လုံခြုံမှုအကင်းမဲ့ဆုံးနှင့် စီးပွားရေး ချွတ်ခြုံကျ တိုင်းပြည်ဖြစ်ရခြင်း အကြောင်းရင်းများ

 1814

Htay Oung (NP News) - နိုဝင်ဘာ ၂၃

နိုင်ငံတစ်နိုင်ငံရဲ့အရပ်ရှစ်မျက်နှာအနှံ့ လုံခြုံရေး- အုပ်ချုပ်ရေးစည်း ကျိုးပေါက်နေရခြင်းကို ဆန်းစစ်ကြည့်တဲ့အခါ (၁) #အုပ်ချုပ်မှုအရည်အချင်း_ကင်းမဲ့ခြင်း (၂) #စီမံခန့်ခွဲမှု လွဲမှားခြင်းကို တွေ့ရှိရတယ်။ အဲဒါနဲ့ထပ်ချပ်မကွာ တွဲဖက် အတူပါဝင်လာခြင်းက (၃) #အဂတိလိုက်စားခြင်း ဖြစ်နေဖြစ်နေတယ်။
နယ်မြေဒေသတစ်ခုမှာ လုံခြုံနေပြီ၊ ဘေးကင်းနေပြီ အခုလောလောဆယ်ဖြစ်နေတာတွေဟာ အသေးအဖွဲ့သာဖြစ် ကြောင်း သက်ဆိုင်ရာဘာ့ကြောင့် အဆင့်ဆင့် တင်ပြကြ အစီရင်ခံကြလိမ့်မယ်။ အဲဒီလိုလိမ်ရသလဲဆိုတာ ကတော့ စိတ်ဝင်စားစရာ ကောင်းတယ်။
ဥပမာ - အလားတူ ကုန်သွယ်ရေး၊ စီးပွားရေး၊ ဆောက်လုပ်ရေး စသည်ဖြင့် စီမံအုပ်ချုပ်မှုကဏ္ဍအသီးသီးမှာ နိုင်ငံ အဆင့် စီမံကိန်းတစ်ခုချင်းစီအတွက် ကုန်သည်၊ ပုဂ္ဂလိက ဖြစ်စေတို့နဲ့ စာချုပ် ချုပ်တဲ့အခါ တစ်ဖက်က ငွေပုံပေးပြီး သူ့ဘက်က အသာစီးနဲ့ တစ်ဖက်သပ် အခွင့်အရေးယူသွားတယ်။

အောက်ခြေမှာတော့ နောက်မှ နောက်ရောက်ရာပဲ၊ ဖြစ်ချင်တာဖြစ် ကြည့်ရှင်းကြပေါ့။
ဒါမျိုးဖြစ်လို့ မကျေနပ်လဲ တိုင်ဖို့ တောဖို့ မဖြစ်နိုင်ဘူး။ တော်ရုံနဲ့အပေါ်ကို မရောက်၊ လူယုံဖြစ်နေလဲမရောက်ဖူး၊ အဲဒီလိုလုပ်နေသူဟာ အာဏာအရှိဆုံးလူနဲ့ တိုင်လို့လဲ သူ့အထက်လူကြီးက လက်ခံမှာမဟုတ်ဖူး။
တိုင်မိ တောမိရင် ကိုယ်သာ လွင့်သွား ဒုက္ခရောက်သွားလိမ့်မယ်။ အဆင်မသင့်ရင် အသက်အန္တရာယ်အထိ ဖြစ်နိုင် တယ်။

ယုံကြည်စိတ်ချရမှုသက်သက်နဲ့ တာဝန်ပေးခံရသူဟာ အရည်အချင်းရှိလို့ လုပ်တတ်ကိုင်တတ်လို့ မဟုတ်ဘဲ ကိုယ်ကျိုးရှာသမားလှည့်ဖျားးဖြစ်နေရင်၊ သူ့ကုလားထိုင်နေရာလေး ပျောက်မသွားရအောင် အမျိုးမျိုးလိမ်လည် အစီရင်နေလိမ့်မယ်။ ဒီအတော်အတွင်း မိုးရွာတုန်းလေး ရေခံပါတယ်။
ဆိုတော့ကာ အခွင့်အရေး ချောင်းနေသူ ဝိသမလောဘသမားတို့ကလည်း #ငွေပေးပြီး_အစိုးရနှစ်ရပ်အဖြစ်_ ဖန်တီးပစ်လိုက်ကြတယ်။
#ဒုစရိုက်နဲ့_ပုန်ကန်ခြားနားမှုများကို #နှိမ်နင်းတာကလည်း_သူတို့
#ခွင့်ပြုထားတာကလည်း_သူတို့ပဲဖြစ်နေတယ်။

