တပ်မတော်ကို မုန်းတီး၍ ပေါ်လာသော EAO အဖွဲ့ ယနေ့အထိ မရှိခဲ့ကြောင်း နှင့် နိုင်ငံအချို့က ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို အားပေးနေဟု တပ်ချုပ်ပြော
1165
မျိုးကြီး (NP News) - အောက်တိုဘာ ၁၅
တပ်မတော်ကို မုန်းတီး၍ ပေါ်လာသော EAO အဖွဲ့ ယနေ့အထိ မရှိခဲ့ကြောင်း နှင့် နိုင်ငံအချို့က ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို အားပေးနေကြောင်း တပ်ချုပ်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(အောက်တိုဘာလ ၁၅ ရက်)တွင် နေပြည်တော်ရှိ MICC-2 ၌ကျင်းပသည့် NCA လက်မှတ်ရေးထိုးခြင်း(၈)နှစ်ပြည့်အခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားများအပေါ် နယ်ချဲ့တို့၏ နှစ်ပေါင်းများစွာ သွေးခွဲခဲ့မှုနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လူမျိုးစုလွတ်မြောက်ရေးဆိုသော သွေးထိုးမှုများကြောင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ တစ်စတစ်စ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်ဟု တပ်ချုပ်က ပြောသည်။
“တပ်မတော်ကို မုန်းတီးလို့ ပေါ်ပေါက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဆိုတာ ယနေ့အထိ မရှိခဲ့ပါဘူး။ နိုင်ငံရေးအယူအဆ ကွဲလွဲမှုတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ လက်နက်စွဲကိုင်ခဲ့ကြရာက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေရခြင်းသာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးခါစအချိန်မှစ၍ လက်ရှိအချိန်အထိ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်လျက်ရှိပြီး ပဋိပက္ခအရှည်ကြာဆုံး နိုင်ငံတစ်ခုလည်းဖြစ်သည်။
ဆက်လက်ပြီး တပ်ချုပ်က “ဒီမိုကရေစီရေးကို ဆောင်ရွက်နေပါတယ်ဆိုသူတွေကိုယ်တိုင်က မဲမသမာမှုတွေ ဆောင်ရွက်ခဲ့ပြီး ဥပဒေနဲ့အညီ ဒီမိုကရေစီနည်းလမ်းကျဖြေရှင်းခဲ့ခြင်းမရှိဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးကာကွယ်နေပါတယ်ဆိုတဲ့ ပြည်ပနိုင်ငံအချို့ကလည်း ဒီမိုကရေစီစနစ်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒီ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အားပေးတာတွေ၊ မြှောက်ထိုးပင့်ကော် ပြုလုပ်နေတာကို တွေ့ရပါတယ်”ဟု ပြောသည်။
၎င်းကဲ့သို့ လုပ်ရပ်များသည် ပါတီစုံဒီမိုကရေစီစနစ်ကို နှောင့်နှေးစေသည့်အပြင် ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို အားပေးခြင်းသာဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှတ်ချက်ပြုခဲ့သည်။
သို့သော် နစကအစိုးရအနေဖြင့် အထက်ပါကဲ့သို့ အခြေအနေများရှိနေသော်လည်း လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်ပေးသွားမည်ဟု ကတိပြုထားသည်။
