နှစ်သစ်ကူးနေ့ နံနက်အစောပိုင်းတွင် လားရှိုးမြို့အထွက်ရှိ "အီနိုင်း" တံတားမိုင်းခွဲဖျက်ဆီးခံရပြီး ကျိုးကျသွားခဲ့

 3797

ကျော် (NP News) - ဇန်နဝါရီ-၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အထွက်ရှိ "အီနိုင်း" တံတားအား ယနေ့ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် အစောပိုင်း တွင် TNLA / KIA ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့နံနက် ၃ နာရီ ၃ဝ မိနစ်ကျော်ခန့်က TNLA / KIA ပူးပေါင်းအဖွဲ့ဝင်များမှ လားရှိုးမြို့အထွက် အီနိုင်းကျေးရွာ အနီး လားရှိုး-နမ္မတူသွားကားလမ်းပေါ် လားရှိုးမြို့မှ (၉)မိုင်ခန့်အကွာရှိ "အီနိုင်း" တံတားအား မိုင်းထောင်၍ ဖောက်ခွဲဖျက်ဆီးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

"မနက်က အစောပိုင်းမှာ ပေါက်ကွဲသံ(၃)ချက်လောက်ကြားလိုက်ရတယ်။ ပေါက်ကွဲသံတွေ အကုန်လုံးက အသံ အတော်ကျယ်တာ။ ဘယ်နေရာမှာ ပေါက်ကွဲမှုဖြစ်တာလည်းဆိုတာတော့ မသိသေးဘူး။ အသံကြားကြားချင်းမှာ အိပ်ပျော်နေရာကနေ ပေါက်ကွဲသံတွေကြားလို့ ပြန်ပြီးအိပ်လို့လည်း မရတော့ဘူး။ ဒီမနက်ပိုင်း စုံစမ်းကြည့်မှ "အီနိုင်း" တံတား မိုင်းခွဲဖျက်ဆီးခံရတာကိုသိတာ။ တံတားက အလယ်လောက်ကနေ လုံးဝကို ကျိုးကျသွားတာ" ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။

ထိုသို့မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် "အီနိုင်း" တံတားမှာ တံတား၏ အလယ်မှစတင်ကာ ကျိုးကျပျက်စီးသွားခဲ့ပြီး တံတားလက်ရမ်းများလည်း ပျက်စီးခဲ့သဖြင့် ဖြတ်သန်းသွားလာမှုပြုလုပ်၍မရတော့ကြောင်း ဒေသခံများထံမှ သိရသည်။

"ကုန်စည်စီးဆင်းမှုအတွက်မပြောနဲ့ လူတောင်ဖြတ်သွားလို့ မရတော့ဘူး။ အဲဒီတော့ ဒီကဒေသခံတွေအတွက် ဆိုးကျိုးတွေ ပိုပိုပြီးကြုံနေရတယ်။ အခုဆိုရင် ကုန်စည်စီးဆင်းမှုလည်း အရင်ကထက် ပိုပြတ်သွားမှာ။ ဒီ "အီနိုင်း"တံတားက လုံးဝကျိုးကျသွားတော့ ပြန်ပြီးပြင်ဆင်ဖို့ဆိုတာ အတော်ကြာအုံးမှာ လက်ရှိ တိုက်ပွဲတွေ အခြေ အနေအရလည်း ပြင်ဆင်ဖို့လုပ်ဖို့ဆိုတာ မလွယ်ဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။

