အစ္စရေးနိုင်ငံကို အစားစာနဲ့ ရေနံမတင်ပို့ဖို့ မွတ်စလင်နိုင်ငံတွေကို အီရန်ဘာသာရေးခေါင်းဆောင် တိုက်တွန်းတောင်းဆို
2706
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂
အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အယာတိုလာ အလီခါမေနီဟာ ဂါဇာဒေသကို တိုက်ခိုက်နေတဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေ ရပ်တန့်အောင် အစ္စရေးနိုင်ငံအပေါ် ရေနံ နဲ့ အစားအစာတင်ပို့မှုတွေ ရပ်ဆိုင်းဖို့ မွတ်စလင်နိုင်ငံတွေကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
အယာတိုလာခါမေနီက "အစ္စရေးနိုင်ငံရဲ့ဂါဇာဒေသအပေါ်ပြုလုပ်နေတဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေကို ရပ်တန့်ဖို့ ဘာတွေလုပ်ဆောင်ဖို့ လိုအပ်နေသလဲ။ မွတ်စလင်နိုင်ငံတွေဟာ အစ္စရေးနိုင်ငံကို ရေနံ နဲ့ အစားစာတင်ပို့မှုတွေ တားဆီး ပိတ်ပင်ထားသင့်တယ်" လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ အစ္စရေးရဲ့တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ မွတ်စလင်နိုင်ငံတွေမှာသာမက အမေရိကန် နဲ့ အနောက်အုပ်စုနိုင်ငံတွေမျာလည်း တောင်းဆိုဆန္ဒနေကြောင်း အယာတိုလာခါမေနီက ပြောပါတယ်။ ဒါ့အပြင် အီရန်နိုင်ငံခြားရေးဝန်ကြီးကလည်း မွတ်စလင်နိုင်ငံတွေအနေနဲ့ အစ္စရေးနိုင်ငံကို ရေနံ ပေးပို့မှုတွေနဲ့ပတ်သက်ပြီး ပိတ်ဆို့မှုချမှတ်သင့်ကြောင်း အောက်တိုဘာလအလယ်တုန်းက ပြောဆိုခဲ့ဖူးပါတယ်။ လစ်ဗျား အောက်လွှတ်တော် ကိုယ်စားလှယ်များက အစ္စရေးဟာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ရပ်တန့်မှုမရှိဘူးဆိုရင် အစ္စရေးနိုင်ငံအပေါ် ရေနံ နဲ့ ဓါတ်ငွေ့ပေးပို့မှုတွေကို ရပ်တန့်သွားဖို့ လစ်ဗျားအစိုးရကို တောင်းဆိုသွားဖွယ်ရှိတယ်လို့ ဆိုပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲအတွင်း အခြားနိုင်ငံအဖွဲ့အစည်းတွေ ပါဝင်လာမယ်ဆိုရင် နိုင်ငံတကာရေနံဈေးကွက်ကို အရှေ့အလယ်ပိုင်းဒေသက ရေနံတင်ပို့မှုတွေ ဆိုင်းငံ့သွားရမယ်လို့ အီရတ်အစိုးရက ပြောပါတယ်။ အရှေ့အလယ်ပိုင်းဒေသရှိနိုင်ငံတွေဟာ ဂါဇာဒေသကိုတိုက်ခိုက်နေတဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေ ကို အဆုံးသတ်ဖို့တောင်းဆိုနေဆဲဖြစ်ပေမယ့် အစ္စရေးဘက်ကတော့ စစ်ပွဲကိုအဆုံးမသတ်ဘဲ ဆက်လက်တိုက်ခိုက် နေဆဲဖြစ်ကြောင်း သိရပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ တစ်လနီးပါးကြာနေပြီး အစ္စရေးနဲ့ ပါလက်စတိုင်းလူမျိုး စုစုပေါင်း အနည်းဆုံး ၁ သောင်းနီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။
