KNPP ပူးပေါင်းအဖွဲ့က ဖမ်းဆီးထားသော လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် (၈) ဦးနှင့် အဆက်အသွယ်ပြတ်တောက်နေသည့်အတွက် မိသားစုဝင်များ စိုးရိမ်နေ
1544
Pearl (NP News) - ဒီဇင်ဘာ ၁ဝ
KNPP၊ PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသော လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် အပါအဝင် (၈) ဦး နှင့် အဆက်အသွယ်ပြတ်တောက်နေသည့်အတွက် မိသားစုဝင်များ စိုးရိမ်နေကြောင်း သိရသည်။
KNPP၊ PDF ပူးပေါင်းအဖွဲ့သည် ၄င်းတို့ ဖမ်းဆီးထိန်းသိမ်းထားသူ (၂ဝ၄) ဦးအနက် (၁ဝ၇) ဦးကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်တွင်လည်ကောင်း၊ (၈၆) ဦး ကို နိုဝင်ဘာလ ၂၈ ရက် တွင်လည်းကောင်း၊ စုစုပေါင်း (၁၉၃) ဦး ကို ပြန်လွှတ်ပေးခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းက လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် (၈) ဦးကို KNPP၊ PDF ပူးပေါင်းအဖွဲ့ က ဒီဇင်ဘာ ၅ ရက်တွင် ဒဏ်ငွေ ၁၇ သိန်းကျပ်ဖြင့် အရေးယူခဲ့ပြီး၊ နေရပ်ပြန်ခွင့် ပေးလိုက်ပြီဖြစ်ကြောင်း သတင်း ဌာနအချို့တွင် ရေးသားဖော်ပြထားသည်ကိုလည်း တွေ့ရသည်။
သို့သော် လွိုင်ကော်တက္ကသိုလ်မှ ဖမ်းဆီးထားသည့် ဆရာ၊ ဆရာမ၊ ဝန်ထမ်း (၁၉၃)ဦးအား ပြန်လွှတ်ပေးခဲ့သည့် အခြေအနေနှင့်ပတ်သက်၍ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) က ထုတ်ပြန်ပေးခဲ့သော်လည်း ပါမောက္ခချုပ် အပါအဝင် (၈) ဦးနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ချက်မျိုးမရှိပေ။
လက်ရှိတွင် ပါမောက္ခချုပ် အပါအဝင် (၈) ဦးသည် ယနေ့(ဒီဇင်ဘာလ ၁ဝ ရက်) အထိ မိသားစုနှင့် အဆက် အသွယ်ပြတ်တောက်နေသည့်အတွက် စိုးရိမ်ပူပန်နေကြောင်းလည်း မိသားစုဝင်တစ်ဦးက NP News ကို ပြော သည်။
"လွှတ်လိုက်ပြီလို့ သတင်းကြားလိုက်တဲ့အတွက် စုံစမ်းတော့ မရောက်လာဘူး။ တောင်ကြီးမှာလည်း မဟုတ်ဘူးလို့ သိရတယ်။ စစ်တပ်ဘက်ကိုလည်း မရောက်လာဘူးလို့ ပြောတယ်။ ကြားမှာ လူတွေက ပျောက်နေ တာထင်တယ်။ ဖုန်းတွေခေါ်တော့လည်း စက်ပိတ်ထားပါတယ်ပဲပြောတယ်။ အရမ်းစိတ်ပူနေရတယ်" ဟု မိသားစု ဝင်တစ်ဦးက NP News ကို ပြောသည်။
KNPP၊ PDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော နိုဝင်ဘာလ ၁၁ ရက်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် တစ်ဝိုက်ရှိ လုံခြုံရေးစခန်းများကို (၁၁.၁၁ စစ်ဆင်ရေး) အမည်ဖြင့် ဝင်ရောက်တိုက်ခိုက်စဉ်အချိန်တွင် လွိုင်ကော်တက္ကသိုလ် ၏ ပါမောက္ခချုပ်ဒေါက်တာ အောင်ခင်မြင့် အပါအဝင် ဆရာ/ဆရာမ၊ ဝန်ထမ်းစုစုပေါင်း (၂ဝ၄) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