ပျက်စီးမှုများဖြစ်ပေါ်သွားသည့် "အီနိုင်း" တံတားအား ပြန်လည်ပြင်ဆင်မှုများပြုလုပ်နိုင်ရန် နှင့် ယာယီဘေလီ တံတားထိုးနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များ နှင့် လမ်း/တံတားတာဝန်ရှိသူများက လာရောက်စစ်ဆေးမှုများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်၌ လားရှိုးမြို့အား ဝင်/ထွက်သွားလာနိုင်သည့်လမ်းကြောင်းမှာ နမ့်ပေါင် ဝင်/ထွက် လမ်းကြောင်း တစ်ခုသာရှိတော့သဖြင့် လားရှိုးမြို့သို့ လာရောက်မည့်သူများ ပြန်လည်ထွက်ခွာမည့်သူများအနေဖြင့် နမ့်ပေါင်လမ်း ကိုသာ အသုံးပြုသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက် ည ၆ နာရီခန့်ကလည်း သီပေါမြို့ နှင့် နမ္မတူမြို့ကြားရှိ မြစ်ငယ်မြစ်ပေါ်၌ တည်ဆောက်ထားသည့် "မိုးတေ" တံတားအား လက်နက်ကိုင်အဖွဲ့ဝင်များက မိုင်းခွဲဖျက်ဆီးခဲ့ကြသဖြင့် ကားကြီးများ သွားလာ၍မရဘဲ ကားလေးများသာ ဖြတ်သန်းသွားလာနိုင်တော့ကြောင်း သိရသည်။

Zawgyi Version;
ႏွစ္သစ္ကူးေန႔ နံနက္အေစာပိုင္းတြင္ လားရႈိးၿမိဳ႕အထြက္ရွိ "အီႏိုင္း" တံတားမိုင္းခြဲဖ်က္ဆီးခံရၿပီး က်ိဳးက်သြားခဲ့
ေက်ာ္ (NP News) - ဇန္နဝါရီ-၁

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕အထြက္ရွိ "အီႏိုင္း" တံတားအား ယေန႔ ၂ဝ၂၄ ခုႏွစ္ ဇန္နဝါရီ ၁ ရက္ နံနက္ အေစာပိုင္း တြင္ TNLA / KIA ပူးေပါင္းအဖြဲ႕က မိုင္းခြဲဖ်က္ဆီးခဲ့ၾကေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ယေန႔နံနက္ ၃ နာရီ ၃ဝ မိနစ္ေက်ာ္ခန္႔က TNLA / KIA ပူးေပါင္းအဖြဲ႕ဝင္မ်ားမွ လားရႈိးၿမိဳ႕အထြက္ အီႏိုင္းေက်း႐ြာ အနီး လားရႈိး-နမၼတူသြားကားလမ္းေပၚ လားရႈိးၿမိဳ႕မွ (၉)မိုင္ခန္႔အကြာရွိ "အီႏိုင္း" တံတားအား မိုင္းေထာင္၍ ေဖာက္ခြဲဖ်က္ဆီးခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

"မနက္က အေစာပိုင္းမွာ ေပါက္ကြဲသံ(၃)ခ်က္ေလာက္ၾကားလိုက္ရတယ္။ ေပါက္ကြဲသံေတြ အကုန္လုံးက အသံ အေတာ္က်ယ္တာ။ ဘယ္ေနရာမွာ ေပါက္ကြဲမႈျဖစ္တာလည္းဆိုတာေတာ့ မသိေသးဘူး။ အသံၾကားၾကားခ်င္းမွာ အိပ္ေပ်ာ္ေနရာကေန ေပါက္ကြဲသံေတြၾကားလို႔ ျပန္ၿပီးအိပ္လို႔လည္း မရေတာ့ဘူး။ ဒီမနက္ပိုင္း စုံစမ္းၾကည့္မွ "အီႏိုင္း" တံတား မိုင္းခြဲဖ်က္ဆီးခံရတာကိုသိတာ။ တံတားက အလယ္ေလာက္ကေန လုံးဝကို က်ိဳးက်သြားတာ" ဟု ေဒသခံတစ္ဦးက NP News ကို ေျပာသည္။

ထိုသို႔မိုင္းခြဲဖ်က္ဆီးခံရမႈေၾကာင့္ "အီႏိုင္း" တံတားမွာ တံတား၏ အလယ္မွစတင္ကာ က်ိဳးက်ပ်က္စီးသြားခဲ့ၿပီး တံတားလက္ရမ္းမ်ားလည္း ပ်က္စီးခဲ့သျဖင့္ ျဖတ္သန္းသြားလာမႈျပဳလုပ္၍မရေတာ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

