဳပ္ႏွင့္ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

လက္ရွိတြင္ ႏိုင္ငံေတာ္အေနျဖင့္ ကုန္ထုတ္လုပ္ငန္းမ်ားကို အားေပးေနသည့္ ကာလျဖစ္ၿပီး အလုပ္ အကိုင္အခြင့္အလမ္း အမ်ားဆုံးေပးႏိုင္မည့္ အထည္ခ်ဳပ္လုပ္ငန္းမ်ားကို တိုးခ်ဲ႕ရင္းႏွီးျမႇဳပ္ႏွံျခင္းေၾကာင့္ ဝမ္းသာေၾကာင္း ကုန္သည္စက္မႈအသင္းခ်ဳပ္ ဥကၠ႒က ေျပာသည္။

အထည္ခ်ဳပ္လုပ္ျခင္းအျပင္ ခ်ည္ငင္၊ ေဆးဆိုးလုပ္ငန္းမ်ားလည္း က်ယ္ျပန႔္စြာ လုပ္ကိုင္ျခင္းျဖင့္ စီးပြား ေရးလုပ္ကိုင္ရာတြင္ အက်ိဳးအျမတ္ရျခင္း သာမက ႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္းႏွီးမႈ ျမႇင့္တင္ေရးႏွင့္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးကိုလည္း အေထာက္အကူျဖစ္ေစေၾကာင္း ၎က ဆက္လက္ေျပာသည္။

ကိုရီးယားႏိုင္ငံ PANKO Corporation သည္ ျမန္မာႏိုင္ငံတြင္ အထည္ခ်ဳပ္စက္႐ုံကို ၂၀၁၉ ခုႏွစ္က ပဲခူးၿမိဳ႕တြင္ စတင္တည္ေထာင္၍ အထည္ခ်ဳပ္လုပ္ငန္းမ်ား လုပ္ကိုင္ေဆာင္႐ြက္ၿပီး ျပည္တြင္းအလုပ္အကိုင္မ်ားစြာကိုဖန္တီးေပးလ်က္ရွိသည္။

Related news

© 2021. All rights reserved.