ရုရှားနိုင်ငံက မြန်မာလုပ်သားများကို ခေါ်ယူရန် ဆန္ဒရှိနေပြီး လုပ်သားပို့ဆောင်ရေး နှစ်နိုင်ငံအကြား MoU ရေးထိုးရန်ရှိ

3098
မြူနစ် (NP News) - အောက်တိုဘာ ၁၆
ရုရှားနိုင်ငံက မြန်မာလုပ်သားများကို ခေါ်ယူရန် ဆန္ဒရှိနေပြီး လုပ်သားပို့ဆောင်ရေးအတွက် နှစ်နိုင်ငံအကြား MoU ရေးထိုးရန်ရှိကြောင်း သတင်းရရှိသည်။

နစက၏ အလုပ်သမားဝန်ကြီးအသစ် ဦးမြင့်နောင်အနေဖြင့် ပြည်ပအလုပ်သမားဈေးကွက်နှင့်ပတ်သက်၍ ရုရှားနိုင်ငံအပါအဝင် အခြားနိုင်ငံများ၌ တိုးချဲ့ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအဝိုင်းက ပြောသည်။
လက်ရှိတွင် ရုရှားနိုင်ငံရှိ ကုမ္ပဏီတစ်ခုအနေဖြင့် မြန်မာလုပ်သားများကို ခေါ်ယူလိုကြောင်း ကမ်းလှမ်းနေမှုများရှိပြီး လုပ်သားစေလွှတ်နိုင်ရေးအတွက် စီစဉ်ပြင် ဆင်နေမှုများရှိကြောင်း သိရသည်။
“သူတို့က အခုဆိုရင် ကျွန်းကြီးတစ်ခုမှာ Developing လုပ်ဖို့ပြင်နေတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွက် ခေါ်နေတာရှိတယ်။ ကုမ္ပဏီတစ်ခုက လာတာပေါ့။ ဒါ့ပြင် သင်္ဘောကျင်းတွေမှာလည်း အလုပ်လုပ်ဖို့ ခေါ်ချင်နေတာတွေရှိတယ်။ အဲဒီအတွက် လက်မှတ်ထိုးဖို့ လုပ်နေတာရှိတယ်။ ကျွန်တော်တို့ဘက်ကလည်း စိတ်ဝင်စားတယ်”ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
မြန်မာလုပ်သားများကို ရုရှားနိုင်ငံသို့ စေလွှတ်နိုင်ရေးအတွက် နှစ်နိုင်ငံအကြား နာလည်မှုစာချွန်လွှာ(MoU) ရေးထိုးရန် ပြင်ဆင်နေမှုများရှိကြောင်းအလုပ်သမား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း NP News ကို အတည်ပြုထားသည်။
ရုရှားနိုင်ငံသည် ၎င်း၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် သင်္ဘောကျင်းလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သားများကို ခေါ်ယူလိုခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ လုပ်သားများအနေဖြင့် ထိုင်းနိုင်ငံသို့ အများဆုံးသွား ရောက် အလုပ်လုပ်ကိုင်လျက်ရှိပြီး မလေးရှား၊ စင်္ကာပူ၊ ကိုရီးယား၊ ဂျပန်နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင်လည်း သွားရောက်အလုပ်လုပ်ကိုင်မှုများရှိကြောင်း သိရသည်။
zawgyi version
႐ုရွားႏိုင္ငံက ျမန္မာလုပ္သားမ်ားကို ေခၚယူရန္ ဆႏၵရွိေနၿပီး လုပ္သားပို႔ေဆာင္ေရး ႏွစ္ႏိုင္ငံအၾကား MoU ေရးထိုးရန္ရွိ
ျမဴနစ္ (NP News) - ေအာက္တိုဘာ ၁၆
႐ုရွားႏိုင္ငံက ျမန္မာလုပ္သားမ်ားကို ေခၚယူရန္ ဆႏၵရွိေနၿပီး လုပ္သားပို႔ေဆာင္ေရးအတြက္ ႏွစ္ႏိုင္ငံအၾကား MoU ေရးထိုးရန္ရွိေၾကာင္း သတင္းရရွိသည္။
နစက၏ အလုပ္သမားဝန္ႀကီးအသစ္ ဦးျမင့္ေနာင္အေနျဖင့္ ျပည္ပအလုပ္သမားေဈးကြက္ႏွင့္ပတ္သက္၍ ႐ုရွားႏိုင္ငံအပါအဝင္ အျခားႏိုင္ငံမ်ား၌ တိုးခ်ဲ႕ရွာေဖြမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း ေတြ႕ရွိရသည္ဟု ျပည္ပအလုပ္အကိုင္ေအဂ်င္စီအသိုင္းအဝိုင္းက ေျပာသည္။
လက္ရွိတြင္ ႐ုရွားႏိုင္ငံရွိ ကုမၸဏီတစ္ခုအေနျဖင့္ ျမန္မာလုပ္သားမ်ားကို ေခၚယူလိုေၾကာင္း ကမ္းလွမ္းေနမႈမ်ားရွိၿပီး လုပ္သားေစလႊတ္ႏိုင္ေရးအတြက္ စီစဥ္ျပင္ ဆင္ေနမႈမ်ားရွိေၾကာင္း သိရသည္။
“သူတို႔က အခုဆိုရင္ ကြၽန္းႀကီးတစ္ခုမွာ Developing လုပ္ဖို႔ျပင္ေနတယ္။ ေဆာက္လုပ္ေရးလုပ္ငန္းခြင္အတြက္ ေခၚေနတာရွိတယ္။ ကုမၸဏီတစ္ခုက လာတာေပါ့။ ဒါ့ျပင္ သေဘၤာက်င္းေတြမွာလည္း အလုပ္လုပ္ဖို႔ ေခၚခ်င္ေနတာေတြရွိတယ္။ အဲဒီအတြက္ လက္မွတ္ထိုးဖို႔ လုပ္ေနတာရွိတယ္။ ကြၽန္ေတာ္တို႔ဘက္ကလည္း စိတ္ဝင္စားတယ္”ဟု ျပည္ပအလုပ္အကိုင္ေအဂ်င္စီတစ္ခုမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ျမန္မာလုပ္သားမ်ားကို ႐ုရွားႏိုင္ငံသို႔ ေစလႊတ္ႏိုင္ေရးအတြက္ ႏွစ္ႏိုင္ငံအၾကား နာလည္မႈစာခြၽန္လႊာ(MoU) ေရးထိုးရန္ ျပင္ဆင္ေနမႈမ်ားရွိေၾကာင္းအလုပ္သမား ဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးကလည္း NP News ကို အတည္ျပဳထားသည္။
႐ုရွားႏိုင္ငံသည္ ၎၏ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ႏွင့္ သေဘၤာက်င္းလုပ္ငန္းမ်ားတြင္ အလုပ္လုပ္ကိုင္ရန္အတြက္ ျမန္မာလုပ္သားမ်ားကို ေခၚယူလိုျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံမွ လုပ္သားမ်ားအေနျဖင့္ ထိုင္းႏိုင္ငံသို႔ အမ်ားဆုံးသြား ေရာက္ အလုပ္လုပ္ကိုင္လ်က္ရွိၿပီး မေလးရွား၊ စကၤာပူ၊ ကိုရီးယား၊ ဂ်ပန္ႏွင့္ အေရွ႕အလယ္ပိုင္းႏိုင္ငံမ်ားတြင္လည္း သြားေရာက္အလုပ္လုပ္ကိုင္မႈမ်ားရွိေၾကာင္း သိရသည္။