Foodpanda က ၎င်းရဲ့ဝန်ထမ်းအင်အားကို ထပ်မံလျော့ချ

1421
ရောင်နီ (NP News) - စက်တင်ဘာ ၂၃
စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီဖြစ်တဲ့ foodpanda ဟာ ပြီးခဲ့တဲ့နှစ်က ဝန်ထမ်းအင်အားလျော့ချမှု နှစ်ကြိမ်ထက်မနည်းရှိခဲ့ပေမယ့် လုပ်ငန်းလည်ပတ်မှု ချောမွေ့စေရေးအတွက် ဖိအားနဲ့ ရင်ဆိုင်နေရဆဲဖြစ်တာကြောင့် သောကြာနေ့(စက်တင်ဘာလ ၂၂ ရက်) မှာ အာရှ-ပစိဖိတ်ရဲ့ ဝန်ထမ်းအင်အားကို ထပ်မံလျော့ချခဲ့ပြန်ပါတယ်။

အရေအတွက် ဘယ်လောက်ထိ လျှော့ချခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလနဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ ဝန်ထမ်းအင်အားကို လျော့ချခဲ့ဖူးပါတယ်။ ဝန်ထမ်းတစ်ဦးစီရဲ့ဝန်ဆောင်မှုကြာချိန်ပေါ်မူတည်ပြီး (သို့မဟုတ်) နိုင်ငံတွေမှာ ပြဋ္ဌာန်းထားတဲ့ လမ်းညွှန်ချက်တွေနဲ့အညီ (သို့မဟုတ်) အဲဒီအချက် နှစ်ခုလုံးနဲ့ ကိုက်ညီတဲ့ ဝန်ထမ်းတွေကို လစာအပြည့်ခံစားခွင့်နဲ့ အလုပ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
Foodpanda ရဲ့ မိခင်ကုမ္ပဏီ ဘာလင်ရုံးချုပ် Delivery Hero က ၎င်းရဲ့ foodpanda လုပ်ငန်းကို စင်ကာပူ၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတွေမှာ ရုံးတွေ ဖွင့်လှစ်ထားပါတယ်။ ကုမ္ပဏီဟာ အမြတ်အစွန်းအတွက် တွန်းအားပေးတဲ့ အနေနဲ့ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုတွေကို ချဲ့ထွင်ဖို့ အလားအလာရှိပေမယ့် ၂၀၂၃ ခုနှစ် ဒုတိယသုံးလပတ်မှာပဲ အာရှမှာလုပ်ငန်းရဲ့ ဝင်ငွေဝေစုဟာ အရင်နှစ်ကထက် ကျဆင်းလာခြင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် foodpanda ဟာ ပိုမိုရှင်းလင်းပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့အတွက် ဒေသတွင်းနဲ့ နိုင်ငံဆိုင်ရာ အဖွဲ့တွေနဲ့အတူ ၎င်းရဲ့ အဖွဲ့အစည်း ဖွဲ့စည်း ပုံကို ဂရုတစိုက်ပြန်လည် သုံးသပ်နေတယ်လို့ ဆိုပါတယ်။

zawgyi version
Foodpanda က ၎ရဲ႕ဝန္ထမ္းအင္အားကို ထပ္မံေလ်ာ့ခ်
ေရာင္နီ (NP News) - စက္တင္ဘာ ၂၃
စားနပ္ရိကၡာ သယ္ယူပို႔ေဆာင္ေရး ကုမၸဏီျဖစ္တဲ့ foodpanda ဟာ ၿပီးခဲ့တဲ့ႏွစ္က ဝန္ထမ္းအင္အားေလ်ာ့ခ်မႈ ႏွစ္ႀကိမ္ထက္မနည္းရွိခဲ့ေပမယ့္ လုပ္ငန္းလည္ပတ္မႈ ေခ်ာေမြ႕ေစေရးအတြက္ ဖိအားနဲ႔ ရင္ဆိုင္ေနရဆဲျဖစ္တာေၾကာင့္ ေသာၾကာေန႔(စက္တင္ဘာလ ၂၂ ရက္) မွာ အာရွ-ပစိဖိတ္ရဲ႕ ဝန္ထမ္းအင္အားကို ထပ္မံေလ်ာ့ခ်ခဲ့ျပန္ပါတယ္။
အေရအတြက္ ဘယ္ေလာက္ထိ ေလွ်ာ့ခ်ခဲ့တယ္ဆိုတာကိုေတာ့ မသိရေသးပါဘူး။ ကုမၸဏီဟာ ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္ စက္တင္ဘာလနဲ႔ ၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ဝန္ထမ္းအင္အားကို ေလ်ာ့ခ်ခဲ့ဖူးပါတယ္။ ဝန္ထမ္းတစ္ဦးစီရဲ႕ဝန္ေဆာင္မႈၾကာခ်ိန္ေပၚမူတည္ၿပီး (သို႔မဟုတ္) ႏိုင္ငံေတြမွာ ျပ႒ာန္းထားတဲ့ လမ္းၫႊန္ခ်က္ေတြနဲ႔အညီ (သို႔မဟုတ္) အဲဒီအခ်က္ ႏွစ္ခုလုံးနဲ႔ ကိုက္ညီတဲ့ ဝန္ထမ္းေတြကို လစာအျပည့္ခံစားခြင့္နဲ႔ အလုပ္ထုတ္ခဲ့တယ္လို႔ သိရပါတယ္။
Foodpanda ရဲ႕ မိခင္ကုမၸဏီ ဘာလင္႐ုံးခ်ဳပ္ Delivery Hero က ၎ရဲ႕ foodpanda လုပ္ငန္းကို စင္ကာပူ၊ ကေမာၻဒီးယား၊ လာအို၊ မေလးရွား၊ ဖိလစ္ပိုင္နဲ႔ ထိုင္းႏိုင္ငံေတြမွာ ႐ုံးေတြ ဖြင့္လွစ္ထားပါတယ္။ ကုမၸဏီဟာ အျမတ္အစြန္းအတြက္ တြန္းအားေပးတဲ့ အေနနဲ႔ ေဒသတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ခ်ဲ႕ထြင္ဖို႔ အလားအလာရွိေပမယ့္ ၂၀၂၃ ခုႏွစ္ ဒုတိယသုံးလပတ္မွာပဲ အာရွမွာလုပ္ငန္းရဲ႕ ဝင္ေငြေဝစုဟာ အရင္ႏွစ္ကထက္ က်ဆင္းလာျခင္းနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ဒါေၾကာင့္ foodpanda ဟာ ပိုမိုရွင္းလင္းျပတ္သားတဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်ႏိုင္ဖို႔အတြက္ ေဒသတြင္းနဲ႔ ႏိုင္ငံဆိုင္ရာ အဖြဲ႕ေတြနဲ႔အတူ ၎ရဲ႕ အဖြဲ႕အစည္း ဖြဲ႕စည္း ပုံကို ဂ႐ုတစိုက္ျပန္လည္ သုံးသပ္ေနတယ္လို႔ ဆိုပါတယ္။