ခွင့်ပြုချက်ဖြင့် ဖွင့်ထားသော ကာစီနိုလောင်းကစားရုံများ၌ မြန် မာနိုင်ငံသားများ ဝင်ရောက်ကစားပါက အရေးယူမည့် လုပ်ထုံး လုပ်နည်းကို နစက ပြဋ္ဌာန်းထား

 8120

Pearl (NP News) - ဒီဇင်ဘာ ၁၆

ခွင့်ပြုချက်ဖြင့် ဖွင့်ထားသော ကာစီနိုလောင်းကစားရုံများ၌ မြန်မာနိုင်ငံသားများ ဝင်ရောက်ကစားပါက အရေးယူမည့် လုပ်ထုံးလုပ်နည်းကို နစကမှ ပြဋ္ဌာန်းထားသည်။

နစက၏ ပြည်ထဲရေးဝန်ကြီးဌာနက လောင်းကစားဥပဒေပုဒ်မဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် အထက်ပါကဲ့သို့ ထည့်သွင်း ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး သို့မဟုတ် ရဲစခန်းမှူးသည် ခွင့်ပြုချက်ဖြင့် ဖွင့်ထားသော ကာစီနိုအတွင်း မြန်မာ နိုင်ငံသားတစ်ဦးဦး ဝင်ရောက်ကစားနေကြောင်း သတင်းရရှိလျှင် ကိုယ်တိုင်ဝင်ရောက်ဖမ်းဆီးနိုင်ကြောင်း လုပ်ထုံးလုပ်နည်းတွင် ပြဋ္ဌာန်းထားသည်။

ထို့ပြင် မြို့နယ်ရဲတပ်ဖွဲ့မှူး သို့မဟုတ် မြို့နယ်ရဲတပ်ဖွဲ့မှူးအား တိုက်ရိုက်ကြီးကြပ်ကွပ်ကဲသော ရဲအရာရှိသည် ဒုတိယရဲအုပ်အဆင့်အောက်မနိမ့်သော ရဲအရာရှိ တစ်ဦးဦးအား ဝရမ်း ပုံစံ-က (၁) ထုတ်ပေး၍လည်း ဝင်ရောက်ကစားသူ မြန်မာနိုင်ငံသားအား ဖမ်းဆီးနိုင်ကြောင်း သိရသည်။

ဝင်ရောက်ဖမ်းဆီးသည့်အခါ အနည်းဆုံး သက်သေ (၂)ဦးနှင့်အတူ ရှာဖွေပုံစံပါရှိရမည်ဖြစ်ပြီး ကာစီနို၌ တာဝန်ရှိသူကို ဝင်ခွင့်တောင်းခံရမည်ဖြစ်ကြောင်းလည်း လောင်းကစားဥပဒေပုဒ်မဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် ပြဋ္ဌာန်းထားသည်။

အလားတူ ဖမ်းဆီးခံရသူသည် ထွက်ပြေးရန် သို့မဟုတ် အကြမ်း ဖက်ခုခံရန်အားထုတ်လျှင် ၎င်းအား ဖမ်းဆီးရမိရေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေ ၊ တည်ဆဲဥပဒေများနှင့်အညီ ဆောင် ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော NLD အစိုးရလက်ထက်လွှတ်တော်အစည်းအဝေးများတွင် လောင်းကစားဥပေဒေနှင့် ပတ်သက်၍ ဆွေးနွေးစဉ် ကိုယ် စားလှယ်အချို့က ကာစီနိုရုံများ၌ မြန်မာနိုင်ငံသားများကိုလည်းကစားခွင့်ပြုသင့်ကြောင်း ဆွေးနွေးအကြံပြုမှုများရှိခဲ့ဖူးသည်။

ကာစီနိုလောင်းကစားရုံ အများအပြားသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း၌ ရှိသကဲ့သို့ အခြားသော နယ်စပ်မြို့များတွင်လည်းဖွင့်လှစ်မှုများရှိကြောင်း သိရသည်။

zawgyi version
ခြင့္ျပဳခ်က္ျဖင့္ ဖြင့္ထားေသာ ကာစီႏိုေလာင္းကစား႐ုံမ်ား၌ ျမန္ မာႏိုင္ငံသားမ်ား ဝင္ေရာက္ကစားပါက အေရးယူမည့္ လုပ္ထုံး လုပ္နည္းကို နစက ျပ႒ာန္းထား
Pearl (NP News) - ဒီဇင္ဘာ ၁၆

