ခရီးသည်တင်ကားပေါ်တွင် ဆပ်ပြာခွက်များဖြင့် သိုဝှက်သယ်ဆောင်လာသည့် ကျပ်သိန်း(၂၀၀၀)နီးပါ တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီရမိ

 1275

သန့်ဇင် (NP News) - ဒီဇင်ဘာ ၇

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် နှင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တို့တွင် ခရီးသည်တင်ကားပေါ်မှ ဆပ်ပြာခွက်များဖြင့် သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ်သိန်း(၂၀၀၀)နီးပါးတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ် ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ယမန်နေ့(ဒီဇင်ဘာလ ၆ ရက်)၊ နံနက် ၈ နာရီအချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ကျေးရွာအနီးတွင် မန္တလေးမြို့ဘက်မှ မတ္တရာမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီသည်တင်ကားအား ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကားပေါ်မှလိုက်ပါလာသည့် မစက်ညွန့်(ခ)မိချော(၃၇)နှစ်နှင့် မစုစုမာ(ခ)အငယ်မ(၂၀)နှစ်တို့ သယ်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ ဆပ်ပြာခွက်များတွင် ထည့်လာသော ငွေကျပ်သိန်း(၁၁၀၀)တန်ဖိုးရှိ ဘိန်းဖြူအလေးချိန် ၄ ဒသမ ၄ ကီလိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ အဆိုပါနေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးပေါင်ကျေးရွာအနီးတွင် မန္တလေးမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ကားပေါ်မှ ဘိန်းဖြူများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။

အဆိုပါခရီးသည်တင်ကားအား ရပ်တန့်စစ်ဆေးခဲ့ရာ ကားပေါ်တွင်လိုက်ပါလာသော မယွန်းဝါ(ခ)မဝ(၄၁)နှစ် သယ်ဆောင်လာသည့် ဆာလာအိတ်များအတွင်းရှိ ဆပ်ပြာခွက်များအတွင်း ထည့်လာသည့် ငွေကျပ်(၈၂၅)သိန်း တန်ဖိုးရှိ ဘိန်းဖြူ ၃ ဒသမ ၃ကီလိုကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိသည်။

ထို့ကြောင့် ၎င်းတို့(၃)ဦးအား သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား စုံစမ်းလျက်ရှိကြောင်း သိရသည်။

zawgyi version
ခရီးသည္တင္ကားေပၚတြင္ ဆပ္ျပာခြက္မ်ားျဖင့္ သိုဝွက္သယ္ေဆာင္လာသည့္ က်ပ္သိန္း(၂၀၀၀)နီးပါ တန္ဖိုးရွိ ဘိန္းျဖဴမ်ားဖမ္းဆီရမိ

သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၇

မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္ ႏွင့္ ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕နယ္တို႔တြင္ ခရီးသည္တင္ကားေပၚမွ ဆပ္ျပာခြက္မ်ားျဖင့္ သိုဝွက္သယ္ေဆာင္လာသည့္ ေငြက်ပ္သိန္း(၂၀၀၀)နီးပါးတန္ဖိုးရွိ ဘိန္းျဖဴမ်ား ဖမ္းဆီရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ ေဆးဝါးတားဆီး ႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕က ယမန္ေန႔(ဒီဇင္ဘာလ ၆ ရက္)၊ နံနက္ ၈ နာရီအခ်ိန္တြင္ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ၾကာနီကန္ေက်း႐ြာအနီးတြင္ မႏၲေလးၿမိဳ႕ဘက္မွ မတၱရာၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာသည့္ ခရီသည္တင္ကားအား ရွာေဖြစစ္ေဆးခဲ့ေၾကာင္း သိရသည္။

အဆိုပါကားေပၚမွလိုက္ပါလာသည့္ မစက္ၫြန႔္(ခ)မိေခ်ာ(၃၇)ႏွစ္ႏွင့္ မစုစုမာ(ခ)အငယ္မ(၂၀)ႏွစ္တို႔ သယ္ေဆာင္လာသည့္ ဆာလာအိတ္အတြင္းမွ ဆပ္ျပာခြက္မ်ားတြင္ ထည့္လာေသာ ေငြက်ပ္သိန္း(၁၁၀၀)တန္ဖိုးရွိ ဘိန္းျဖဴအေလးခ်ိန္ ၄ ဒသမ ၄ ကီလိုဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

အလားတူ အဆိုပါေန႔ နံနက္ ၈ နာရီ ၄၅ မိနစ္အခ်ိန္တြင္ ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္၊ နန႔္စီးေပါင္ေက်း႐ြာအနီးတြင္ မႏၲေလးၿမိဳ႕ဘက္မွ ျမစ္ႀကီးနားၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာသည့္ ခရီးသည္တင္ကားေပၚမွ ဘိန္းျဖဴမ်ားဖမ္းဆီးရမိခဲ့ေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕က ဆက္လက္ထုတ္ျပန္ထားသည္။

အဆိုပါခရီးသည္တင္ကားအား ရပ္တန႔္စစ္ေဆးခဲ့ရာ ကားေပၚတြင္လိုက္ပါလာေသာ မယြန္းဝါ(ခ)မဝ(၄၁)ႏွစ္ သယ္ေဆာင္လာသည့္ ဆာလာအိတ္မ်ားအတြင္းရွိ ဆပ္ျပာခြက္မ်ားအတြင္း ထည့္လာသည့္ ေငြက်ပ္(၈၂၅)သိန္း တန္ဖိုးရွိ ဘိန္းျဖဴ ၃ ဒသမ ၃ကီလိုကို ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိသည္။

ထို႔ေၾကာင့္ ၎တို႔(၃)ဦးအား သက္ဆိုင္ရာနယ္ေျမရဲစခန္းမ်ားတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အမႈဖြင့္အေရးယူထားၿပီး ကြင္းဆက္မ်ားအား စုံစမ္းလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.