နေပြည်တော်၌ ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူ ဒဏ်ရာအပြင်းထန်ရ

 3033

သန့်ဇင်(NP News) - ဒီဇင်ဘာ ၃၀

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းသူ ဒဏ်ရာအပြင်းထန်ရရှိခဲ့ကြောင်း ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယမန်နေ့(ဒီဇင်ဘာလ ၂၉ ရက်)၊ ည ၈နာရီအချိန်ခန့်တွင် ဇေယျာသီရိမြို့နယ်၊ တိရိစ္ဆာန်ဥယျာဉ်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ပျဉ်းမနားဘက်ကလာတဲ့ ဆိုင်ကယ်နဲ့ တပ်ကုန်းဘက်လာတဲ့ ကားတို့ မျက်နှာချင်းဆိုင်တိုက်မိတာပါ။ ဆိုင်ကယ်က အရှိန်တော်တော် ပါမယ်ဗျ” ဟု ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် နေပြည်တော်၊ တိုင်းရင်းသားကျေးရွာတွင်နေထိုင်သည့် အသက်(၃၈)နှစ်အရွယ် ဆိုင်ကယ် ယာဉ်မောင်း အမျိုးသား၌ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်သမားက စိုးရိမ်ရတဲ့အခြေအနေပေါ့။ သူရဲ့ ဘယ်ဘက်ရင်အုံမှာ တစ်ခုခုနဲ့ထိုးမိတဲ့ အပေါက်ကြီးရှိတယ်။ မျက်နှာတွေလည်း ထိမိထားတယ်။အဲဒီနေရာတွေက ယာဉ်တိုက်မှုခဏခဏဖြစ်တယ်။ အဲဒါကြောင့် ပျဉ်းမနားနဲ့ တပ်ကုန်းကြားမှာ ဆိုင်ကယ်သမားတွေ အနေနဲ့ အထူးဂရုပြုပြီး စီးစေချင်တယ် ” ဟု ၎င်းကဆက်လက်ပြောသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားအား ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ နေပြည်တော် ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ေနျပည္ေတာ္၌ ကားႏွင့္ဆိုင္ကယ္ မ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့ရာ ဆိုင္ကယ္ေမာင္းႏွင္သူ ဒဏ္ရာအျပင္းထန္ရ

သန႔္ဇင္(NP News) - ဒီဇင္ဘာ ၃၀

ေနျပည္ေတာ္၊ ေဇယ်ာသီရိၿမိဳ႕နယ္တြင္ ကားႏွင့္ဆိုင္ကယ္ မ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့ရာ ဆိုင္ကယ္ေမာင္းသူ ဒဏ္ရာအျပင္းထန္ရရွိခဲ့ေၾကာင္း က႐ုဏာရွင္လူမႈကူညီေရးပရဟိတအသင္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယမန္ေန႔(ဒီဇင္ဘာလ ၂၉ ရက္)၊ ည ၈နာရီအခ်ိန္ခန႔္တြင္ ေဇယ်ာသီရိၿမိဳ႕နယ္၊ တိရိစာၦန္ဥယ်ာဥ္အနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ပ်ဥ္းမနားဘက္ကလာတဲ့ ဆိုင္ကယ္နဲ႔ တပ္ကုန္းဘက္လာတဲ့ ကားတို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိတာပါ။ ဆိုင္ကယ္က အရွိန္ေတာ္ေတာ္ ပါမယ္ဗ်” ဟု က႐ုဏာရွင္လူမႈကူညီေရးပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္တြင္ ေနျပည္ေတာ္၊ တိုင္းရင္းသားေက်း႐ြာတြင္ေနထိုင္သည့္ အသက္(၃၈)ႏွစ္အ႐ြယ္ ဆိုင္ကယ္ ယာဥ္ေမာင္း အမ်ိဳးသား၌ ျပင္းထန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

“ဆိုင္ကယ္သမားက စိုးရိမ္ရတဲ့အေျခအေနေပါ့။ သူရဲ႕ ဘယ္ဘက္ရင္အုံမွာ တစ္ခုခုနဲ႔ထိုးမိတဲ့ အေပါက္ႀကီးရွိတယ္။ မ်က္ႏွာေတြလည္း ထိမိထားတယ္။အဲဒီေနရာေတြက ယာဥ္တိုက္မႈခဏခဏျဖစ္တယ္။ အဲဒါေၾကာင့္ ပ်ဥ္းမနားနဲ႔ တပ္ကုန္းၾကားမွာ ဆိုင္ကယ္သမားေတြ အေနနဲ႔ အထူးဂ႐ုျပဳၿပီး စီးေစခ်င္တယ္ ” ဟု ၎ကဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ အမ်ိဳးသားအား က႐ုဏာရွင္လူမႈကူညီေရးပရဟိတအသင္းမွ ေနျပည္ေတာ္ ကုတင္(၁၀၀၀) ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.