KNU ဥက္ကဋ္ဌဟောင်းစောမူတူးစေးဖိုးနှင့်တွေ့ဆုံမှုသည် ကရင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းမှုရရှိရေး၏ ခြေလှမ်းသစ်တစ်ခုဟု တပ်ချုပ်ပြော

 10017

မျိုးကြီး (NP News) - အောက်တိုဘာ ၁

ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့် တွေ့ဆုံမှုသည် ကရင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းမှုရရှိရေး၏ ခြေလှမ်းသစ်တစ်ခုဖြစ်ကြောင်း တပ်ချုပ်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သောအဖွဲ့နှင့် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ဦးဆောင်သော အဖွဲ့တို့သည် ယမန်နေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းသည် ငြိမ်းချမ်းရေးအတွက် အားတစ်ခုဖြစ်မည်ဟု ယုံကြည်ကြောင်း၊ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တပ်မတော်က နိုင်ငံ တော်တာဝန်ထမ်းဆောင်ခဲ့ရမှုအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး NCA သဘောတူညီချက်များကို ချိုးဖောက်ခဲ့သည့်အတွက် စာချုပ်ပျက်ပြယ်ပြီဟု အခြေအမြစ်မရှိ ပြောကြားမှုများ ပြုလုပ်နေသည်ဟု တပ်ချုပ်က ပြောသည်။

တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA လမ်းကြောင်းပေါ်တွင်သာ ရပ်တည်ပြီး တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသိပေးပြောကြားခဲ့သည်။

အလားတူ စောမူတူးစေးဖိုးနှင့်အဖွဲ့ဝင်များကလည်း NCA စာချုပ်သည် အစိုးရ၊ လွှတ်တော်၊ တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအ ဝင် နိုင်ငံတကာသံတမန်များ၊ ပြည်တွင်းအသိသက်သေများရှေ့မှောက်၌ လက်မှတ်ရေးထိုးထားခြင်းဖြစ်ပြီး မည်သည့်အချိန်မှပျယ်ပြယ်မှုမရှိဘဲတည်ရှိနေမည့် တရားဝင်စာချုပ်ဖြစ် သည်ဟု ဆွေးနွေးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် NCA အပေါ်တွင်သာ ရပ်တည်ဆောင်ရွက်သွားရမည်ဖြစ်ပြီး NCA အပေါ် အထောက်အထားမဲ့၊ အဓိပ္ပာယ်မဲ့စွာ လက်လွတ်စပယ်ပြောကြားမှုများကို လက်မခံနိုင်ကြောင်း စောမူတူးစေးဖိုးနှင့်အဖွဲ့က ဆွေးနွေးခဲ့ကြသည်ဟု နစကမှ အသိပေးထားသည်။

ထို့ကြောင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို မကျင့်သုံးဘဲ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးကိုသာ ဆောင်ရွက်ရမည်ဖြစ်ပြီး NCA လမ်းကြောင်းပေါ်တွင်သာ ဆက်လက်လျှောက်လှမ်းသွားရမည်ဟု စောမူတူးစေးဖိုးနှင့်အဖွဲ့က ပြောကြားခဲ့သည်။

ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးအနေဖြင့် NCA လက်မှတ်ရေးထိုးခဲ့သော ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကရင်ပြည်နယ်ရှိ ပြည်သူများ၏ ငြိမ်းချမ်းရေးအတွက် တာဝန်ရှိနေဆဲပင်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသိပေးတိုက်တွန်းခဲ့သည်။

ထို့ပြင် ယခုကဲ့သို့တွေ့ဆုံမှုသည် ကရင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းမှုရရှိရေး၏ ခြေလှမ်းသစ်တစ်ခုကို စတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း တပ်ချုပ်က ဖွင့်ဟပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့်အတူ KNU ဗဟိုကော်မတီဝင်ဟောင်း စောရောဂျာခင်၊ ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းတို့က တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

zawgyi version
KNU ဥကၠ႒ေဟာင္းေစာမူတူးေစးဖိုးႏွင့္ေတြ႕ဆုံမႈသည္ ကရင္ျပည္နယ္အပါအဝင္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ၿငိမ္းခ်မ္းမႈရရွိေရး၏ ေျခလွမ္းသစ္တစ္ခုဟု တပ္ခ်ဳပ္ေျပာ
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၁

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)ဥကၠ႒ေဟာင္း ေစာမူတူးေစးဖိုးႏွင့္ ေတြ႕ဆုံမႈသည္ ကရင္ျပည္နယ္အပါအဝင္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ၿငိမ္းခ်မ္းမႈရရွိေရး၏ ေျခလွမ္းသစ္တစ္ခုျဖစ္ေၾကာင္း တပ္ခ်ဳပ္က ေျပာသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္ေသာအဖြဲ႕ႏွင့္ ကရင္တိုင္းရင္းသားေခါင္းေဆာင္ ေစာမူတူးေစးဖိုး ဦးေဆာင္ေသာ အဖြဲ႕တို႔သည္ ယမန္ေန႔တြင္ ေနျပည္ေတာ္၌ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကသည္။

