Made in Myanmar ကုန်ပစ္စည်းများ ပြည်ပစျေးကွက်ချဲ့ထွင်ရန် အခွင့်အလမ်းရရှိခဲ့သည့် “ဗမာ-ဗီယက်နမ် ကုန်စည်ပြပွဲ ၂ဝ၂၃” ကျင်းပပြီးစီး

698

Pearl (NP News) - နိုဝင်ဘာ ၆
မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံအခြေစိုက် ဗီယက်နမ်ကုန်သွယ်ရေးရုံးတို့က ပူးပေါင်း၍ နိုဝင်ဘာလ (၁)ရက်နေ့မှ (၃)ရက်နေ့အထိ ရန်ကုန်မြို့၌ “ဗမာ-ဗီယက်နမ် ကုန်စည်ပြပွဲ ၂ဝ၂၃” ကို ကျင်းပခဲ့သည်။
ပြပွဲကို မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးလုပ်ငန်းရှင်အချင်းချင်းအပြင် ပြည်ပလုပ်ငန်းရှင်များနှင့်ချိတ်ဆက် တိုးချဲ့ လုပ်ကိုင်နိုင်ရန် နှင့် ဒေသထွက်ကုန်ပစ္စည်းများကို Value-added ပြုလုပ်၍ နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက် နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ပြပွဲတွင် ဗီယက်နမ် လုပ်ငန်းရှင်များက Food and Beverages ၊ Home Appliances and Electrical Devices ၊ Equipment and Materials of Construction, Agriculture and Manufacturing ၊ POS Solutions ၊ Lubricants and Engine Oil ၊ Clothes တို့ကို ခင်းကျင်းပြသခဲ့ကြပြီး မြန်မာလုပ်ငန်းရှင်များက Export Quality Product များဖြစ်သော လူသုံးကုန် နှင့် စားသောက်ကုန်ပစ္စည်းများကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ထို့ပြင် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး နှစ်ဖက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသဖြင့် ဗီယက်နမ်ကုန်ပစ္စည်းများ မိတ်ဆက်ခွင့်ရရှိခဲ့ကာ မြန်မာနိုင်ငံ၏ Made in Myanmar ကုန်ပစ္စည်းများလည်း ပြည်ပစျေးကွက် ချဲ့ထွင်နိုင်မည့် အခွင့်အလမ်းများ ရရှိခဲ့ကြောင်း သိရသည်။
ယခုကျင်းပခဲ့သောကုန်စည်ပြပွဲသည် (၃)ကြိမ်မြောက်ပြပွဲဖြစ်ပြီး ကုန်စည်ပြပွဲများကျင်းပခြင်းကြောင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်သည်။

Zawgyi Version;
Made in Myanmar ကုန်ပစ္စည်းများ ပြည်ပဈေးကွက်ချဲ့ထွင်ရန် အခွင့်အလမ်းရရှိခဲ့သည့် “ဗမာ-ဗီယက်နမ် ကုန်စည်ပြပွဲ ၂ဝ၂၃” ကျင်းပပြီးစီး
ပြပွဲကို မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးလုပ်ငန်းရှင်အချင်းချင်းအပြင် ပြည်ပလုပ်ငန်းရှင်များနှင့်ချိတ်ဆက် တိုးချဲ့ လုပ်ကိုင်နိုင်ရန် နှင့် ဒေသထွက်ကုန်ပစ္စည်းများကို Value-added ပြုလုပ်၍ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက် နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး နှစ်ဖက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသဖြင့် ဗီယက်နမ်ကုန်ပစ္စည်းများ မိတ်ဆက်ခွင့်ရရှိခဲ့ကာ မြန်မာနိုင်ငံ၏ Made in Myanmar ကုန်ပစ္စည်းများလည်း ပြည်ပဈေးကွက် ချဲ့ထွင်နိုင်မည့် အခွင့်အလမ်းများ ရရှိခဲ့ကြောင်း သိရသည်။