zawgyi version
တပ္မေတာ္ကို မုန္းတီး၍ ေပၚလာေသာ EAO အဖြဲ႕ ယေန႔အထိ မရွိခဲ့ေၾကာင္း ႏွင့္ ႏိုင္ငံအခ်ိဳ႕က ဒီမိုကေရစီအမည္ခံ အာဏာရွင္စနစ္ကို အားေပးေနဟု တပ္ခ်ဳပ္ေျပာ
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၁၅
တပ္မေတာ္ကို မုန္းတီး၍ ေပၚလာေသာ EAO အဖြဲ႕ ယေန႔အထိ မရွိခဲ့ေၾကာင္း ႏွင့္ ႏိုင္ငံအခ်ိဳ႕က ဒီမိုကေရစီအမည္ခံ အာဏာရွင္စနစ္ကို အားေပးေနေၾကာင္း တပ္ခ်ဳပ္က ေျပာသည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယေန႔(ေအာက္တိုဘာလ ၁၅ ရက္)တြင္ ေနျပည္ေတာ္ရွိ MICC-2 ၌က်င္းပသည့္ NCA လက္မွတ္ေရးထိုးျခင္း(၈)ႏွစ္ျပည့္အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
တိုင္းရင္းသားမ်ားအေပၚ နယ္ခ်ဲ႕တို႔၏ ႏွစ္ေပါင္းမ်ားစြာ ေသြးခြဲခဲ့မႈႏွင့္ ဗမာျပည္ကြန္ျမဴနစ္ပါတီ၏ လူမ်ိဳးစုလြတ္ေျမာက္ေရးဆိုေသာ ေသြးထိုးမႈမ်ားေၾကာင့္ တိုင္းရင္းသားလက္ နက္ကိုင္အဖြဲ႕အစည္းမ်ား တစ္စတစ္စ ေပၚေပါက္လာခဲ့ျခင္းျဖစ္သည္ဟု တပ္ခ်ဳပ္က ေျပာသည္။
“တပ္မေတာ္ကို မုန္းတီးလို႔ ေပၚေပါက္လာတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းဆိုတာ ယေန႔အထိ မရွိခဲ့ပါဘူး။ ႏိုင္ငံေရးအယူအဆ ကြဲလြဲမႈေတြကို ႏိုင္ငံေရးနည္းနဲ႔ မေျဖရွင္းဘဲ လက္နက္စြဲကိုင္ခဲ့ၾကရာက ျပည္တြင္းလက္နက္ကိုင္ပဋိပကၡ ျဖစ္ပြားေနရျခင္းသာ ျဖစ္ပါတယ္”ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။
ျမန္မာႏိုင္ငံတြင္ လြတ္လပ္ေရးရၿပီးခါစအခ်ိန္မွစ၍ လက္ရွိအခ်ိန္အထိ လက္နက္ကိုင္ပဋိပကၡမ်ားျဖစ္ေပၚလ်က္ရွိၿပီး ပဋိပကၡအရွည္ၾကာဆုံး ႏိုင္ငံတစ္ခုလည္းျဖစ္သည္။
ဆက္လက္ၿပီး တပ္ခ်ဳပ္က “ဒီမိုကေရစီေရးကို ေဆာင္႐ြက္ေနပါတယ္ဆိုသူေတြကိုယ္တိုင္က မဲမသမာမႈေတြ ေဆာင္႐ြက္ခဲ့ၿပီး ဥပေဒနဲ႔အညီ ဒီမိုကေရစီနည္းလမ္းက်ေျဖရွင္းခဲ့ျခင္းမရွိဘဲ လက္နက္ကိုင္အၾကမ္းဖက္လမ္းစဥ္ကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ ဒီမိုကေရစီစနစ္ကို က်င့္သုံးကာကြယ္ေနပါတယ္ဆိုတဲ့ ျပည္ပႏိုင္ငံအခ်ိဳ႕ကလည္း ဒီမိုကေရစီစနစ္နဲ႔ဆန႔္က်င္ဘက္ျဖစ္တဲ့ ဒီ လက္နက္ကိုင္အၾကမ္းဖက္တိုက္ခိုက္မႈေတြကို တိုက္႐ိုက္ျဖစ္ေစ၊ သြယ္ဝိုက္ျဖစ္ေစ အားေပးတာေတြ၊ ေျမႇာက္ထိုးပင့္ေကာ္ ျပဳလုပ္ေနတာကို ေတြ႕ရပါတယ္”ဟု ေျပာသည္။
၎ကဲ့သို႔ လုပ္ရပ္မ်ားသည္ ပါတီစုံဒီမိုကေရစီစနစ္ကို ေႏွာင့္ေႏွးေစသည့္အျပင္ ဒီမိုကေရစီအမည္ခံ အာဏာရွင္စနစ္ကို အားေပးျခင္းသာျဖစ္သည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က မွတ္ခ်က္ျပဳခဲ့သည္။
သို႔ေသာ္ နစကအစိုးရအေနျဖင့္ အထက္ပါကဲ့သို႔ အေျခအေနမ်ားရွိေနေသာ္လည္း လြတ္လပ္ၿပီးတရားမွ်တသည့္ အေထြေထြေ႐ြးေကာက္ပြဲကို မျဖစ္မေန ျပဳလုပ္ေပးသြားမည္ဟု ကတိျပဳထားသည္။