Zawgyi Version;
အစၥေရးႏိုင္ငံကို အစားစာနဲ႔ ေရနံမတင္ပို႔ဖို႔ မြတ္စလင္ႏိုင္ငံေတြကို အီရန္ဘာသာေရးေခါင္းေဆာင္ တိုက္တြန္း ေတာင္းဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂
အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ အယာတိုလာ အလီခါေမနီဟာ ဂါဇာေဒသကို တိုက္ခိုက္ေနတဲ့ အစၥေရးရဲ႕တိုက္ခိုက္မႈေတြ ရပ္တန႔္ေအာင္ အစၥေရးႏိုင္ငံအေပၚ ေရနံ နဲ႔ အစားအစာတင္ပို႔မႈေတြ ရပ္ဆိုင္းဖို႔ မြတ္စလင္ႏိုင္ငံေတြကို တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။
အယာတိုလာခါေမနီက "အစၥေရးႏိုင္ငံရဲ႕ဂါဇာေဒသအေပၚျပဳလုပ္ေနတဲ့ စစ္ရာဇဝတ္မႈက်ဴးလြန္မႈေတြကို ရပ္တန႔္ဖို႔ ဘာေတြလုပ္ေဆာင္ဖို႔ လိုအပ္ေနသလဲ။ မြတ္စလင္ႏိုင္ငံေတြဟာ အစၥေရးႏိုင္ငံကို ေရနံ နဲ႔ အစားစာတင္ပို႔မႈေတြ တားဆီး ပိတ္ပင္ထားသင့္တယ္" လို႔ ေျပာပါတယ္။
လက္ရွိအခ်ိန္မွာ အစၥေရးရဲ႕တိုက္ခိုက္မႈေတြ ရပ္တန႔္ဖို႔ မြတ္စလင္ႏိုင္ငံေတြမွာသာမက အေမရိကန္ နဲ႔ အေနာက္အုပ္စုႏိုင္ငံေတြမ်ာလည္း ေတာင္းဆိုဆႏၵေနေၾကာင္း အယာတိုလာခါေမနီက ေျပာပါတယ္။ ဒါ့အျပင္ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးကလည္း မြတ္စလင္ႏိုင္ငံေတြအေနနဲ႔ အစၥေရးႏိုင္ငံကို ေရနံ ေပးပို႔မႈေတြနဲ႔ပတ္သက္ၿပီး ပိတ္ဆို႔မႈခ်မွတ္သင့္ေၾကာင္း ေအာက္တိုဘာလအလယ္တုန္းက ေျပာဆိုခဲ့ဖူးပါတယ္။ လစ္ဗ်ား ေအာက္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားက အစၥေရးဟာ ထိုးစစ္ဆင္တိုက္ခိုက္မႈေတြကို ရပ္တန႔္မႈမရွိဘူးဆိုရင္ အစၥေရးႏိုင္ငံအေပၚ ေရနံ နဲ႔ ဓါတ္ေငြ႕ေပးပို႔မႈေတြကို ရပ္တန႔္သြားဖို႔ လစ္ဗ်ားအစိုးရကို ေတာင္းဆိုသြားဖြယ္ရွိတယ္လို႔ ဆိုပါတယ္။
အစၥေရးနဲ႔ ဟားမက္စ္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့စစ္ပြဲအတြင္း အျခားႏိုင္ငံအဖြဲ႕အစည္းေတြ ပါဝင္လာမယ္ဆိုရင္ ႏိုင္ငံတကာေရနံေဈးကြက္ကို အေရွ႕အလယ္ပိုင္းေဒသက ေရနံတင္ပို႔မႈေတြ ဆိုင္းငံ့သြားရမယ္လို႔ အီရတ္အစိုးရက ေျပာပါတယ္။ အေရွ႕အလယ္ပိုင္းေဒသရွိႏိုင္ငံေတြဟာ ဂါဇာေဒသကိုတိုက္ခိုက္ေနတဲ့ အစၥေရးရဲ႕တိုက္ခိုက္မႈေတြ ကို အဆုံးသတ္ဖို႔ေတာင္းဆိုေနဆဲျဖစ္ေပမယ့္ အစၥေရးဘက္ကေတာ့ စစ္ပြဲကိုအဆုံးမသတ္ဘဲ ဆက္လက္တိုက္ခိုက္ ေနဆဲျဖစ္ေၾကာင္း သိရပါတယ္။
အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ တစ္လနီးပါးၾကာေနၿပီး အစၥေရးနဲ႔ ပါလက္စတိုင္းလူမ်ိဳး စုစုေပါင္း အနည္းဆုံး ၁ ေသာင္းနီးပါး ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။