မိုးကုတ်မြို့နယ်ရှိ Denko ဆီဆိုင်ကို PDF အဖွဲ့က လာရောက် မိုင်းထောင်ဖောက်ခွဲဟု ရဲတပ်ဖွဲ့ထုတ်ပြန်

 1011

Pearl (NP News) - နိုဝင်ဘာ ၂၈

မိုးကုတ်မြို့နယ်ရှိ Denko ဆီဆိုင်ကို မျက်နှာဖုံးများဝတ်ဆင်ထားသည့် PDF အဖွဲ့က လာရောက် မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ (၂၅) ရက်၊ နံနက် (၆) နာရီခန့်တွင် မန္တလေးတိုင်း ၊ မိုးကုတ်မြို့နယ်၊ ခြင်္သေ့ရေကျေးရွာရှိ Denko ဆီဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆီဆိုင်သို့ မျက်နှာဖုံးများဝတ်ဆင်ထားသည့် PDF အဖွဲ့ အင်အား(၁၀)ဦးရောက်ရှိလာပြီး ဆီဆိုင်ရှိ ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်၍ ဆိုင်အပြင်ဘက်သို့ ထွက်ခိုင်းကာ ဆီဆိုင်အား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

ထိုသို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားကာ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်မီးငြှိမ်းသတ်ပေးခဲ့ပြီး မိနစ်(၃ဝ)အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဆီဆိုင်ရှိ Prime Pump တစ်လုံး၊ Napsal Pump နှစ်လုံးနှင့် ဆီဆိုင်နှင့်တွဲလျက်ရှိ Mini Mark ဈေးဆိုင်မှ ပစ္စည်းများမီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ ဆီဆိုင်ရှိ ဆီပန့်တစ်ခု နှင့် ဆီလှောင်ကန်သုံးခုတို့တွင် ထောင်ထားသည့် လက်လုပ်မိုင်းလေးလုံး၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၁ လုံးတို့အား ထပ်မံတွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် ရှင်းလင်းခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ(၂၇)ရက်တွင်လည်း လားရှိုး-မန္တလေး ပြည်ထောင်စုကားလမ်းပေါ်ရှိ DENKO ဆီဆိုင်တွင် အကြမ်းဖက်သမားတစ်ဦးက ဆိုင်ကယ်အားထား၍ထွက်ပြေးသွားစဉ် အဆိုပါ ဆိုင်ကယ်မှ မိုင်း(၁)လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယာဉ်(၂)စီးနှင့် ဆီဆိုင်တို့ မီးလောင်ကျွမ်းခဲ့သည့်အပြင် (၂)ဦးသေဆုံးကာ (၁ဝ)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

zawgyi version
မိုးကုတ္ၿမိဳ႕နယ္ရွိ Denko ဆီဆိုင္ကို PDF အဖြဲ႕က လာေရာက္ မိုင္းေထာင္ေဖာက္ခြဲဟု ရဲတပ္ဖြဲ႕ထုတ္ျပန္

Pearl (NP News) - ႏိုဝင္ဘာ ၂၈

မိုးကုတ္ၿမိဳ႕နယ္ရွိ Denko ဆီဆိုင္ကို မ်က္ႏွာဖုံးမ်ားဝတ္ဆင္ထားသည့္ PDF အဖြဲ႕က လာေရာက္ မိုင္းေထာင္ေဖာက္ခြဲခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ (၂၅) ရက္၊ နံနက္ (၆) နာရီခန႔္တြင္ မႏၲေလးတိုင္း ၊ မိုးကုတ္ၿမိဳ႕နယ္၊ ျခေသၤ့ေရေက်း႐ြာရွိ Denko ဆီဆိုင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အဆိုပါ ဆီဆိုင္သို႔ မ်က္ႏွာဖုံးမ်ားဝတ္ဆင္ထားသည့္ PDF အဖြဲ႕ အင္အား(၁၀)ဦးေရာက္ရွိလာၿပီး ဆီဆိုင္ရွိ ဝန္ထမ္းမ်ားအား ေသနတ္ျပၿခိမ္းေျခာက္၍ ဆိုင္အျပင္ဘက္သို႔ ထြက္ခိုင္းကာ ဆီဆိုင္အား မိုင္းေထာင္ေဖာက္ခြဲ ဖ်က္ဆီးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

ထိုသို႔ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးမႈေၾကာင့္ ေပါက္ကြဲမႈျဖစ္ပြားကာ မီးေလာင္မႈျဖစ္ပြားခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က သြားေရာက္မီးျငႇိမ္းသတ္ေပးခဲ့ၿပီး မိနစ္(၃ဝ)အၾကာတြင္ မီးၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ ဆီဆိုင္ရွိ Prime Pump တစ္လုံး၊ Napsal Pump ႏွစ္လုံးႏွင့္ ဆီဆိုင္ႏွင့္တြဲလ်က္ရွိ Mini Mark ေဈးဆိုင္မွ ပစၥည္းမ်ားမီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ အဆိုပါ ဆီဆိုင္ရွိ ဆီပန႔္တစ္ခု ႏွင့္ ဆီေလွာင္ကန္သုံးခုတို႔တြင္ ေထာင္ထားသည့္ လက္လုပ္မိုင္းေလးလုံး၊ တ႐ုတ္ႀကိဳးဆြဲလက္ပစ္ဗုံး ၁ လုံးတို႔အား ထပ္မံေတြ႕ရွိရသျဖင့္ သက္မဲ့ျပဳလုပ္ ရွင္းလင္းခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

အလားတူ ၿပီးခဲ့သည့္ စက္တင္ဘာလ(၂၇)ရက္တြင္လည္း လားရႈိး-မႏၲေလး ျပည္ေထာင္စုကားလမ္းေပၚရွိ DENKO ဆီဆိုင္တြင္ အၾကမ္းဖက္သမားတစ္ဦးက ဆိုင္ကယ္အားထား၍ထြက္ေျပးသြားစဥ္ အဆိုပါ ဆိုင္ကယ္မွ မိုင္း(၁)လုံး ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ယာဥ္(၂)စီးႏွင့္ ဆီဆိုင္တို႔ မီးေလာင္ကြၽမ္းခဲ့သည့္အျပင္ (၂)ဦးေသဆုံးကာ (၁ဝ)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့သည္။

Related news

© 2021. All rights reserved.