ခြင့္ျပဳခ်က္ျဖင့္ ဖြင့္ထားေသာ ကာစီႏိုေလာင္းကစား႐ုံမ်ား၌ ျမန္မာႏိုင္ငံသားမ်ား ဝင္ေရာက္ကစားပါက အေရးယူမည့္ လုပ္ထုံးလုပ္နည္းကို နစကမွ ျပ႒ာန္းထားသည္။

နစက၏ ျပည္ထဲေရးဝန္ႀကီးဌာနက ေလာင္းကစားဥပေဒပုဒ္မဆိုင္ရာ လုပ္ထုံးလုပ္နည္းမ်ားတြင္ အထက္ပါကဲ့သို႔ ထည့္သြင္း ျပ႒ာန္းထားျခင္းျဖစ္သည္။

ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး သို႔မဟုတ္ ရဲစခန္းမႉးသည္ ခြင့္ျပဳခ်က္ျဖင့္ ဖြင့္ထားေသာ ကာစီႏိုအတြင္း ျမန္မာ ႏိုင္ငံသားတစ္ဦးဦး ဝင္ေရာက္ကစားေနေၾကာင္း သတင္းရရွိလွ်င္ ကိုယ္တိုင္ဝင္ေရာက္ဖမ္းဆီးႏိုင္ေၾကာင္း လုပ္ထုံးလုပ္နည္းတြင္ ျပ႒ာန္းထားသည္။

ထို႔ျပင္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး သို႔မဟုတ္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးအား တိုက္႐ိုက္ႀကီးၾကပ္ကြပ္ကဲေသာ ရဲအရာရွိသည္ ဒုတိယရဲအုပ္အဆင့္ေအာက္မနိမ့္ေသာ ရဲအရာရွိ တစ္ဦးဦးအား ဝရမ္း ပုံစံ-က (၁) ထုတ္ေပး၍လည္း ဝင္ေရာက္ကစားသူ ျမန္မာႏိုင္ငံသားအား ဖမ္းဆီးႏိုင္ေၾကာင္း သိရသည္။

ဝင္ေရာက္ဖမ္းဆီးသည့္အခါ အနည္းဆုံး သက္ေသ (၂)ဦးႏွင့္အတူ ရွာေဖြပုံစံပါရွိရမည္ျဖစ္ၿပီး ကာစီႏို၌ တာဝန္ရွိသူကို ဝင္ခြင့္ေတာင္းခံရမည္ျဖစ္ေၾကာင္းလည္း ေလာင္းကစားဥပေဒပုဒ္မဆိုင္ရာ လုပ္ထုံးလုပ္နည္းမ်ားတြင္ ျပ႒ာန္းထားသည္။

အလားတူ ဖမ္းဆီးခံရသူသည္ ထြက္ေျပးရန္ သို႔မဟုတ္ အၾကမ္း ဖက္ခုခံရန္အားထုတ္လွ်င္ ၎အား ဖမ္းဆီးရမိေရးအတြက္ ရာဇဝတ္က်င့္ထုံးဥပေဒ ၊ တည္ဆဲဥပေဒမ်ားႏွင့္အညီ ေဆာင္ ႐ြက္ရမည္ျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ NLD အစိုးရလက္ထက္လႊတ္ေတာ္အစည္းအေဝးမ်ားတြင္ ေလာင္းကစားဥေပေဒႏွင့္ ပတ္သက္၍ ေဆြးေႏြးစဥ္ ကိုယ္ စားလွယ္အခ်ိဳ႕က ကာစီႏို႐ုံမ်ား၌ ျမန္မာႏိုင္ငံသားမ်ားကိုလည္းကစားခြင့္ျပဳသင့္ေၾကာင္း ေဆြးေႏြးအႀကံျပဳမႈမ်ားရွိခဲ့ဖူးသည္။

ကာစီႏိုေလာင္းကစား႐ုံ အမ်ားအျပားသည္ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္အတြင္း၌ ရွိသကဲ့သို႔ အျခားေသာ နယ္စပ္ၿမိဳ႕မ်ားတြင္လည္းဖြင့္လွစ္မႈမ်ားရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.