ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့၌ ဆီပြတ်လပ်မှုသတင်းနှင့်အတူ ဆီဆိုင်များတွင် ကားများစွာ တန်းစီစောင့်ဆိုင်းမှုဖြစ်ပေါ်

 2052

မြူနစ် (NP News) - နိုဝင်ဘာ ၁၁

ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့၌ ဆီပြတ်လပ်မှုသတင်းနှင့်အတူ ဆီဆိုင်များတွင် ကားများစွာ တန်းစီစောင့်ဆိုင်းမှုဖြစ်ပေါ်ခဲ့သည်။

ယမန်နေ့(နိုဝင်ဘာလ ၁၀ ရက်) ညနေပိုင်းမှစတင်ကာ ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့၌ အောက်တိန်း(၉၂)ဆီ ကုန်နေသည်ဟုဆိုကာ ရောင်းချပေးမှု မရှိခဲ့ကြောင်း သိရသည်။

သို့သော် ယနေ့(နိုဝင်ဘာလ ၁၁ ရက်)တွင် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ပုံမှန်အတိုင်း ပြန်လည်ရောင်းချမှုများရှိခဲ့သော်လည်း ကားအများအပြား တန်းစီစောင့်ဆိုင်းဝယ်ယူမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“တစ်ချို့ဆိုင်တွေက ၉၂ မရှိတော့ဘူးဆိုပြီး ရောင်းမပေးဘူးပေါ့။ ဒါပေမယ့် တခြားဆိုင်တွေကြတော့လည်း ရောင်းပေးနေတာရှိပါတယ်။ မနက်က မြင်သာနဲ့ သုဝဏ္ဏနားက ဆီဆိုင်တွေကို ၉၅ ရှိလား မေးကြည့်တော့ ရှိတယ်ပြောတယ်။ နေ့လည်လောက်မှာ သွားထည့်တော့ မရှိတော့ဘူးဆိုပြီး ပြောတယ်။ တခြားဆီဆိုင်တွေကတော့ ရောင်းပေးတယ် ကားတော့ နည်းနည်းများတာပေါ့” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သော ကားအသုံးပြုသူတစ်ဦးက ပြောသည်။

ထိုသို့ ဆီပြတ်လပ်မှုသတင်းများ ထွက်ပေါ်မှုနှင့်အတူ ရန်ကုန်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အချို့၌ ကားများစွာ တန်းစီစောင့်ဆိုင်းကာ ဆီဝယ်ယူခဲ့ရမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“မင်းဓမ္မလမ်းထောင့်မှာရှိတဲ့ Terminal ဆီဆိုင်က အရင်ကဆို ကားရှင်းတယ်။ ဒီနေ့မနက်မှာတော့ အတော်လေးစောင့်လိုက်ရတယ်။ တစ်နာရီနီးပါးလောက် ကြာမယ်ထင်တယ်။ ကားတွေလည်း အတော်လေးများတယ်။ လမ်းတွေပါ ပိတ်ကုန်တယ်။ ဆီပြတ်တယ်ဆိုတဲ့ သတင်းလည်း ကြားတော့ စိတ်ပူတာပေါ့။ ဒါပေမယ့် ဆီတွေက ရှိပါတယ်။ သူတို့ ရသလောက် ရောင်းပေးနေတာ တွေ့ပါတယ်” ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။

လက်ရှိ နစကအစိုးရလက်ထက်တွင် စက်သုံးဆီနှင့်ပတ်သက်၍ ပြတ်လပ်မှုဖြစ်ပေါ်နေသည်ဆိုသည့်သတင်းများ မကြာခဏဆိုသကဲ့သို့ ထွက်ပေါ်ခဲ့ဖူးသည်။

“ဆီဈေးကလည်း ကျနေတော့ သူတို့က မရောင်းနိုင်ဘူးဖြစ်နေတဲ့ သဘောပေါ့လို့ ထင်တယ်။ အဲဒါက တစ်ချက်ပေါ့။ နောက် ဆီက နိုင်ငံခြားက ဝယ်ရတာလည်း ခက်တယ်လို့ ကြားတယ်။ ခက်တော့ မလုံလောက်ဘူးထင်လို့ အခုလို့ ချွေတာရောင်းနေတဲ့သဘောလည်းလို့ ယူဆလို့ရတာပေါ့။ import လုပ်ရတာက ခက်ခက်ခဲခဲနဲ့ လုပ်နေရတယ်လို့ ကြားတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်က ပြောသည်။

ထိုသို့ ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့၌ ဆီပြတ်လပ်မှုသတင်းများနှင့်ပတ်သက်၍ နစကအနေဖြင့် လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးပေ။

zawgyi version
ရန္ကုန္ၿမိဳ႕ရွိ စက္သုံးဆီအေရာင္းဆိုင္အခ်ိဳ႕၌ ဆီျပတ္လပ္မႈသတင္းႏွင့္အတူ ဆီဆိုင္မ်ားတြင္ ကားမ်ားစြာ တန္းစီေစာင့္ဆိုင္မႈျဖစ္ေပၚ
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၁၁

ရန္ကုန္ၿမိဳ႕ရွိ စက္သုံးဆီအေရာင္းဆိုင္အခ်ိဳ႕၌ ဆီျပတ္လပ္မႈသတင္းႏွင့္အတူ ဆီဆိုင္မ်ားတြင္ ကားမ်ားစြာ တန္းစီေစာင့္ဆိုင္မႈျဖစ္ေပၚခဲ့သည္။