ဒီလိုနည်းနဲ့ ၂ဝဝ၇- ၂ဝ၂၃ ခုနှစ် အချက်အလက်များအရ ယူကရိန်းဆို အိမ်နီးချင်း အင်အားကြီး ရုရှားနဲ့ စစ်ခင်းရတဲ့ အထိ ကမ္ဘာ့လုံခြုံမှုအကင်းမဲ့ဆုံး တိုင်းပြည်ဖြစ်သွားတယ်။ လူ့အဖွဲ့အစည်းကြီးအတွင်း အာဏာရှိ- အာဏာမဲ့နဲ့ ဆင်းရဲ-ချမ်းသာ လူတန်းစား အရမ်းကွာခြားတယ်။
သူ့ရဲ့နောက်မှာ အာဖဂန်နစ္စတန်၊ မာလီ၊ လစ်ဗျား၊ ဆိုမာလီ၊ ဆီးရီးယား၊ ဘူကီနာဖာဆို၊ ဖိလစ်ပိုင်၊ နိုင်ဂျီးရီးယားတို့ ကို အစဉ်အလိုက်တွေ့ရတယ်။ #သတိထားကြည့်ရင်_အဲဒီတိုင်းပြည်အချို့မှာ #ပြည်တွင်းစစ်နဲ့_ဒွန်တွဲ #နေ ကြောင်း_တွေ့ရလိမ့်မယ်။
#လက်နက်ကိုင်တဲ့အရသာကို_သိသွားကြသူတွေကလည်း #ဘယ်တော့မှ #လက်နက်စွန့်ကြခြင်း_ #အကြောင်း အမျိုးမျိုးပြပြီး #စစ်ကိုသာ_ဖန်တီးနေကြတယ်။

လုံခြုံရေးကင်းမဲ့သွားတဲ့နယ်မြေမှာ မူးယစ်ဆေးဝါးတွေ အကြီးအကျယ် ချက်လုပ်ဖြန့်ဖြူးခြင်းဖြင့် နိုင်ငံတကာ အမြင်မှာလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်ရတယ်။
လူမျိုးစုအရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင်နဲ့သီးခြားနယ်မြေလွတ်မြောက်ရေးကို ခေါင်းစဉ်တပ်ထားတော့ ကုလသမဂ္ဂ အပါအဝင် ပြည်ပနိုင်ငံများအနေနဲ့ ကူညီဖြေရှင်းဖို့ အရမ်းရှုတ်ထွေးသွားတယ်။ #လူကုန်ကူးခြင်း _ငွေကြေး မသမာမှု_အကြမ်းဖက်မှု_လက်နက်မှောင်ခိုခြင်း အပါအဝင် မကောင်းမှုအမျိုးမျိုးတို့နဲ့ #ဒုစရိုက်သမားတို့ရဲ့_ သုခဘုံတိုင်းပြည်ဖြစ်သွားတယ်။

အဲဒီအဖြစ်မျိုးကို မက္ကဆီကို၊ နိုင်ဂျာ၊ ဇင်ဘာဘွေ၊ ကိုလံဘီယာ၊ ဗင်နီဇွဲလား၊ ဟွန်ဒူးရပ်စ်၊ ပါကစ္စတန် စတဲ့ နိုင်ငံ တွေမှာ တွေ့ရှိရတယ်။
အပေါ်က (၃) ချက်ဖြစ်တဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှုဆိုတာ အကျင့်ပျက်ခြစားမှုနဲ့ ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ ပန်းလို အတူ ယှဉ်တွဲနေတယ်လို့ ကျွန်တော် ဉာဏ်မီပါတယ်။

