အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

 167

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၉

အာဆီယံ အဖွဲ့အနေဖြင့် အငြင်းပွားမှုများ ဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ်အရေး နှင့် ပတ်သက်ပြီး ပိုမိုထုတ်ဖော်ပြောဆိုကြရန် နှင့် Code of Conduct အကောင်ထည်ဖော်ရေးကို အမြန်ဆုံး ဝိုင်းဝန်းကြိုးပမ်းရန် ဖိလစ်ပိုင်အစိုးရက တိုက်တွန်းတောင်းဆိုလိုက်သည်။

ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့သည် ပြီးခဲ့သော နှစ်ပိုင်းအတွင်း တောင်တရုတ်ပင်လယ်အရေး နှင့် ပတ်သက်ပြီး အငြင်းပွားမှုအရှိန်မြင့်တက်နေကာ ထိပ်တိုက်တွေ့ဆုံမှုများဖြစ်နေသည်။ အာဆီယံနိုင်ငံများသည် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် နိုင်ငံတာဥပဒေများကို လိုက်နာရန် သတိပြုပြောစေလိုကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာနာလိုက ပြောသည်။ အာဆီယံနိုင်ငံများသည် တောင်တရုတ်ပင်လယ်အရေး အပါအဝင် နိုင်ငံတကာဥပဒေများကို လေးစားကျင့်သုံးရာတွင် အဓိကအခန်းဏဏ္ဍက ပါဝင်လုပ်ရန်လိုနေပြီး တောင်တရုတ်ပင်လယ်အရေးကို နုတ်ဆိတ်မနေဘဲ ပြောဆိုထောက်ပြရမည်ဖြစ်ကြောင်း ဝန်ကြီး မာနာလိုက ပြောသည်။

တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး အာဆီယံနိုင်ငံများဖြစ်သော မလေးရှား ဗီယက်နမ် အင်ဒိုနီးရှား ဘရူးနိုင်းတို့သည် တရုတ်နိုင်ငံနှင့် ပိုင်နက်နယ်မြေ အငြင်းပွားနေကြောင်း သိရသည်။ အငြင်းပွားနေသော တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက်များတွင် ကင်းလှည့်ခြင်း၊ စစ်ရေးလေ့ကျင့်ခန်း လုပ်ဆောင်ခြင်းကို အာဆီယံနိုင်ငံများက ထောက်ခံအားပေးစေလိုကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်သည်။ တရုတ်က တောင်တရုတ်ပင်လယ်အတွင်းရှိ နယ်မြေအများစုကို ပိုင်ဆိုင်ကြောင်း ကြေညာထားရာ အငြင်းပွားမှုများ ပိုမိုဖြစ်လာခဲ့သည်။

zawgyi version
အာဆီယံႏိုင္ငံမ်ားကို ေတာင္တ႐ုတ္ပင္လယ္အေရးအတြက္ ပိုမိုေျပာဆိုရန္ ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီး ေတာင္းဆို
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၉

အာဆီယံ အဖြဲ႕အေနျဖင့္ အျငင္းပြားမႈမ်ား ျဖစ္ပြားေနသည့္ ေတာင္တ႐ုတ္ပင္လယ္အေရး ႏွင့္ ပတ္သက္ၿပီး ပိုမိုထုတ္ေဖာ္ေျပာဆိုၾကရန္ ႏွင့္ Code of Conduct အေကာင္ထည္ေဖာ္ေရးကို အျမန္ဆုံး ဝိုင္းဝန္းႀကိဳးပမ္းရန္ ဖိလစ္ပိုင္အစိုးရက တိုက္တြန္းေတာင္းဆိုလိုက္သည္။

ဖိလစ္ပိုင္ႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ ၿပီးခဲ့ေသာ ႏွစ္ပိုင္းအတြင္း ေတာင္တ႐ုတ္ပင္လယ္အေရး ႏွင့္ ပတ္သက္ၿပီး အျငင္းပြားမႈအရွိန္ျမင့္တက္ေနကာ ထိပ္တိုက္ေတြ႕ဆုံမႈမ်ားျဖစ္ေနသည္။ အာဆီယံႏိုင္ငံမ်ားသည္ အျငင္းပြားမႈမ်ားကို ၿငိမ္းခ်မ္းစြာ ေျဖရွင္းရန္ ႏိုင္ငံတာဥပေဒမ်ားကို လိုက္နာရန္ သတိျပဳေျပာေစလိုေၾကာင္း ဖိလစ္ပိုင္ ႏိုင္ငံျခားေရးဝန္ႀကီး မာနာလိုက ေျပာသည္။ အာဆီယံႏိုင္ငံမ်ားသည္ ေတာင္တ႐ုတ္ပင္လယ္အေရး အပါအဝင္ ႏိုင္ငံတကာဥပေဒမ်ားကို ေလးစားက်င့္သုံးရာတြင္ အဓိကအခန္းဏ႑က ပါဝင္လုပ္ရန္လိုေနၿပီး ေတာင္တ႐ုတ္ပင္လယ္အေရးကို ႏုတ္ဆိတ္မေနဘဲ ေျပာဆိုေထာက္ျပရမည္ျဖစ္ေၾကာင္း ဝန္ႀကီး မာနာလိုက ေျပာသည္။

ေတာင္တ႐ုတ္ပင္လယ္အေရးႏွင့္ပတ္သက္ၿပီး အာဆီယံႏိုင္ငံမ်ားျဖစ္ေသာ မေလးရွား ဗီယက္နမ္ အင္ဒိုနီးရွား ဘ႐ူးႏိုင္းတို႔သည္ တ႐ုတ္ႏိုင္ငံႏွင့္ ပိုင္နက္နယ္ေျမ အျငင္းပြားေနေၾကာင္း သိရသည္။ အျငင္းပြားေနေသာ ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ ပိုင္နက္မ်ားတြင္ ကင္းလွည့္ျခင္း၊ စစ္ေရးေလ့က်င့္ခန္း လုပ္ေဆာင္ျခင္းကို အာဆီယံႏိုင္ငံမ်ားက ေထာက္ခံအားေပးေစလိုေၾကာင္း ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးက ေတာင္းဆိုလိုက္သည္။ တ႐ုတ္က ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ နယ္ေျမအမ်ားစုကို ပိုင္ဆိုင္ေၾကာင္း ေၾကညာထားရာ အျငင္းပြားမႈမ်ား ပိုမိုျဖစ္လာခဲ့သည္။

Related news

© 2021. All rights reserved.