ယမန္ေန႔(ႏိုဝင္ဘာလ ၁၀ ရက္) ညေနပိုင္းမွစတင္ကာ ရန္ကုန္ၿမိဳ႕ရွိ စက္သုံးဆီအေရာင္းဆိုင္အခ်ိဳ႕၌ ေအာက္တိန္း(၉၂)ဆီ ကုန္ေနသည္ဟုဆိုကာ ေရာင္းခ်ေပးမႈ မရွိခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္ ယေန႔(ႏိုဝင္ဘာလ ၁၁ ရက္)တြင္ နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ စက္သုံးဆီအေရာင္းဆိုင္မ်ား၌ ပုံမွန္အတိုင္း ျပန္လည္ေရာင္းခ်မႈမ်ားရွိခဲ့ေသာ္လည္း ကားအမ်ားအျပား တန္းစီေစာင့္ဆိုင္းဝယ္ယူမႈျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

“တစ္ခ်ိဳ႕ဆိုင္ေတြက ၉၂ မရွိေတာ့ဘူးဆိုၿပီး ေရာင္းမေပးဘူးေပါ့။ ဒါေပမယ့္ တျခားဆိုင္ေတြၾကေတာ့လည္း ေရာင္းေပးေနတာရွိပါတယ္။ မနက္က ျမင္သာနဲ႔ သုဝဏၰနားက ဆီဆိုင္ေတြကို ၉၅ ရွိလား ေမးၾကည့္ေတာ့ ရွိတယ္ေျပာတယ္။ ေန႔လည္ေလာက္မွာ သြားထည့္ေတာ့ မရွိေတာ့ဘူးဆိုၿပီး ေျပာတယ္။ တျခားဆီဆိုင္ေတြကေတာ့ ေရာင္းေပးတယ္ ကားေတာ့ နည္းနည္းမ်ားတာေပါ့” ဟု သဃၤန္းကြၽန္းၿမိဳ႕နယ္တြင္ ေနထိုင္ေသာ ကားအသုံးျပဳသူတစ္ဦးက ေျပာသည္။

ထိုသို႔ ဆီျပတ္လပ္မႈသတင္းမ်ား ထြက္ေပၚမႈႏွင့္အတူ ရန္ကုန္ၿမိဳ႕အတြင္းရွိ စက္သုံးဆီအေရာင္းဆိုင္အခ်ိဳ႕၌ ကားမ်ားစြာ တန္းစီေစာင့္ဆိုင္းကာ ဆီဝယ္ယူခဲ့ရမႈျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

“မင္းဓမၼလမ္းေထာင့္မွာရွိတဲ့ Terminal ဆီဆိုင္က အရင္ကဆို ကားရွင္းတယ္။ ဒီေန႔မနက္မွာေတာ့ အေတာ္ေလးေစာင့္လိုက္ရတယ္။ တစ္နာရီနီးပါးေလာက္ ၾကာမယ္ထင္တယ္။ ကားေတြလည္း အေတာ္ေလးမ်ားတယ္။ လမ္းေတြပါ ပိတ္ကုန္တယ္။ ဆီျပတ္တယ္ဆိုတဲ့ သတင္းလည္း ၾကားေတာ့ စိတ္ပူတာေပါ့။ ဒါေပမယ့္ ဆီေတြက ရွိပါတယ္။ သူတို႔ ရသေလာက္ ေရာင္းေပးေနတာ ေတြ႕ပါတယ္” ဟု တကၠစီယာဥ္ေမာင္းတစ္ဦးက ေျပာသည္။

လက္ရွိ နစကအစိုးရလက္ထက္တြင္ စက္သုံးဆီႏွင့္ပတ္သက္၍ ျပတ္လပ္မႈျဖစ္ေပၚေနသည္ဆိုသည့္သတင္းမ်ား မၾကာခဏဆိုသကဲ့သို႔ ထြက္ေပၚခဲ့ဖူးသည္။

“ဆီေဈးကလည္း က်ေနေတာ့ သူတို႔က မေရာင္းႏိုင္ဘူးျဖစ္ေနတဲ့ သေဘာေပါ့လို႔ ထင္တယ္။ အဲဒါက တစ္ခ်က္ေပါ့။ ေနာက္ ဆီက ႏိုင္ငံျခားက ဝယ္ရတာလည္း ခက္တယ္လို႔ ၾကားတယ္။ ခက္ေတာ့ မလုံေလာက္ဘူးထင္လို႔ အခုလို႔ ေခြၽတာေရာင္းေနတဲ့သေဘာလည္းလို႔ ယူဆလို႔ရတာေပါ့။ import လုပ္ရတာက ခက္ခက္ခဲခဲနဲ႔ လုပ္ေနရတယ္လို႔ ၾကားတယ္” ဟု စီးပြားေရးလုပ္ငန္းရွင္က ေျပာသည္။

ထိုသို႔ ရန္ကုန္ၿမိဳ႕ရွိ စက္သုံးဆီအေရာင္းဆိုင္အခ်ိဳ႕၌ ဆီျပတ္လပ္မႈသတင္းမ်ားႏွင့္ပတ္သက္၍ နစကအေနျဖင့္ လက္ရွိအခ်ိန္ထိ တစ္စုံတစ္ရာ ထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳး မရွိေသးေပ။

Related news

© 2021. All rights reserved.