ဥပမာ - ကျွန်တော်တို့ရဲ့အိမ်နီးချင်း စီးပွားရေး ကျားတစ်ကောင်ဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ကမ္ဘာ့အဆင့် အဆင့်- ၂၃ ဖြစ် နေပြီး လက်ဘနွန်၊ ပါလက်စတိုင်း၊ ဘူရွန်ဒီ၊ ဆူဒန် တို့နဲ့ လုံခြုံမှုကင်းမဲ့ခြင်းမှာ မတိမ်းမယိမ်းဖြစ်နေတယ်။
အာဏာရှင်အုပ်ချုပ်တယ်ဆိုတဲ့ မြောက်ကိုရီးယား (ကမ္ဘာ့အဆင့် ၂၉) လောက် ဘေးကင်းလုံခြုံမှုမရှိပါ။

ကိုယ့်လူ ကိုယ်နေရာပေးပြီး လာဘ်စားကြတာချင်းအတူတူ အိန္ဒိယကျတော့ ကမ္ဘာအဆင့် ၆၁ နဲ့ ဖြစ်နေရခြင်းဟာ ပွင့်လင်းလွတ်လပ်ခြင်း၊ သိသာမြင်သာလုပ်ကိုင်ဆောင်ရွက်ရခြင်းတို့ကြောင့် ဖြစ်ရလိမ့်မယ်လို့ ကျွန်တော် ဉာဏ်မီ ပါတယ်။
အစဉ်လေးစားစွာဖြင့်
#HtayOung, #OungMarine

Zawgyi Version;
လုံၿခဳံမႈအကင္းမဲ့ဆုံးႏွင့္ စီးပြားေရး ခြၽတ္ၿခဳံက် တိုင္းျပည္ျဖစ္ရျခင္း အေၾကာင္းရင္းမ်ား
Htay Oung (NP News) - ႏိုဝင္ဘာ ၂၃

ႏိုင္ငံတစ္ႏိုင္ငံရဲ႕အရပ္ရွစ္မ်က္ႏွာအႏွံ႔ လုံၿခဳံေရး- အုပ္ခ်ဳပ္ေရးစည္း က်ိဳးေပါက္ေနရျခင္းကို ဆန္းစစ္ၾကည့္တဲ့အခါ (၁) #အုပ္ခ်ဳပ္မႈအရည္အခ်င္း_ကင္းမဲ့ျခင္း (၂) #စီမံခန႔္ခြဲမႈ လြဲမွားျခင္းကို ေတြ႕ရွိရတယ္။ အဲဒါနဲ႔ထပ္ခ်ပ္မကြာ တြဲဖက္ အတူပါဝင္လာျခင္းက (၃) #အဂတိလိုက္စားျခင္း ျဖစ္ေနျဖစ္ေနတယ္။
နယ္ေျမေဒသတစ္ခုမွာ လုံၿခဳံေနၿပီ၊ ေဘးကင္းေနၿပီ အခုေလာေလာဆယ္ျဖစ္ေနတာေတြဟာ အေသးအဖြဲ႕သာျဖစ္ ေၾကာင္း သက္ဆိုင္ရာဘာ့ေၾကာင့္ အဆင့္ဆင့္ တင္ျပၾက အစီရင္ခံၾကလိမ့္မယ္။ အဲဒီလိုလိမ္ရသလဲဆိုတာ ကေတာ့ စိတ္ဝင္စားစရာ ေကာင္းတယ္။
ဥပမာ - အလားတူ ကုန္သြယ္ေရး၊ စီးပြားေရး၊ ေဆာက္လုပ္ေရး စသည္ျဖင့္ စီမံအုပ္ခ်ဳပ္မႈက႑အသီးသီးမွာ ႏိုင္ငံ အဆင့္ စီမံကိန္းတစ္ခုခ်င္းစီအတြက္ ကုန္သည္၊ ပုဂၢလိက ျဖစ္ေစတို႔နဲ႔ စာခ်ဳပ္ ခ်ဳပ္တဲ့အခါ တစ္ဖက္က ေငြပုံေပးၿပီး သူ႔ဘက္က အသာစီးနဲ႔ တစ္ဖက္သပ္ အခြင့္အေရးယူသြားတယ္။