ယခုကဲ့သို႔ ေတြ႕ဆုံေဆြးေႏြးျခင္းသည္ ၿငိမ္းခ်မ္းေရးအတြက္ အားတစ္ခုျဖစ္မည္ဟု ယုံၾကည္ေၾကာင္း၊ အခ်ိဳ႕ေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ တပ္မေတာ္က ႏိုင္ငံ ေတာ္တာဝန္ထမ္းေဆာင္ခဲ့ရမႈအေပၚ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ခ်ိဳးေဖာက္ၿပီး NCA သေဘာတူညီခ်က္မ်ားကို ခ်ိဳးေဖာက္ခဲ့သည့္အတြက္ စာခ်ဳပ္ပ်က္ျပယ္ၿပီဟု အေျခအျမစ္မရွိ ေျပာၾကားမႈမ်ား ျပဳလုပ္ေနသည္ဟု တပ္ခ်ဳပ္က ေျပာသည္။

တပ္မေတာ္အေနျဖင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ NCA လမ္းေၾကာင္းေပၚတြင္သာ ရပ္တည္ၿပီး တစ္ႏိုင္ငံလုံးၿငိမ္းခ်မ္းေရးရရွိရန္ ဆက္လက္ႀကိဳးပမ္းသြားမည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က အသိေပးေျပာၾကားခဲ့သည္။

အလားတူ ေစာမူတူးေစးဖိုးႏွင့္အဖြဲ႕ဝင္မ်ားကလည္း NCA စာခ်ဳပ္သည္ အစိုးရ၊ လႊတ္ေတာ္၊ တပ္မေတာ္ ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားက ကမာၻ႔ကုလသမဂၢအပါအ ဝင္ ႏိုင္ငံတကာသံတမန္မ်ား၊ ျပည္တြင္းအသိသက္ေသမ်ားေရွ႕ေမွာက္၌ လက္မွတ္ေရးထိုးထားျခင္းျဖစ္ၿပီး မည္သည့္အခ်ိန္မွပ်ယ္ျပယ္မႈမရွိဘဲတည္ရွိေနမည့္ တရားဝင္စာခ်ဳပ္ျဖစ္ သည္ဟု ေဆြးေႏြးခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

ထို႔ျပင္ ၿငိမ္းခ်မ္းေရးကိုေဖာ္ေဆာင္ရာတြင္ NCA အေပၚတြင္သာ ရပ္တည္ေဆာင္႐ြက္သြားရမည္ျဖစ္ၿပီး NCA အေပၚ အေထာက္အထားမဲ့၊ အဓိပၸာယ္မဲ့စြာ လက္လြတ္စပယ္ေျပာၾကားမႈမ်ားကို လက္မခံႏိုင္ေၾကာင္း ေစာမူတူးေစးဖိုးႏွင့္အဖြဲ႕က ေဆြးေႏြးခဲ့ၾကသည္ဟု နစကမွ အသိေပးထားသည္။

ထို႔ေၾကာင့္ ျပည္တြင္းတည္ၿငိမ္ေအးခ်မ္းေရးအတြက္ လက္နက္ကိုင္လမ္းစဥ္ကို မက်င့္သုံးဘဲ ေတြ႕ဆုံညႇိႏႈိင္းေဆြးေႏြးေရးကိုသာ ေဆာင္႐ြက္ရမည္ျဖစ္ၿပီး NCA လမ္းေၾကာင္းေပၚတြင္သာ ဆက္လက္ေလွ်ာက္လွမ္းသြားရမည္ဟု ေစာမူတူးေစးဖိုးႏွင့္အဖြဲ႕က ေျပာၾကားခဲ့သည္။

ကရင္တိုင္းရင္းသားေခါင္းေဆာင္ ေစာမူတူးေစးဖိုးအေနျဖင့္ NCA လက္မွတ္ေရးထိုးခဲ့ေသာ ေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး ကရင္ျပည္နယ္ရွိ ျပည္သူမ်ား၏ ၿငိမ္းခ်မ္းေရးအတြက္ တာဝန္ရွိေနဆဲပင္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က အသိေပးတိုက္တြန္းခဲ့သည္။

ထို႔ျပင္ ယခုကဲ့သို႔ေတြ႕ဆုံမႈသည္ ကရင္ျပည္နယ္တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ျမန္မာႏိုင္ငံ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ၿငိမ္းခ်မ္းမႈရရွိေရး၏ ေျခလွမ္းသစ္တစ္ခုကို စတင္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း တပ္ခ်ဳပ္က ဖြင့္ဟေျပာၾကားခဲ့သည္။

အဆိုပါေဆြးေႏြးပြဲသို႔ KNU ဥကၠ႒ေဟာင္း ေစာမူတူးေစးဖိုးႏွင့္အတူ KNU ဗဟိုေကာ္မတီဝင္ေဟာင္း ေစာေရာဂ်ာခင္၊ ေကာ့ကရိတ္ခ႐ိုင္ဥကၠ႒ ပဒိုေ႐ႊေမာင္းတို႔က တက္ေရာက္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.