မုန်တိုင်းတိုက်ခတ်မှုအတွင်း သင်္ဘောသား(၁၂)ဦး လိုက်ပါလာသည့် ကုန်တင်သင်္ဘောတစ်စီး ပျောက်ဆုံးသွားခဲ့ကြောင်း တူရကီအာဏာပိုင်များပြော
981
Pika (NP News) - နိုဝင်ဘာ ၂ဝ
တူရကီကုန်တင်သင်္ဘောတစ်စီးနှင့်လိုက်ပါလာသော သင်္ဘောသား(၁၂)ဦးတို့သည် နိုင်ငံအနောက်မြောက်ဘက် ကမ်းရိုးတန်းတွင် မုန်တိုင်းတစ်ခုတိုက်ခတ်ချိန်အတွင်း ပျောက်ဆုံးသွားခဲ့ကြောင်း တူရကီအာဏာပိုင်များက နိုဝင်ဘာ(၁၉)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
Kafkametler အမည်ရှိ ကုန်တင်သင်္ဘောသည် နိုဝင်ဘာလ(၁၉)ရက် နံနက်(၁ဝ)နာရီ (၂၉)မိနစ်အချိန်တွင် ဘေးအန္တရာယ်ကျရောက်နေသည့်အချက်ပြုမှုတစ်ခုကို ပေးပို့ခဲ့ပြီး Eregli မြို့ အနောက်မြောက်ပိုင်းတွင် ၎င်း၏ နောက်ဆုံးအချက်ပြမှုကို ပေးပို့ခဲ့ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ ဌာနခွဲတစ်ခု ပြောကြားချက်အရ သိရသည်။
ရေကြောင်းရေးရာ အထွေထွေညွှန်ကြားရေးမှူးရုံးက "အဲဒီသင်္ဘောနဲ့ သင်္ဘောသားတွေကို ဆက်သွယ်ဖို့ ကျွန်တော် တို့ ကြိုးပမ်းအားထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ရာသီဥတုဆိုးရွားမှုတွေကြောင့် အဲဒီသင်္ဘောရဲ့ တည်နေရာ ကို ရောက်ရှိဖို့ ဒါမှမဟုတ် အနီးကပ် ဆက်သွယ်မှုတွေလုပ်ဆောင်ဖို့ မဖြစ်နိုင်ပါဘူး။ ရာသီဥတု ပြန်လည်ကောင်းမွန် လာတာနဲ့တစ်ပြိုင်နက် ရဟတ်ယာဉ်တွေ၊ သင်္ဘောတွေကိုအသုံးပြုပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်သွားမှာပါ" ဟု ဆိုခဲ့သည်။
အဆိုပါသင်္ဘောပေါ်တွင် အမှုထမ်း(၁၂)ဦးလိုက်ပါလာပြီး ရုရှားနိုင်ငံ Temryuk မြို့မှ တူရကီနိုင်ငံ Aliaga မြို့သို့ ferrosilicon များ သယ်ယူပို့ဆောင်ပေးနေသည့် သင်္ဘောတစ်စီးဖြစ်ကြောင်း သိရသည်။ အဆိုပါကုန်တင်သင်္ဘော သည် Eregli မြို့ ကမ်းလွန်ပင်လယ်ပြင်သို့ ဦးတည်နေကြောင်း သင်္ဘောကပ္ပတိန်က ၎င်း၏နောက်ဆုံးဆက်သွယ်မှု အတွင်း အာဏာပိုင်များကိုပြောကြားခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ(၁၉)ရက်တွင် ပြင်းထန်သောမုန်တိုင်းများနှင့် လေပြင်းတိုက်ခတ်မှုများသည် တူရကီနိုင်ငံ၏ အစိတ် အပိုင်းများစွာကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အနောက်မြောက်ဘက် ကမ်းရိုးတန်းရှိ မြို့နှစ်မြို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကင်မရွန်းနိုင်ငံတွင် မှတ်ပုံတင်ထားသော အခြားသင်္ဘောတစ်စီးသည် Eregli မြို့ ကမ်းလွန်ပင်လယ်ပြင်တွင် ပြင်းထန်သောလှိုင်းလုံးများ၏ ရိုက်ခတ်မှုကြောင့် နှစ်ပိုင်းကျိုးသွားခဲ့သော်လည်း သင်္ဘောသားအားလုံးကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
