စင်ကာပူ River Valley အထက်တန်းကျောင်းမှာအတန်းဖော်ကို ပုဆိန်နဲ့ ခုတ်သတ်ခဲ့တဲ့ကျောင်းသား ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံရ

 8536

ရောင်နီ(NP News) - ဒီဇင်ဘာ၂

စင်ကာပူနိုင်ငံမှာ ၂၀၂၁ ခုနှစ်က River Valley အထက်တန်း ကျောင်းဝင်းအတွင်း အတန်းဖော်ကို ပုဆိန်နဲ့ ခုတ်သတ်ခဲ့တဲ့ အထက်တန်းကျောင်းသားကို တရားရုံးက သောကြာနေ့ (ဒီဇင်ဘာလ ၁ ရက်)မှာ ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခဲ့ပါတယ်။

ကျူးလွန်သူဟာ အသက် ၁၈ နှစ်အောက်ဖြစ်လို့ အမည်တော့ ဖော်ပြခြင်း မရှိပါဘူး။

ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၉ ရက်က အသက် ၁၆ နှစ်အရွယ်ရှိ ပြစ်မှုကျူးလွန်သူ ကျောင်းသားဟာ စိတ်ကျဝေဒနာခံစားနေရပြီး အသက် ၁၃ နှစ်အရွယ် အတန်းဖော် ကလေးငယ်ကို River Valley အထက်တန်းကျောင်းရှိ အိမ်သာထဲမှာ ပုဆိန်နဲ့ ခုတ်သတ်ခဲ့တာပါ။

အသတ်ခံရတဲ့ ကလေးငယ်က ဦးခေါင်း၊ လည်ပင်း နဲ့ ခန္ဓာကိုယ်ကို ပုဆိန်နဲ့ ခုတ်ခံရတာဖြစ်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

ကျူးလွန်သူ ကျောင်းသားဟာလည်း ၎င်းကိုယ်၎င်း အဆုံးစီရင်ဖို့ ကြိုးစားခဲ့ပေမယ့် ရဲတပ်ဖွဲ့က အချိန်မီတားဆီးနိုင်ခဲ့ပါတယ်။

အဆိုပါကျောင်းသားဟာ ၆ လခန့်စိတ်ကျဝေဒနာခံစားနေရပြီး အွန်လိုင်းပေါ်ကနေလည်း သတ်သေတဲ့ဗီဒီယိုတွေ ကြည့်ခဲ့တယ်လို့ သိရပါတယ်။

ဒီအမှုဟာ စင်ကာပူမှာ မကြုံစဖူးဖြစ်ပြီး ၂ နှစ်ကြာ စုံစမ်းစစ်ဆေးမှုများပြီးနောက် အခုအချိန်မှာတော့ ​ပြစ်မှုကျူးလွန်သူ ကျောင်းသားကို ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခဲ့ပြီဖြစ်ပါတယ်။

zawgyi version
စင္ကာပူ River Valley အထက္တန္းေက်ာင္းမွာအတန္းေဖာ္ကို ပုဆိန္နဲ႔ ခုတ္သတ္ခဲ့တဲ့ေက်ာင္းသား ေထာင္ဒဏ္ ၁၆ ႏွစ္ ခ်မွတ္ခံရ
ေရာင္နီ(NP News) - ဒီဇင္ဘာ၂

စင္ကာပူႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္က River Valley အထက္တန္း ေက်ာင္းဝင္းအတြင္း အတန္းေဖာ္ကို ပုဆိန္နဲ႔ ခုတ္သတ္ခဲ့တဲ့ အထက္တန္းေက်ာင္းသားကို တရား႐ုံးက ေသာၾကာေန႔ (ဒီဇင္ဘာလ ၁ ရက္)မွာ ေထာင္ဒဏ္ ၁၆ ႏွစ္ ခ်မွတ္ခဲ့ပါတယ္။

က်ဴးလြန္သူဟာ အသက္ ၁၈ ႏွစ္ေအာက္ျဖစ္လို႔ အမည္ေတာ့ ေဖာ္ျပျခင္း မရွိပါဘူး။

ျဖစ္စဥ္မွာ ၂၀၂၁ ခုႏွစ္ ဇူလိုင္လ ၁၉ ရက္က အသက္ ၁၆ ႏွစ္အ႐ြယ္ရွိ ျပစ္မႈက်ဴးလြန္သူ ေက်ာင္းသားဟာ စိတ္က်ေဝဒနာခံစားေနရၿပီး အသက္ ၁၃ ႏွစ္အ႐ြယ္ အတန္းေဖာ္ ကေလးငယ္ကို River Valley အထက္တန္းေက်ာင္းရွိ အိမ္သာထဲမွာ ပုဆိန္နဲ႔ ခုတ္သတ္ခဲ့တာပါ။

အသတ္ခံရတဲ့ ကေလးငယ္က ဦးေခါင္း၊ လည္ပင္း နဲ႔ ခႏၶာကိုယ္ကို ပုဆိန္နဲ႔ ခုတ္ခံရတာျဖစ္ၿပီး ေနရာမွာတင္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ပါတယ္။

က်ဴးလြန္သူ ေက်ာင္းသားဟာလည္း ၎ကိုယ္၎ အဆုံးစီရင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ရဲတပ္ဖြဲ႕က အခ်ိန္မီတားဆီးႏိုင္ခဲ့ပါတယ္။

အဆိုပါေက်ာင္းသားဟာ ၆ လခန္႔စိတ္က်ေဝဒနာခံစားေနရၿပီး အြန္လိုင္းေပၚကေနလည္း သတ္ေသတဲ့ဗီဒီယိုေတြ ၾကည့္ခဲ့တယ္လို႔ သိရပါတယ္။

ဒီအမႈဟာ စင္ကာပူမွာ မႀကဳံစဖူးျဖစ္ၿပီး ၂ ႏွစ္ၾကာ စုံစမ္းစစ္ေဆးမႈမ်ားၿပီးေနာက္ အခုအခ်ိန္မွာေတာ့ ​ျပစ္မႈက်ဴးလြန္သူ ေက်ာင္းသားကို ေထာင္ဒဏ္ ၁၆ ႏွစ္ ခ်မွတ္ခဲ့ၿပီျဖစ္ပါတယ္။

Related news

© 2021. All rights reserved.