ေအာက္ေျခမွာေတာ့ ေနာက္မွ ေနာက္ေရာက္ရာပဲ၊ ျဖစ္ခ်င္တာျဖစ္ ၾကည့္ရွင္းၾကေပါ့။
ဒါမ်ိဳးျဖစ္လို႔ မေက်နပ္လဲ တိုင္ဖို႔ ေတာဖို႔ မျဖစ္ႏိုင္ဘူး။ ေတာ္႐ုံနဲ႔အေပၚကို မေရာက္၊ လူယုံျဖစ္ေနလဲမေရာက္ဖူး၊ အဲဒီလိုလုပ္ေနသူဟာ အာဏာအရွိဆုံးလူနဲ႔ တိုင္လို႔လဲ သူ႔အထက္လူႀကီးက လက္ခံမွာမဟုတ္ဖူး။
တိုင္မိ ေတာမိရင္ ကိုယ္သာ လြင့္သြား ဒုကၡေရာက္သြားလိမ့္မယ္။ အဆင္မသင့္ရင္ အသက္အႏၲရာယ္အထိ ျဖစ္ႏိုင္ တယ္။

ယုံၾကည္စိတ္ခ်ရမႈသက္သက္နဲ႔ တာဝန္ေပးခံရသူဟာ အရည္အခ်င္းရွိလို႔ လုပ္တတ္ကိုင္တတ္လို႔ မဟုတ္ဘဲ ကိုယ္က်ိဳးရွာသမားလွည့္ဖ်ားးျဖစ္ေနရင္၊ သူ႔ကုလားထိုင္ေနရာေလး ေပ်ာက္မသြားရေအာင္ အမ်ိဳးမ်ိဳးလိမ္လည္ အစီရင္ေနလိမ့္မယ္။ ဒီအေတာ္အတြင္း မိုး႐ြာတုန္းေလး ေရခံပါတယ္။
ဆိုေတာ့ကာ အခြင့္အေရး ေခ်ာင္းေနသူ ဝိသမေလာဘသမားတို႔ကလည္း #ေငြေပးၿပီး_အစိုးရႏွစ္ရပ္အျဖစ္_ ဖန္တီးပစ္လိုက္ၾကတယ္။
#ဒုစ႐ိုက္နဲ႔_ပုန္ကန္ျခားနားမႈမ်ားကို #ႏွိမ္နင္းတာကလည္း_သူတို႔
#ခြင့္ျပဳထားတာကလည္း_သူတို႔ပဲျဖစ္ေနတယ္။

ဒီလိုနည္းနဲ႔ ၂ဝဝ၇- ၂ဝ၂၃ ခုႏွစ္ အခ်က္အလက္မ်ားအရ ယူကရိန္းဆို အိမ္နီးခ်င္း အင္အားႀကီး ႐ုရွားနဲ႔ စစ္ခင္းရတဲ့ အထိ ကမာၻ႔လုံၿခဳံမႈအကင္းမဲ့ဆုံး တိုင္းျပည္ျဖစ္သြားတယ္။ လူ႔အဖြဲ႕အစည္းႀကီးအတြင္း အာဏာရွိ- အာဏာမဲ့နဲ႔ ဆင္းရဲ-ခ်မ္းသာ လူတန္းစား အရမ္းကြာျခားတယ္။
သူ႔ရဲ႕ေနာက္မွာ အာဖဂန္နစၥတန္၊ မာလီ၊ လစ္ဗ်ား၊ ဆိုမာလီ၊ ဆီးရီးယား၊ ဘူကီနာဖာဆို၊ ဖိလစ္ပိုင္၊ ႏိုင္ဂ်ီးရီးယားတို႔ ကို အစဥ္အလိုက္ေတြ႕ရတယ္။ #သတိထားၾကည့္ရင္_အဲဒီတိုင္းျပည္အခ်ိဳ႕မွာ #ျပည္တြင္းစစ္နဲ႔_ဒြန္တြဲ #ေန ေၾကာင္း_ေတြ႕ရလိမ့္မယ္။
#လက္နက္ကိုင္တဲ့အရသာကို_သိသြားၾကသူေတြကလည္း #ဘယ္ေတာ့မွ #လက္နက္စြန႔္ၾကျခင္း_ #အေၾကာင္း အမ်ိဳးမ်ိဳးျပၿပီး #စစ္ကိုသာ_ဖန္တီးေနၾကတယ္။

