ရှမ်း(မြောက်)တိုက်ပွဲများကြောင့် လားရှိုးမြို့ရှောင်လမ်းပေါ်၌ ခရီးသွားပြည်သူ (၃ဝဝ)ခန့် ပိတ်မိနေ၊ အစားအသောက်များ လိုအပ်

 2970

စော (NP News) - နိုဝင်ဘာ ၆

တိုက်ပွဲများကြောင့် လားရှိုးမြို့ရှောင်လမ်းပေါ်၌ ခရီးသွားပြည်သူ (၃ဝဝ)ခန့် ပိတ်မိနေပြီး အစားအသောက်များ လိုအပ်နေကြောင်း သိရသည်။

အဆိုပါ ခရီးသွားပြည်သူများသည် ပြီးခဲ့သည့် အောက်တိုဘာ (၂၇)ရက်မှစတင်ကာ လားရှိုးမြို့ရှောင်လမ်းပေါ်၌ ပိတ်မိနေခြင်းဖြစ်ကြောင်း လားရှိုးမြို့အခြေစိုက် လူမှုကူညီရေးအသင်းများမှ သိရသည်။

“သိရသလောက်ကတော့ အောက်တိုဘာ (၂၇)ရက်ထဲက အဲဒီနားမှာပဲနေတယ် ပြောတယ်။ ကားပေါ်မှာနေတဲ့ လူလည်းရှိတယ်။ ဆောက်လုပ်လက်စ ဆီဆိုင်ထဲမှာ နေကြတာလည်းရှိတယ်။ တစ်ချို့ကြတော့လည်း ထမင်းဆိုင် ထဲမှာလည်း နေကြတယ်။ မနေ့ကစာရင်းဆိုရင် ကားသမားအပါ (၂ဝဝ)ကျော်လောက်ရှိတယ်” ဟု လူမှုကူညီရေး အသင်းဝင်တစ်ဦးက NP News ကို အတည်ပြုပြောသည်။

အဆိုပါ ပိတ်မိနေသူများကို ယနေ့ (နိုဝင်ဘာ ၆ ရက်) တွင် လားရှိုးမြို့အခြေစိုက် လူမှုကူညီအသင်းများမှ ထမင်းဘူး (၄ဝဝ)ကျော် ပေးပို့လှူဒါန်းခဲ့ကြကြောင်း သိရသည်။

“လောလောဆယ် ထမင်းဘူး (၄ဝဝ)ကျော် ကျော်ပါသွားတယ်။ နှစ်ကြိမ်မသွားနိုင်တော့ တစ်ယောက်ကို နှစ်ဗူးနှုန်း နဲ့ ပေးခဲ့တယ်။ ညနေစာကော ရေကော အဆင်ပြေလုံလောက်အောင် ပို့ပေးခဲ့တာပါ။ တစ်ပတ်ကျော်လာတော့ အစားအသောက်လေး အခက်အခဲရှိလာတာပေါ့။ အဲဒီတော့ နောက်ရက်တွေ ထမင်းဟင်းရအောင် ကျွန်တော်တို့ စီစဉ်ပေးနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် (အောက်တိုဘာ ၂၇ ရက်) မှ စတင်၍ MNDAA၊ TNLA၊ AA မဟာမိတ်(၃)ဖွဲ့ က တပ်မတော်စခန်းများနှင့် ရဲစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ရွမ္း(ေျမာက္)တိုက္ပြဲမ်ားေၾကာင့္ လားရႈိးၿမိဳ႕ေရွာင္လမ္းေပၚ၌ ခရီးသြားျပည္သူ (၃ဝဝ)ခန႔္ ပိတ္မိေန၊ အစားအေသာက္မ်ား လိုအပ္
ေစာ (NP News) - ႏိုဝင္ဘာ ၆

တိုက္ပြဲမ်ားေၾကာင့္ လားရႈိးၿမိဳ႕ေရွာင္လမ္းေပၚ၌ ခရီးသြားျပည္သူ (၃ဝဝ)ခန႔္ ပိတ္မိေနၿပီး အစားအေသာက္မ်ား လိုအပ္ေနေၾကာင္း သိရသည္။

အဆိုပါ ခရီးသြားျပည္သူမ်ားသည္ ၿပီးခဲ့သည့္ ေအာက္တိုဘာ (၂၇)ရက္မွစတင္ကာ လားရႈိးၿမိဳ႕ေရွာင္လမ္းေပၚ၌ ပိတ္မိေနျခင္းျဖစ္ေၾကာင္း လားရႈိးၿမိဳ႕အေျခစိုက္ လူမႈကူညီေရးအသင္းမ်ားမွ သိရသည္။

“သိရသေလာက္ကေတာ့ ေအာက္တိုဘာ (၂၇)ရက္ထဲက အဲဒီနားမွာပဲေနတယ္ ေျပာတယ္။ ကားေပၚမွာေနတဲ့ လူလည္းရွိတယ္။ ေဆာက္လုပ္လက္စ ဆီဆိုင္ထဲမွာ ေနၾကတာလည္းရွိတယ္။ တစ္ခ်ိဳ႕ၾကေတာ့လည္း ထမင္းဆိုင္ ထဲမွာလည္း ေနၾကတယ္။ မေန႔ကစာရင္းဆိုရင္ ကားသမားအပါ (၂ဝဝ)ေက်ာ္ေလာက္ရွိတယ္” ဟု လူမႈကူညီေရး အသင္းဝင္တစ္ဦးက NP News ကို အတည္ျပဳေျပာသည္။

အဆိုပါ ပိတ္မိေနသူမ်ားကို ယေန႔ (ႏိုဝင္ဘာ ၆ ရက္) တြင္ လားရႈိးၿမိဳ႕အေျခစိုက္ လူမႈကူညီအသင္းမ်ားမွ ထမင္းဘူး (၄ဝဝ)ေက်ာ္ ေပးပို႔လႉဒါန္းခဲ့ၾကေၾကာင္း သိရသည္။

“ေလာေလာဆယ္ ထမင္းဘူး (၄ဝဝ)ေက်ာ္ ေက်ာ္ပါသြားတယ္။ ႏွစ္ႀကိမ္မသြားႏိုင္ေတာ့ တစ္ေယာက္ကို ႏွစ္ဗူးႏႈန္း နဲ႔ ေပးခဲ့တယ္။ ညေနစာေကာ ေရေကာ အဆင္ေျပလုံေလာက္ေအာင္ ပို႔ေပးခဲ့တာပါ။ တစ္ပတ္ေက်ာ္လာေတာ့ အစားအေသာက္ေလး အခက္အခဲရွိလာတာေပါ့။ အဲဒီေတာ့ ေနာက္ရက္ေတြ ထမင္းဟင္းရေအာင္ ကြၽန္ေတာ္တို႔ စီစဥ္ေပးေနပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ၿပီးခဲ့သည့္ (ေအာက္တိုဘာ ၂၇ ရက္) မွ စတင္၍ MNDAA၊ TNLA၊ AA မဟာမိတ္(၃)ဖြဲ႕ က တပ္မေတာ္စခန္းမ်ားႏွင့္ ရဲစခန္းမ်ားကို အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.