Zawgyi Version;
မုန္တိုင္းတိုက္ခတ္မႈအတြင္း သေဘၤာသား(၁၂)ဦး လိုက္ပါလာသည့္ ကုန္တင္သေဘၤာတစ္စီး ေပ်ာက္ဆုံးသြားခဲ့ေၾကာင္း တူရကီအာဏာပိုင္မ်ားေျပာ
Pika (NP News) - ႏိုဝင္ဘာ ၂ဝ
တူရကီကုန္တင္သေဘၤာတစ္စီးႏွင့္လိုက္ပါလာေသာ သေဘၤာသား(၁၂)ဦးတို႔သည္ ႏိုင္ငံအေနာက္ေျမာက္ဘက္ ကမ္း႐ိုးတန္းတြင္ မုန္တိုင္းတစ္ခုတိုက္ခတ္ခ်ိန္အတြင္း ေပ်ာက္ဆုံးသြားခဲ့ေၾကာင္း တူရကီအာဏာပိုင္မ်ားက ႏိုဝင္ဘာ(၁၉)ရက္တြင္ ထုတ္ေဖာ္ေျပာခဲ့သည္။
Kafkametler အမည္ရွိ ကုန္တင္သေဘၤာသည္ ႏိုဝင္ဘာလ(၁၉)ရက္ နံနက္(၁ဝ)နာရီ (၂၉)မိနစ္အခ်ိန္တြင္ ေဘးအႏၲရာယ္က်ေရာက္ေနသည့္အခ်က္ျပဳမႈတစ္ခုကို ေပးပို႔ခဲ့ၿပီး Eregli ၿမိဳ႕ အေနာက္ေျမာက္ပိုင္းတြင္ ၎၏ ေနာက္ဆုံးအခ်က္ျပမႈကို ေပးပို႔ခဲ့ေၾကာင္း သယ္ယူပို႔ေဆာင္ေရးဝန္ႀကီးဌာန၏ ဌာနခြဲတစ္ခု ေျပာၾကားခ်က္အရ သိရသည္။
ေရေၾကာင္းေရးရာ အေထြေထြၫႊန္ၾကားေရးမႉး႐ုံးက "အဲဒီသေဘၤာနဲ႔ သေဘၤာသားေတြကို ဆက္သြယ္ဖို႔ ကြၽန္ေတာ္ တို႔ ႀကိဳးပမ္းအားထုတ္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ ရာသီဥတုဆိုး႐ြားမႈေတြေၾကာင့္ အဲဒီသေဘၤာရဲ႕ တည္ေနရာ ကို ေရာက္ရွိဖို႔ ဒါမွမဟုတ္ အနီးကပ္ ဆက္သြယ္မႈေတြလုပ္ေဆာင္ဖို႔ မျဖစ္ႏိုင္ပါဘူး။ ရာသီဥတု ျပန္လည္ေကာင္းမြန္ လာတာနဲ႔တစ္ၿပိဳင္နက္ ရဟတ္ယာဥ္ေတြ၊ သေဘၤာေတြကိုအသုံးျပဳၿပီး ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို လုပ္ေဆာင္သြားမွာပါ" ဟု ဆိုခဲ့သည္။
အဆိုပါသေဘၤာေပၚတြင္ အမႈထမ္း(၁၂)ဦးလိုက္ပါလာၿပီး ႐ုရွားႏိုင္ငံ Temryuk ၿမိဳ႕မွ တူရကီႏိုင္ငံ Aliaga ၿမိဳ႕သို႔ ferrosilicon မ်ား သယ္ယူပို႔ေဆာင္ေပးေနသည့္ သေဘၤာတစ္စီးျဖစ္ေၾကာင္း သိရသည္။ အဆိုပါကုန္တင္သေဘၤာ သည္ Eregli ၿမိဳ႕ ကမ္းလြန္ပင္လယ္ျပင္သို႔ ဦးတည္ေနေၾကာင္း သေဘၤာကပၸတိန္က ၎၏ေနာက္ဆုံးဆက္သြယ္မႈ အတြင္း အာဏာပိုင္မ်ားကိုေျပာၾကားခဲ့ေၾကာင္း သိရသည္။
ႏိုဝင္ဘာလ(၁၉)ရက္တြင္ ျပင္းထန္ေသာမုန္တိုင္းမ်ားႏွင့္ ေလျပင္းတိုက္ခတ္မႈမ်ားသည္ တူရကီႏိုင္ငံ၏ အစိတ္ အပိုင္းမ်ားစြာကို ဝင္ေရာက္တိုက္ခတ္ခဲ့ၿပီး အေနာက္ေျမာက္ဘက္ ကမ္း႐ိုးတန္းရွိ ၿမိဳ႕ႏွစ္ၿမိဳ႕တြင္ ေရလႊမ္းမိုးမႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ကင္မ႐ြန္းႏိုင္ငံတြင္ မွတ္ပုံတင္ထားေသာ အျခားသေဘၤာတစ္စီးသည္ Eregli ၿမိဳ႕ ကမ္းလြန္ပင္လယ္ျပင္တြင္ ျပင္းထန္ေသာလႈိင္းလုံးမ်ား၏ ႐ိုက္ခတ္မႈေၾကာင့္ ႏွစ္ပိုင္းက်ိဳးသြားခဲ့ေသာ္လည္း သေဘၤာသားအားလုံးကို ေဘးကင္းစြာ ကယ္ထုတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။