"ကုန္စည္စီးဆင္းမႈအတြက္မေျပာနဲ႔ လူေတာင္ျဖတ္သြားလို႔ မရေတာ့ဘူး။ အဲဒီေတာ့ ဒီကေဒသခံေတြအတြက္ ဆိုးက်ိဳးေတြ ပိုပိုၿပီးႀကဳံေနရတယ္။ အခုဆိုရင္ ကုန္စည္စီးဆင္းမႈလည္း အရင္ကထက္ ပိုျပတ္သြားမွာ။ ဒီ "အီႏိုင္း"တံတားက လုံးဝက်ိဳးက်သြားေတာ့ ျပန္ၿပီးျပင္ဆင္ဖို႔ဆိုတာ အေတာ္ၾကာအုံးမွာ လက္ရွိ တိုက္ပြဲေတြ အေျခ အေနအရလည္း ျပင္ဆင္ဖို႔လုပ္ဖို႔ဆိုတာ မလြယ္ဘူး" ဟု ေဒသခံတစ္ဦးက ေျပာသည္။

ပ်က္စီးမႈမ်ားျဖစ္ေပၚသြားသည့္ "အီႏိုင္း" တံတားအား ျပန္လည္ျပင္ဆင္မႈမ်ားျပဳလုပ္ႏိုင္ရန္ ႏွင့္ ယာယီေဘလီ တံတားထိုးႏိုင္ရန္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ား ႏွင့္ လမ္း/တံတားတာဝန္ရွိသူမ်ားက လာေရာက္စစ္ေဆးမႈမ်ား ျပဳလုပ္ လ်က္ရွိေၾကာင္း သိရသည္။

လက္ရွိအခ်ိန္၌ လားရႈိးၿမိဳ႕အား ဝင္/ထြက္သြားလာႏိုင္သည့္လမ္းေၾကာင္းမွာ နမ့္ေပါင္ ဝင္/ထြက္ လမ္းေၾကာင္း တစ္ခုသာရွိေတာ့သျဖင့္ လားရႈိးၿမိဳ႕သို႔ လာေရာက္မည့္သူမ်ား ျပန္လည္ထြက္ခြာမည့္သူမ်ားအေနျဖင့္ နမ့္ေပါင္လမ္း ကိုသာ အသုံးျပဳသြားလာႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာ ၂၈ ရက္ ည ၆ နာရီခန္႔ကလည္း သီေပါၿမိဳ႕ ႏွင့္ နမၼတူၿမိဳ႕ၾကားရွိ ျမစ္ငယ္ျမစ္ေပၚ၌ တည္ေဆာက္ထားသည့္ "မိုးေတ" တံတားအား လက္နက္ကိုင္အဖြဲ႕ဝင္မ်ားက မိုင္းခြဲဖ်က္ဆီးခဲ့ၾကသျဖင့္ ကားႀကီးမ်ား သြားလာ၍မရဘဲ ကားေလးမ်ားသာ ျဖတ္သန္းသြားလာႏိုင္ေတာ့ေၾကာင္း သိရသည္။

Picture

ကိုကျော်ဇင် ကိုကျော်ဇင်

01/01/2024 11:40

သူပုန်အကြမ်းဖက်ဆိုတာပြည်သူထိခိုက်အောင်ဘဲလုပ်တတ်တာအဲလမိးပေါ်တက်ဆက်ကြေးကောက်တာလမ်းကောင်းအောင်တံတားကောငအောင်ဘယ်သူပုန်ကမှလုပ်ပေးခဲ့တယ်ဆိုတာရာဇဝင်မှာလည်းမရှီဘူးကြားလညမကြားဘူးပါဘူးအေးလေသုပုနါပါဆိုမှ့မျကာင်းဘဲလုပ်မှာပေါ့သူပုန်ပြည်နယ်သူပုန်ဒေသကိုတောင်ဘာမှကောင်းအောင်မလုပ်ပေးဘူးတာ

Related news

© 2021. All rights reserved.