လာမည့် နိုဝင်ဘာလ ၂၇ ရက်တွင် တရုတ်စစ်သင်္ဘောများ မြန်မာနိုင်ငံသို့ လာရောက်မည်
18739
မြူနစ် (NP News) - နိုဝင်ဘာ ၂၅
တရုတ်နိုင်ငံ၊ တပ်မတော်ရေ၏ စစ်သင်္ဘောများသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် လာရောက်လည်ပတ်ရန်ရှိကြောင်း နစကထံမှ သိရသည်။
မြန်မာ-တရုတ်နှစ်နိုင်ငံ တပ်မတော်ချင်းပူးပေါင်းဆောင်ရွက်မှုသည် ခိုင်မြဲလျက်ရှိကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ပြောသည်။
“တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တပ်မတော်ရေရဲ့ ရေတပ်စစ်သင်္ဘောများလည်း မြန်မာနိုင်ငံကို ချစ် ကြည်ရေးခရီး မကြာခင်မှာ လာရောက်လည်ပတ်ဖို့ရှိပါတယ်။ တရုတ်-မြန်မာနှစ်နိုင်ငံ တပ်မတော်ချင်းပူးပေါင်းဆောင်ရွက်မှုသည် ခိုင်မြဲလျက်ရှိကြောင်း နဲ့ ချစ်ကြည်ရင်းနှီးစွာတည်ဆောက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အဆိုပါတရုတ်စစ်သင်္ဘောများသည် လာမည့် နိုဝင်ဘာလ ၂၇ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း မြန်မာ့တပ်မတော်ရေနှင့်နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးကလည်း NP News ကို အသိပေးထားသည်။
လက်ရှိတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်သော မူဝါဒအပေါ်တွင်သာ ဆက်လက်ရပ်တည်နေကြောင်း နစကမှ ယုံကြည်ထားသည်။
“အခုက ချစ်ကြည်ရေးခရီးဖြစ်ဖို့ များပါတယ်။ ရုရှားနဲ့လည်း ရေတပ်ပူးတွဲလေ့ကျင့်တာ လုပ်တာပေါ့။ အဲဒီတော့ အိမ်နီးနားချင်း တရုတ်နဲ့လည်း လုပ်မှာပေါ့။ နောက်အိန္ဒိယနဲ့လည်း လုပ်မယ်ဆိုတဲ့သတင်းက ထွက်နေပြီးပြီလေ။ ဒီစစ်ရေးလေ့ကျင့်မှု လုပ်တာက ချစ်ကြည်မှုနဲ့ တပ်မတော်ချင်း သွေးစည်းခိုင်မာမှုကို ပြတဲ့သဘောဖြစ်တာပေါ့။ သံခင်းတမန်ခင်းရယ်၊ တပ်ပိုင်းဆိုင်ရာ ယုံယုံကြည်ကြည် နဲ့ ချစ်ကြည်မှုကို ပြတယ်လို့ပဲ မြင်ပါတယ်။ အရှေ့မြောက်ပိုင်းနဲ့လည်း ဆက်စပ်ကောင်း ဆက်စပ်နိုင်တာပေါ့”ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က သုံးသပ်ပြောကြားသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား တည်ငြိမ်သော နိုင်ငံရေးအခင်းအကျင်းတစ်ခုဖြစ်ရန် လိုလားပြီး ပြည်တွင်းရေးအား ဝင်ရောက်မစွက်ဖက်သည့်မူကို ကိုင်စွဲထားကြောင်းလည်း ဒေါက်တာအေးမောင်က သုံးသပ်ထားသည်။
အလားတူ အရာရှိစစ်သည် (၈၀၀)ခန့် လိုက်ပါလာသည့် ရုရှားစစ်သင်္ဘော (၃)စင်းသည်လည်း ယခု နိုဝင်ဘာလ ၂ ရက်တွင် ရန်ကုန်မြို့သို့လာရောက်ခဲ့သည်။
ရုရှားစစ်သင်္ဘော(၃)စင်းသည် ပထမဆုံးအကြိမ်အဖြစ် မြန်မာ-ရုရှားရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ ကျင့်ခန်းဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး လေ့ကျင့်မှုများကို တနင်္သာရီ တိုင်း၊ မြိတ်မြို့အနီးရှိ ပင်လယ်ပြင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
zawgyi version
လာမည့္ ႏိုဝင္ဘာလ ၂၇ ရက္တြင္ တ႐ုတ္စစ္သေဘၤာမ်ား ျမန္မာႏိုင္ငံသို႔ လာေရာက္မည္
