ဘရာဇီးက တေလာဆွဖ်ရဲ့ “The Eras Tour” ဖျော်ဖြေပွဲကို Christ the Redeemer ရုပ်တုပေါ်မှာ ပုံရိပ်တစ်ခုထိုးပြီး ဖျော်ဖြေမည်

 574

ရောင်နီ(NP News) - နိုဝင်ဘာ ၁၈

မကြာမီရက်ပိုင်းအတွင်း ကမ္ဘာကျော် ပေါ့စ်အဆိုတော် တေလာဆွစ်ဖ်ရဲ့ "The Eras Tour" ဟာ ဘရာဇီးနိုင်ငံကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

Brazil နိုင်ငံက တေလာဆွဖ်ကို ကြိုဆိုတဲ့အနေနဲ့ ရီရိုဒဲဂျာနိုင်ရိုမြို့ရှိ ၃၀ မီတာလောက်အမြင့်ရှိတဲ့ “Christ the Redeemer” ယေရှုရုပ်ထုကြီးပေါ် Taylor နဲ့ ပတ်သက်တဲ့ပုံရိပ်တစ်ခုကို တပ်ဆင်ကာ Taylor Swift ကို ဂုဏ်ပြုသွားဖို့ ပြင်ဆင်ထားပါတယ်။

အဲဒီ ရုပ်တုကို တေလာရဲ့"Junior Jewles” တီရှပ် ဝတ်ဆင်ပေးထားတဲ့ edit ပုံတစ်ခု ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပြီးနောက် တေလာရဲ့ပရိသတ်တွေက အဆိုပါ ပုံရိပ်ကို edit မှ တကယ်ဖြစ်လာစေဖို့ projection campaign စတင်ခဲ့တာပါ။

၎င်းတို့ campaign ကို မြို့ဝန်ကြီးက သတိထားမိပြီးနောက် တေလာဟာ ယခုခေတ်ရဲ့ မိုက်ကယ်ဂျက်ဆင်ပဲလို့ ရည်ညွှန်းဆိုခဲ့ပြီး Taylor Swift projection ကို ရုပ်ထုကြီးပေါ်ပြဖို့ ခွင့်ပြုချက်ပေးခဲ့တာပဲဖြစ်ပါတယ်။

တေလာဟာ အဆိုပါမြို့မှာ နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ဖျော်ဖြေပွဲလုပ်မှာ ဖြစ်ပါတယ်။

ဒီအတွက် ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုတွေ ရှိနေပေမယ့် "Christ the Redeemer” ယေရှုရုပ်ထုပေါ်မှာ projection ထိုးတာဟာ ဒီနေ့ခေတ်မှာ ပုံမှန်လို ဖြစ်နေပါပြီ။

Covid ကူးစက်မှု ကာလတုန်းကလည်း “Christ the Redeemer” ရုပ်ထုမှာ projection ထိုးပြီး covid ကာကွယ်ရေးလှုံ့ဆော်တာတွေ ရှိခဲ့ပါတယ်။

zawgyi version
ဘရာဇီးက ေတလာဆြဖ္ရဲ႕ “The Eras Tour” ေဖ်ာ္ေျဖပြဲကို Christ the Redeemer ႐ုပ္တုေပၚမွာ ပုံရိပ္တစ္ခုထိုးၿပီး ေဖ်ာ္ေျဖမည္
ေရာင္နီ(NP News) - ႏိုဝင္ဘာ ၁၈

မၾကာမီရက္ပိုင္းအတြင္း ကမာၻေက်ာ္ ေပါ့စ္အဆိုေတာ္ ေတလာဆြစ္ဖ္ရဲ႕ "The Eras Tour" ဟာ ဘရာဇီးႏိုင္ငံကို ေရာက္ရွိလာေတာ့မွာျဖစ္ပါတယ္။

Brazil ႏိုင္ငံက ေတလာဆြဖ္ကို ႀကိဳဆိုတဲ့အေနနဲ႔ ရီ႐ိုဒဲဂ်ာႏိုင္႐ိုၿမိဳ႕ရွိ ၃၀ မီတာေလာက္အျမင့္ရွိတဲ့ “Christ the Redeemer” ေယရႈ႐ုပ္ထုႀကီးေပၚ Taylor နဲ႔ ပတ္သက္တဲ့ပုံရိပ္တစ္ခုကို တပ္ဆင္ကာ Taylor Swift ကို ဂုဏ္ျပဳသြားဖို႔ ျပင္ဆင္ထားပါတယ္။

အဲဒီ ႐ုပ္တုကို ေတလာရဲ႕"Junior Jewles” တီရွပ္ ဝတ္ဆင္ေပးထားတဲ့ edit ပုံတစ္ခု ဆိုရွယ္မီဒီယာမွာ ပ်ံ႕ႏွံ႔သြားခဲ့ၿပီးေနာက္ ေတလာရဲ႕ပရိသတ္ေတြက အဆိုပါ ပုံရိပ္ကို edit မွ တကယ္ျဖစ္လာေစဖို႔ projection campaign စတင္ခဲ့တာပါ။

၎တို႔ campaign ကို ၿမိဳ႕ဝန္ႀကီးက သတိထားမိၿပီးေနာက္ ေတလာဟာ ယခုေခတ္ရဲ႕ မိုက္ကယ္ဂ်က္ဆင္ပဲလို႔ ရည္ၫႊန္းဆိုခဲ့ၿပီး Taylor Swift projection ကို ႐ုပ္ထုႀကီးေပၚျပဖို႔ ခြင့္ျပဳခ်က္ေပးခဲ့တာပဲျဖစ္ပါတယ္။

ေတလာဟာ အဆိုပါၿမိဳ႕မွာ ႏိုဝင္ဘာ ၁၇ ရက္မွ ၁၉ ရက္အထိ ေဖ်ာ္ေျဖပြဲလုပ္မွာ ျဖစ္ပါတယ္။

ဒီအတြက္ ဆိုရွယ္မီဒီယာမွာ ေဝဖန္မႈေတြ ရွိေနေပမယ့္ "Christ the Redeemer” ေယရႈ႐ုပ္ထုေပၚမွာ projection ထိုးတာဟာ ဒီေန႔ေခတ္မွာ ပုံမွန္လို ျဖစ္ေနပါၿပီ။

Covid ကူးစက္မႈ ကာလတုန္းကလည္း “Christ the Redeemer” ႐ုပ္ထုမွာ projection ထိုးၿပီး covid ကာကြယ္ေရးလႈံ႕ေဆာ္တာေတြ ရွိခဲ့ပါတယ္။

Related news

© 2021. All rights reserved.