သီလဝါအထူးစီးပွားရေးဇုန်မှ ဘဏ္ဍာနှစ်(၄)လတာကာလအတွင်း အမေရိကန်ဒေါ်လာ သန်း(၂ဝဝ)ကျော် ကုန်သွယ်နိုင်ခဲ့
1368
Pearl (NP News) - အောက်တိုဘာ ၁၃
၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဇူလိုင်လအထိ (၄)လတာကာလအတွင်း သီလဝါအထူးစီးပွားရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂၁၇ သန်းကျော် ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အောက်တိုဘာလ(၁၂)တွင် နေပြည်တော်၌ ကျင်းပသော မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေး၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၉၄၅ သန်းရှိခဲ့ပြီး သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၆၂ ဒသမ ၆၅၃ သန်းရှိသည့်အတွက် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၁၇ ဒသမ ၅၉၈ သန်းရှိခဲ့ကြောင်း သိရသည်။
ယင်းကုန်သွယ်မှုများမှ အခွန်အရပ်ရပ်အတွက် ကောက်ခံရရှိမှုသည် ငွေကျပ် (၂၂)ဘီလျံရှိခဲ့ကြောင်း သိရသည်။
သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့် ၆၆၇ ဒသမ ၂၇၅ ဟက်တာကျယ်ဝန်းပြီး ဇုန် (A) နှင့် ဇုန်(B) ခွဲကာ Free Zone နှင့် Promotion Zone သတ်မှတ်လျက် ပို့ကုန်လုပ်ငန်း နှင့် ပြည်တွင်းသွင်းကုန်အစားထိုးလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
"သီလဝါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံထားတဲ့နိုင်ငံပေါင်း ၂၁ နိုင်ငံရှိပြီး၊ လက်ရှိမှာလုပ်ငန်းလည်ပတ်တဲ့ ကုမ္ပဏီ ၁၁၄ ခုရှိပါတယ်"ဟု ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြောသည်။
အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၁၉၀ ဒသမ ၇၉၀ သန်းရှိပြီး ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် တစ်နိုင်ငံလုံး၏ တစ်မျိုးသားလုံး ထုတ်လုပ်မှုတန်ဖိုး၏ ၃ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ် တစ်နိုင်ငံလုံး ပို့ကုန်ပမာဏ၏ ၁ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိက ပို့ကုန်ပမာဏ၏ ၃ ရာခိုင်နှုန်းရှိကြောင်း ထည့်သွင်းပြောကြားထားသည်။
သီလဝါအထူးစီးပွားရေးဇုန်သည် လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်လျက်ရှိသည့် ဇုန်တစ်ခုဖြစ်သည့်အပြင် ဒေသတွင်းနိုင်ငံများအကြားတွင် သတင်းကောင်းဖြင့် ရပ်တည်နေသည့် ဇုန်တစ်ခုဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
zawgyi version
သီလဝါအထူးစီးပြားေရးဇုန္မွ ဘ႑ာႏွစ္(၄)လတာကာလအတြင္း အေမရိကန္ေဒၚလာ သန္း(၂ဝဝ)ေက်ာ္ ကုန္သြယ္ႏိုင္ခဲ့
Pearl (NP News) - ေအာက္တိုဘာ ၁၃
၂၀၂၃- ၂၀၂၄ ဘ႑ာေရးႏွစ္၊ ဧၿပီလမွ ဇူလိုင္လအထိ (၄)လတာကာလအတြင္း သီလဝါအထူးစီးပြားေရးဇုန္မွ အေမရိကန္ေဒၚလာ ၂၁၇ သန္းေက်ာ္ ကုန္သြယ္မႈျပဳလုပ္ႏိုင္ခဲ့ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ေျပာသည္။
ျမန္မာအထူးစီးပြားေရးဇုန္ဆိုင္ရာဗဟိုအဖြဲ႕ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေအာက္တိုဘာလ(၁၂)တြင္ ေနျပည္ေတာ္၌ က်င္းပေသာ ျမန္မာအထူးစီးပြားေရးဇုန္ဆိုင္ရာဗဟိုအဖြဲ႕အစည္းအေဝး၌ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါကာလအတြင္း ပို႔ကုန္ပမာဏ အေမရိကန္ေဒၚလာ ၅၄ ဒသမ ၉၄၅ သန္းရွိခဲ့ၿပီး သြင္းကုန္ပမာဏ အေမရိကန္ေဒၚလာ ၁၆၂ ဒသမ ၆၅၃ သန္းရွိသည့္အတြက္ စုစုေပါင္း ကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာ ၂၁၇ ဒသမ ၅၉၈ သန္းရွိခဲ့ေၾကာင္း သိရသည္။
ယင္းကုန္သြယ္မႈမ်ားမွ အခြန္အရပ္ရပ္အတြက္ ေကာက္ခံရရွိမႈသည္ ေငြက်ပ္ (၂၂)ဘီလ်ံရွိခဲ့ေၾကာင္း သိရသည္။
သီလဝါအထူးစီးပြားေရးဇုန္အေနျဖင့္ ၆၆၇ ဒသမ ၂၇၅ ဟက္တာက်ယ္ဝန္းၿပီး ဇုန္ (A) ႏွင့္ ဇုန္(B) ခြဲကာ Free Zone ႏွင့္ Promotion Zone သတ္မွတ္လ်က္ ပို႔ကုန္လုပ္ငန္း ႏွင့္ ျပည္တြင္းသြင္းကုန္အစားထိုးလုပ္ငန္းမ်ားကို စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။
"သီလဝါအထူးစီးပြားေရးဇုန္မွာ ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ႏိုင္ငံေပါင္း ၂၁ ႏိုင္ငံရွိၿပီး၊ လက္ရွိမွာလုပ္ငန္းလည္ပတ္တဲ့ ကုမၸဏီ ၁၁၄ ခုရွိပါတယ္"ဟု ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းကေျပာသည္။
အဆိုပါ လုပ္ငန္းမ်ား၏ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏသည္ အေမရိကန္ေဒၚလာ ၂၁၉၀ ဒသမ ၇၉၀ သန္းရွိၿပီး ၂၀၂၂- ၂၀၂၃ ဘ႑ာေရးႏွစ္ တစ္ႏိုင္ငံလုံး၏ တစ္မ်ိဳးသားလုံး ထုတ္လုပ္မႈတန္ဖိုး၏ ၃ ဒသမ ၆ ရာခိုင္ႏႈန္း၊ ၂၀၂၂ ခုႏွစ္ တစ္ႏိုင္ငံလုံး ပို႔ကုန္ပမာဏ၏ ၁ ရာခိုင္ႏႈန္းႏွင့္ ပုဂၢလိက ပို႔ကုန္ပမာဏ၏ ၃ ရာခိုင္ႏႈန္းရွိေၾကာင္း ထည့္သြင္းေျပာၾကားထားသည္။
သီလဝါအထူးစီးပြားေရးဇုန္သည္ လုပ္ငန္းမ်ားကို ေအာင္ျမင္စြာေဆာင္႐ြက္လ်က္ရွိသည့္ ဇုန္တစ္ခုျဖစ္သည့္အျပင္ ေဒသတြင္းႏိုင္ငံမ်ားအၾကားတြင္ သတင္းေကာင္းျဖင့္ ရပ္တည္ေနသည့္ ဇုန္တစ္ခုျဖစ္ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ေျပာသည္။