လာမည့်ဘောလုံးရာသီတွင် Football For School အစီအစဉ်အတွက် MFF ကို Adidas မှ ဘောလုံး (၄၀၀၀၀) ကျော် ပံ့ပိုးကူညီမည်
259
သန့်ဇင် (NP News) - ဒီဇင်ဘာ ၇
လာမည့် ၂၀၂၅ ဘောလုံးရာသီတွင် Football For School အစီအစဉ်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ကို Adidas မှ ဘောလုံး (၄၀၀၀၀)ကျော် ပံ့ပိုးကူညီမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ က ပြောသည်။
ဦးပြည့်ဖြိုးတေဇက ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့ရှိ Novotel ဟိုတယ်တွင် ကျင်းပခဲ့သော သတ္တမအကြိမ် မြောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ညီလာခံတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ Addidas ဘောလုံးများကို Football For School အစီအစဉ်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မှတဆင့် ဘောလုံးပညာသင်ကျောင်းများကို ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် Football For School အစီစဉ်များကို ယခုနှစ်အတွင်း စတင်ကျင်းရန်စီစဉ်နေပြီး အထက်ပါ Addidas ဘောလုံးများဖြန့်ဝေကာ ပြိုင်ပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်က ဆိုသည်။
“ကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကတော့ ကျွန်တော်တို့ အများကြီးပါ။ သို့ပေမယ့် ကျွန်တော်တို့ ဘာတွေ ထပ်ဖြည့်ဆည်းလို့ရမလဲဆိုရင် ကျွန်တော်တို့ လက်ရှိ School Faootball ကို ကျွန်တော်တို့ ဒီနှစ်စဖို့ ရှိပါတယ်။ အဲဒီတော့ကျောင်းတွေကို ကျွန်တော်တို့တွေ ဘောလုံးတွေ ဖြန့်ဝေပြီးတော့ နည်းပြပိုင်းတွေကော ပြိုင်ပွဲအငယ်စား လေးတွေကော ကျင်းပဖို့ ကျွန်တော်တို့ စီမံဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့နောက် ကျောင်းပြိုင်ပွဲများမှ ရွေးချယ်ရရှိသည့် ကစားသမားများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဘောလုံး အကယ်ဒမီကျောင်းသို့ လွှဲပြောင်းစေပြီး ထိုမှတစ်ဆင့် သက်တမ်းရင့်လာပါက အားကစားသိပ္ပံကျောင်းများတွင် သက်တမ်းအလိုက်ပြိုင်ပွဲများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
Zawgyi Version;
လာမည့္ေဘာလုံးရာသီတြင္ Football For School အစီအစဥ္အတြက္ MFF ကို Adidas မွ ေဘာလုံး (၄၀၀၀၀) ေက်ာ္ ပံ့ပိုးကူညီမည္
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၇
လာမည့္ ၂၀၂၅ ေဘာလုံးရာသီတြင္ Football For School အစီအစဥ္အတြက္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ (MFF) ကို Adidas မွ ေဘာလုံး (၄၀၀၀၀)ေက်ာ္ ပံ့ပိုးကူညီမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ဒုတိယဥကၠ႒ ဦးျပည့္ၿဖိဳးေတဇ က ေျပာသည္။
ဦးျပည့္ၿဖိဳးေတဇက ၿပီးခဲ့သည့္ရက္ပိုင္းက ရန္ကုန္ၿမိဳ႕ရွိ Novotel ဟိုတယ္တြင္ က်င္းပခဲ့ေသာ သတၱမအႀကိမ္ ေျမာက္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ညီလာခံတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါ Addidas ေဘာလုံးမ်ားကို Football For School အစီအစဥ္အတြက္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ (MFF) မွတဆင့္ ေဘာလုံးပညာသင္ေက်ာင္းမ်ားကို ျဖန္႔ျဖဴးေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ Football For School အစီစဥ္မ်ားကို ယခုႏွစ္အတြင္း စတင္က်င္းရန္စီစဥ္ေနၿပီး အထက္ပါ Addidas ေဘာလုံးမ်ားျဖန႔္ေဝကာ ၿပိဳင္ပြဲမ်ား ဆက္လက္က်င္းပသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ (MFF) ဥကၠ႒ ဦးေဇာ္ေဇာ္က ဆိုသည္။
“ကြၽန္ေတာ္တို႔ရဲ႕လိုအပ္ခ်က္ေတြကေတာ့ ကြၽန္ေတာ္တို႔ အမ်ားႀကီးပါ။ သို႔ေပမယ့္ ကြၽန္ေတာ္တို႔ ဘာေတြ ထပ္ျဖည့္ဆည္းလို႔ရမလဲဆိုရင္ ကြၽန္ေတာ္တို႔ လက္ရွိ School Faootball ကို ကြၽန္ေတာ္တို႔ ဒီႏွစ္စဖို႔ ရွိပါတယ္။ အဲဒီေတာ့ေက်ာင္းေတြကို ကြၽန္ေတာ္တို႔ေတြ ေဘာလုံးေတြ ျဖန႔္ေဝၿပီးေတာ့ နည္းျပပိုင္းေတြေကာ ၿပိဳင္ပြဲအငယ္စား ေလးေတြေကာ က်င္းပဖို႔ ကြၽန္ေတာ္တို႔ စီမံေဆာင္႐ြက္မွာျဖစ္ပါတယ္” ဟု ၎က ဆိုသည္။
ထို႔ေနာက္ ေက်ာင္းၿပိဳင္ပြဲမ်ားမွ ေ႐ြးခ်ယ္ရရွိသည့္ ကစားသမားမ်ားကို ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္၏ ေဘာလုံး အကယ္ဒမီေက်ာင္းသို႔ လႊဲေျပာင္းေစၿပီး ထိုမွတစ္ဆင့္ သက္တမ္းရင့္လာပါက အားကစားသိပၸံေက်ာင္းမ်ားတြင္ သက္တမ္းအလိုက္ၿပိဳင္ပြဲမ်ား လုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း ၎က ထည့္သြင္းေျပာၾကားခဲ့သည္။