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၂၅
တ႐ုတ္ႏိုင္ငံ၊ တပ္မေတာ္ေရ၏ စစ္သေဘၤာမ်ားသည္ ျမန္မာႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီးအျဖစ္ လာေရာက္လည္ပတ္ရန္ရွိေၾကာင္း နစကထံမွ သိရသည္။
ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံ တပ္မေတာ္ခ်င္းပူးေပါင္းေဆာင္႐ြက္မႈသည္ ခိုင္ၿမဲလ်က္ရွိေၾကာင္း နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက မီဒီယာမ်ားကို ေျပာသည္။
“တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ တပ္မေတာ္ေရရဲ႕ ေရတပ္စစ္သေဘၤာမ်ားလည္း ျမန္မာႏိုင္ငံကို ခ်စ္ ၾကည္ေရးခရီး မၾကာခင္မွာ လာေရာက္လည္ပတ္ဖို႔ရွိပါတယ္။ တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံ တပ္မေတာ္ခ်င္းပူးေပါင္းေဆာင္႐ြက္မႈသည္ ခိုင္ၿမဲလ်က္ရွိေၾကာင္း နဲ႔ ခ်စ္ၾကည္ရင္းႏွီးစြာတည္ေဆာက္လ်က္ရွိေၾကာင္း ေျပာၾကားလိုပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
အဆိုပါတ႐ုတ္စစ္သေဘၤာမ်ားသည္ လာမည့္ ႏိုဝင္ဘာလ ၂၇ ရက္တြင္ ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိလာမည္ျဖစ္ေၾကာင္း ျမန္မာ့တပ္မေတာ္ေရႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္တစ္ဦးကလည္း NP News ကို အသိေပးထားသည္။
လက္ရွိတြင္ တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံ၏ ျပည္တြင္းေရးကို ဝင္ေရာက္မစြက္ဖက္ေသာ မူဝါဒအေပၚတြင္သာ ဆက္လက္ရပ္တည္ေနေၾကာင္း နစကမွ ယုံၾကည္ထားသည္။
“အခုက ခ်စ္ၾကည္ေရးခရီးျဖစ္ဖို႔ မ်ားပါတယ္။ ႐ုရွားနဲ႔လည္း ေရတပ္ပူးတြဲေလ့က်င့္တာ လုပ္တာေပါ့။ အဲဒီေတာ့ အိမ္နီးနားခ်င္း တ႐ုတ္နဲ႔လည္း လုပ္မွာေပါ့။ ေနာက္အိႏၵိယနဲ႔လည္း လုပ္မယ္ဆိုတဲ့သတင္းက ထြက္ေနၿပီးၿပီေလ။ ဒီစစ္ေရးေလ့က်င့္မႈ လုပ္တာက ခ်စ္ၾကည္မႈနဲ႔ တပ္မေတာ္ခ်င္း ေသြးစည္းခိုင္မာမႈကို ျပတဲ့သေဘာျဖစ္တာေပါ့။ သံခင္းတမန္ခင္းရယ္၊ တပ္ပိုင္းဆိုင္ရာ ယုံယုံၾကည္ၾကည္ နဲ႔ ခ်စ္ၾကည္မႈကို ျပတယ္လို႔ပဲ ျမင္ပါတယ္။ အေရွ႕ေျမာက္ပိုင္းနဲ႔လည္း ဆက္စပ္ေကာင္း ဆက္စပ္ႏိုင္တာေပါ့”ဟု ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ ေဒါက္တာေအးေမာင္က သုံးသပ္ေျပာၾကားသည္။
တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံအား တည္ၿငိမ္ေသာ ႏိုင္ငံေရးအခင္းအက်င္းတစ္ခုျဖစ္ရန္ လိုလားၿပီး ျပည္တြင္းေရးအား ဝင္ေရာက္မစြက္ဖက္သည့္မူကို ကိုင္စြဲထားေၾကာင္းလည္း ေဒါက္တာေအးေမာင္က သုံးသပ္ထားသည္။
အလားတူ အရာရွိစစ္သည္ (၈၀၀)ခန႔္ လိုက္ပါလာသည့္ ႐ုရွားစစ္သေဘၤာ (၃)စင္းသည္လည္း ယခု ႏိုဝင္ဘာလ ၂ ရက္တြင္ ရန္ကုန္ၿမိဳ႕သို႔လာေရာက္ခဲ့သည္။
႐ုရွားစစ္သေဘၤာ(၃)စင္းသည္ ပထမဆုံးအႀကိမ္အျဖစ္ ျမန္မာ-႐ုရွားေရေၾကာင္းလုံၿခဳံေရးဆိုင္ရာေလ့ က်င့္ခန္းေဆာင္႐ြက္ရန္အတြက္ ျမန္မာႏိုင္ငံသို႔ လာေရာက္ခဲ့ျခင္းျဖစ္ၿပီး ေလ့က်င့္မႈမ်ားကို တနသၤာရီ တိုင္း၊ ၿမိတ္ၿမိဳ႕အနီးရွိ ပင္လယ္ျပင္၌ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။