AFC Futsal Asian Cup 2024 ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း အိမ်ရှင်ထိုင်းအသင်းနှင့်တစ်အုပ်စုတည်းကျရောက်
350
ကျော် (NP News) - ဒီဇင်ဘာ ၁၄
AFC Futsal Asian Cup 2024 ပြိုင်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အိမ်ရှင်ထိုင်းအသင်းနှင့်တစ်အုပ်စုတည်းကျရောက်လျက်ရှိသည်။
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းဝင်ရောက်ယှဥ်ပြိုင်မည့် AFC Futsal Asian Cup 2024 ပြိုင်ပွဲ၏ အုပ်စုမဲခွဲပွဲအား ယနေ့(ဒီဇင် ဘာလ ၁၄ ရက်)၊ နေ့လည် ၁ နာရီခွဲက မလေးရှားနိုင်ငံရှိ အာရှဘောလုံးအဖွဲ့ချုပ်ရုံး၌ ကျင်းပခဲ့သည်။
အုပ်စုမဲခွဲပွဲပြီးဆုံးချိန်၌ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အုပ်စု(က)တွင် အိမ်ရှင်ထိုင်းအသင်း၊ ဗီယက်နမ်အသင်း၊ တရုတ်အသင်းတို့နှင့်အတူ တစ်အုပ်စုတည်းကျရောက်လျက်ရှိသည်။
အဆိုပါ AFC Futsal Asian Cup 2024 ပြိုင်ပွဲ၏ အုပ်စုပွဲစဥ်များကို ထိုင်းနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံ၍ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင်စတင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်ရောက်ရှိသော အသင်းလေးသင်းသည် ဥဇဘက်ကစ္စတန်နိုင်ငံတွင် ကျင်းပမည့် ဖူဆယ်ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
zawgyi version
AFC Futsal Asian Cup 2024 ၿပိဳင္ပြဲ၌ ျမန္မာ့လက္ေ႐ြးစင္ဖူဆယ္အသင္း အိမ္ရွင္ထိုင္းအသင္းႏွင့္တစ္အုပ္စုတည္းက်ေရာက္
ေက်ာ္ (NP News) - ဒီဇင္ဘာ ၁၄
AFC Futsal Asian Cup 2024 ၿပိဳင္ပြဲအား ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ျမန္မာ့လက္ေ႐ြးစင္ဖူဆယ္အသင္းသည္ အိမ္ရွင္ထိုင္းအသင္းႏွင့္တစ္အုပ္စုတည္းက်ေရာက္လ်က္ရွိသည္။
ျမန္မာ့လက္ေ႐ြးစင္ဖူဆယ္အသင္းဝင္ေရာက္ယွဥ္ၿပိဳင္မည့္ AFC Futsal Asian Cup 2024 ၿပိဳင္ပြဲ၏ အုပ္စုမဲခြဲပြဲအား ယေန႔(ဒီဇင္ ဘာလ ၁၄ ရက္)၊ ေန႔လည္ ၁ နာရီခြဲက မေလးရွားႏိုင္ငံရွိ အာရွေဘာလုံးအဖြဲ႕ခ်ဳပ္႐ုံး၌ က်င္းပခဲ့သည္။
အုပ္စုမဲခြဲပြဲၿပီးဆုံးခ်ိန္၌ ျမန္မာ့လက္ေ႐ြးစင္ဖူဆယ္အသင္းသည္ အုပ္စု(က)တြင္ အိမ္ရွင္ထိုင္းအသင္း၊ ဗီယက္နမ္အသင္း၊ တ႐ုတ္အသင္းတို႔ႏွင့္အတူ တစ္အုပ္စုတည္းက်ေရာက္လ်က္ရွိသည္။
အဆိုပါ AFC Futsal Asian Cup 2024 ၿပိဳင္ပြဲ၏ အုပ္စုပြဲစဥ္မ်ားကို ထိုင္းႏိုင္ငံမွအိမ္ရွင္အျဖစ္လက္ခံ၍ ၂၀၂၄ ခုႏွစ္၊ ဧၿပီလ ၁၇ ရက္တြင္စတင္ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ၿပိဳင္ပြဲတြင္ ဆီမီးဖိုင္နယ္ေရာက္ရွိေသာ အသင္းေလးသင္းသည္ ဥဇဘက္ကစၥတန္ႏိုင္ငံတြင္ က်င္းပမည့္ ဖူဆယ္ကမာၻ႔ဖလားၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိမည္ျဖစ္ေၾကာင္း သိရသည္။