Zawgyi Version;
KNPP ပူးေပါင္းအဖြဲ႕က ဖမ္းဆီးထားေသာ လြိဳင္ေကာ္တကၠသိုလ္ပါေမာကၡခ်ဳပ္အပါအဝင္ (၈) ဦးႏွင့္ အဆက္အသြယ္ျပတ္ေတာက္ေနသည့္အတြက္ မိသားစုဝင္မ်ား စိုးရိမ္ေန
Pearl (NP News) - ဒီဇင္ဘာ ၁ဝ
KNPP၊ PDF ပူးေပါင္းအဖြဲ႕က ဖမ္းဆီးထိန္းသိမ္းထားေသာ လြိဳင္ေကာ္တကၠသိုလ္ပါေမာကၡခ်ဳပ္ အပါအဝင္ (၈) ဦး ႏွင့္ အဆက္အသြယ္ျပတ္ေတာက္ေနသည့္အတြက္ မိသားစုဝင္မ်ား စိုးရိမ္ေနေၾကာင္း သိရသည္။
KNPP၊ PDF ပူးေပါင္းအဖြဲ႕သည္ ၄င္းတို႔ ဖမ္းဆီးထိန်းသိမ္းထားသူ (၂ဝ၄) ဦးအနက္ (၁ဝ၇) ဦးကို ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၂၄ ရက္တြင္လည္ေကာင္း၊ (၈၆) ဦး ကို ႏိုဝင္ဘာလ ၂၈ ရက္ တြင္လည္းေကာင္း၊ စုစုေပါင္း (၁၉၃) ဦး ကို ျပန္လႊတ္ေပးခဲ့ၿပီျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့သည္။
ထို႔ျပင္ ၿပီးခဲ့သည့္ရက္ပိုင္းက လြိဳင္ေကာ္တကၠသိုလ္ ပါေမာကၡခ်ဳပ္ အပါအဝင္ (၈) ဦးကို KNPP၊ PDF ပူးေပါင္းအဖြဲ႕ က ဒီဇင္ဘာ ၅ ရက္တြင္ ဒဏ္ေငြ ၁၇ သိန္းက်ပ္ျဖင့္ အေရးယူခဲ့ၿပီး၊ ေနရပ္ျပန္ခြင့္ ေပးလိုက္ၿပီျဖစ္ေၾကာင္း သတင္း ဌာနအခ်ိဳ႕တြင္ ေရးသားေဖာ္ျပထားသည္ကိုလည္း ေတြ႕ရသည္။
သို႔ေသာ္ လြိဳင္ေကာ္တကၠသိုလ္မွ ဖမ္းဆီးထားသည့္ ဆရာ၊ ဆရာမ၊ ဝန္ထမ္း (၁၉၃)ဦးအား ျပန္လႊတ္ေပးခဲ့သည့္ အေျခအေနႏွင့္ပတ္သက္၍ ကရင္နီျပည္ၾကားကာလအုပ္ခ်ဳပ္ေရးေကာင္စီ(IEC) က ထုတ္ျပန္ေပးခဲ့ေသာ္လည္း ပါေမာကၡခ်ဳပ္ အပါအဝင္ (၈) ဦးႏွင့္ပတ္သက္ၿပီး တစ္စုံတစ္ရာ သတင္းထုတ္ျပန္ခ်က္မ်ိဳးမရွိေပ။
လက္ရွိတြင္ ပါေမာကၡခ်ဳပ္ အပါအဝင္ (၈) ဦးသည္ ယေန႔(ဒီဇင္ဘာလ ၁ဝ ရက္) အထိ မိသားစုႏွင့္ အဆက္ အသြယ္ျပတ္ေတာက္ေနသည့္အတြက္ စိုးရိမ္ပူပန္ေနေၾကာင္းလည္း မိသားစုဝင္တစ္ဦးက NP News ကို ေျပာ သည္။
"လႊတ္လိုက္ၿပီလို႔ သတင္းၾကားလိုက္တဲ့အတြက္ စုံစမ္းေတာ့ မေရာက္လာဘူး။ ေတာင္ႀကီးမွာလည္း မဟုတ္ဘူးလို႔ သိရတယ္။ စစ္တပ္ဘက္ကိုလည္း မေရာက္လာဘူးလို႔ ေျပာတယ္။ ၾကားမွာ လူေတြက ေပ်ာက္ေန တာထင္တယ္။ ဖုန္းေတြေခၚေတာ့လည္း စက္ပိတ္ထားပါတယ္ပဲေျပာတယ္။ အရမ္းစိတ္ပူေနရတယ္" ဟု မိသားစု ဝင္တစ္ဦးက NP News ကို ေျပာသည္။
KNPP၊ PDF ပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့ေသာ ႏိုဝင္ဘာလ ၁၁ ရက္တြင္ ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ႏွင့္ တစ္ဝိုက္ရွိ လုံၿခဳံေရးစခန္းမ်ားကို (၁၁.၁၁ စစ္ဆင္ေရး) အမည္ျဖင့္ ဝင္ေရာက္တိုက္ခိုက္စဥ္အခ်ိန္တြင္ လြိဳင္ေကာ္တကၠသိုလ္ ၏ ပါေမာကၡခ်ဳပ္ေဒါက္တာ ေအာင္ခင္ျမင့္ အပါအဝင္ ဆရာ/ဆရာမ၊ ဝန္ထမ္းစုစုေပါင္း (၂ဝ၄) ဦးကို ဖမ္းဆီးေခၚေဆာင္သြားခဲ့ျခင္းျဖစ္သည္။