လုံၿခဳံေရးကင္းမဲ့သြားတဲ့နယ္ေျမမွာ မူးယစ္ေဆးဝါးေတြ အႀကီးအက်ယ္ ခ်က္လုပ္ျဖန႔္ျဖဴးျခင္းျဖင့္ ႏိုင္ငံတကာ အျမင္မွာလည္း ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ရတယ္။
လူမ်ိဳးစုအေရး၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင္နဲ႔သီးျခားနယ္ေျမလြတ္ေျမာက္ေရးကို ေခါင္းစဥ္တပ္ထားေတာ့ ကုလသမဂၢ အပါအဝင္ ျပည္ပႏိုင္ငံမ်ားအေနနဲ႔ ကူညီေျဖရွင္းဖို႔ အရမ္းရႈတ္ေထြးသြားတယ္။ #လူကုန္ကူးျခင္း _ေငြေၾကး မသမာမႈ_အၾကမ္းဖက္မႈ_လက္နက္ေမွာင္ခိုျခင္း အပါအဝင္ မေကာင္းမႈအမ်ိဳးမ်ိဳးတို႔နဲ႔ #ဒုစ႐ိုက္သမားတို႔ရဲ႕_ သုခဘုံတိုင္းျပည္ျဖစ္သြားတယ္။

အဲဒီအျဖစ္မ်ိဳးကို မကၠဆီကို၊ ႏိုင္ဂ်ာ၊ ဇင္ဘာေဘြ၊ ကိုလံဘီယာ၊ ဗင္နီဇြဲလား၊ ဟြန္ဒူးရပ္စ္၊ ပါကစၥတန္ စတဲ့ ႏိုင္ငံ ေတြမွာ ေတြ႕ရွိရတယ္။
အေပၚက (၃) ခ်က္ျဖစ္တဲ့ လြဲမွားတဲ့ စီမံခန႔္ခြဲမႈဆိုတာ အက်င့္ပ်က္ျခစားမႈနဲ႔ ဒဂၤါးျပားရဲ႕ ေခါင္းနဲ႔ ပန္းလို အတူ ယွဥ္တြဲေနတယ္လို႔ ကြၽန္ေတာ္ ဉာဏ္မီပါတယ္။

ဥပမာ - ကြၽန္ေတာ္တို႔ရဲ႕အိမ္နီးခ်င္း စီးပြားေရး က်ားတစ္ေကာင္ျဖစ္တဲ့ ထိုင္းႏိုင္ငံဟာ ကမာၻ႔အဆင့္ အဆင့္- ၂၃ ျဖစ္ ေနၿပီး လက္ဘႏြန္၊ ပါလက္စတိုင္း၊ ဘူ႐ြန္ဒီ၊ ဆူဒန္ တို႔နဲ႔ လုံၿခဳံမႈကင္းမဲ့ျခင္းမွာ မတိမ္းမယိမ္းျဖစ္ေနတယ္။
အာဏာရွင္အုပ္ခ်ဳပ္တယ္ဆိုတဲ့ ေျမာက္ကိုရီးယား (ကမာၻ႔အဆင့္ ၂၉) ေလာက္ ေဘးကင္းလုံၿခဳံမႈမရွိပါ။

ကိုယ့္လူ ကိုယ္ေနရာေပးၿပီး လာဘ္စားၾကတာခ်င္းအတူတူ အိႏၵိယက်ေတာ့ ကမာၻအဆင့္ ၆၁ နဲ႔ ျဖစ္ေနရျခင္းဟာ ပြင့္လင္းလြတ္လပ္ျခင္း၊ သိသာျမင္သာလုပ္ကိုင္ေဆာင္႐ြက္ရျခင္းတို႔ေၾကာင့္ ျဖစ္ရလိမ့္မယ္လို႔ ကြၽန္ေတာ္ ဉာဏ္မီ ပါတယ္။
အစဥ္ေလးစားစြာျဖင့္
#HtayOung, #OungMarine

Related news

© 2021. All rights reserved.