ရှမ်းယူနိုက်တက်အသင်းက လွိုင်လင်မြို့တွင် လူငယ်ဘောလုံးသင်တန်းဖွင့်လှစ်မည်

 439

ကျော် (NP News) - ဇန်နဝါရီ ၆

မြန်မာနေရှင်နယ်လိဂ်(MNL)ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက လာမည့် ဇန်နဝါရီလ ၈ ရက်မှစတင်ကာ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့၌ လူငယ်ဘော လုံးသင်တန်း(၁/၂၀၂၄)ကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရှမ်းယူနိုက်တက်အသင်းထံမှ သိရသည်။

အဆိုပါ လူငယ်ဘောလုံးသင်တန်းအား အားကစားနှင့်လူငယ်ရေးရာဝန် ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လွိုင်လင်ဘောလုံးအဖွဲ့ချုပ် နှင့် ရှမ်းယူနိုက်တက်အသင်းတို့ပူးပေါင်း၍ လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမခြေလှမ်းအဖြစ် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

"ဘောလုံးသင်တန်းက ရက်အများကြီးမဟုတ်ပေမယ့် အကျိုးရှိနိုင်မယ့်အရာတွေကို ရွေးချယ်သင်ပေးသွားမှာပါ။ ကလေးတွေ ဘောလုံးအားကစားကို စိတ်ဝင်စားပြီဆိုရင် လမ်းမှားရောက်ဖို့ အခွင့်အရေးနည်းသွားမယ်။ လူငယ်ဘဝမှာကတည်းက ဘောလုံးကိုစနစ်တကျကန်တတ်ဖို့ ဒီသင်တန်းက အထောက်အကူတစ်ခုဖြစ်မယ်လို့ ယုံပါတယ်"ဟု ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ကိုဟန်ဝင်းအောင်က NP News ကိုပြောသည်။

အဆိုပါ လူငယ်ဘောလုံးသင်တန်းအား လွိင်လင်မြို့တွင် ဇန်နဝါရီလ ၈ ရက်မှ ၁၇ ရက်အထိ ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ်ကဦးဆောင်ကာ ရှမ်းယူနိုက်တက်အသင်းနည်းပြများက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ဘောလုံးသင်တန်းက ကလေးတွေဘောလုံးကိုစနစ်တကျကန်တက်ဖို့အပြင် ဒီသင်တန်းမှာလာတက်တဲ့ ကလေးတွေထဲကမှ ခြေစွမ်းခြေစကောင်းတဲ့လူငယ်တွေကို ရှမ်းယူနိုက်တက်လူငယ်အသင်းအတွက် အကဲခတ်ကြည့်ရှုသွားမှာပါ"ဟု ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ကိုဟန်ဝင်းအောင်ကဆက်လက်ပြောသည်။

ရှမ်းယူနိုက်တက်အသင်း၏ လူငယ်ဘောလုံးသင်တန်းများအား အခြား မြို့နယ်နှင့်မြို့များတွင်လည်း ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းယူနိုက်တက်အသင်းသည် လာမည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၏ ဘောလုံးရာသီ၌ တောင်ကြီးဘောလုံးကွင်းအား အိမ်ကွင်းအဖြစ်အသုံးပြုကာ လက်ခံယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ရွမ္းယူႏိုက္တက္အသင္းက လြိဳင္လင္ၿမိဳ႕တြင္ လူငယ္ေဘာလုံးသင္တန္းဖြင့္လွစ္မည္

ေက်ာ္ (NP News) - ဇန္နဝါရီ ၆

ျမန္မာေနရွင္နယ္လိဂ္(MNL)ခ်န္ပီယံ ရွမ္းယူႏိုက္တက္အသင္းက လာမည့္ ဇန္နဝါရီလ ၈ ရက္မွစတင္ကာ ရွမ္းျပည္နယ္၊ လြိဳင္လင္ၿမိဳ႕၌ လူငယ္ေဘာ လုံးသင္တန္း(၁/၂၀၂၄)ကို ဖြင့္လွစ္သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း ရွမ္းယူႏိုက္တက္အသင္းထံမွ သိရသည္။

အဆိုပါ လူငယ္ေဘာလုံးသင္တန္းအား အားကစားႏွင့္လူငယ္ေရးရာဝန္ ႀကီးဌာန၊ ပညာေရးဝန္ႀကီးဌာန၊ လြိဳင္လင္ေဘာလုံးအဖြဲ႕ခ်ဳပ္ ႏွင့္ ရွမ္းယူႏိုက္တက္အသင္းတို႔ပူးေပါင္း၍ လူငယ္မ်ားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပထမေျခလွမ္းအျဖစ္ ဖြင့္လွစ္သင္ၾကားေပးျခင္းျဖစ္ေၾကာင္း သိရသည္။

"ေဘာလုံးသင္တန္းက ရက္အမ်ားႀကီးမဟုတ္ေပမယ့္ အက်ိဳးရွိႏိုင္မယ့္အရာေတြကို ေ႐ြးခ်ယ္သင္ေပးသြားမွာပါ။ ကေလးေတြ ေဘာလုံးအားကစားကို စိတ္ဝင္စားၿပီဆိုရင္ လမ္းမွားေရာက္ဖို႔ အခြင့္အေရးနည္းသြားမယ္။ လူငယ္ဘဝမွာကတည္းက ေဘာလုံးကိုစနစ္တက်ကန္တတ္ဖို႔ ဒီသင္တန္းက အေထာက္အကူတစ္ခုျဖစ္မယ္လို႔ ယုံပါတယ္"ဟု ရွမ္းယူႏိုက္တက္အသင္းနည္းျပခ်ဳပ္ ကိုဟန္ဝင္းေအာင္က NP News ကိုေျပာသည္။

အဆိုပါ လူငယ္ေဘာလုံးသင္တန္းအား လြိင္လင္ၿမိဳ႕တြင္ ဇန္နဝါရီလ ၈ ရက္မွ ၁၇ ရက္အထိ ရွမ္းယူႏိုက္တက္အသင္းနည္းျပခ်ဳပ္ကဦးေဆာင္ကာ ရွမ္းယူႏိုက္တက္အသင္းနည္းျပမ်ားက သင္ၾကားပို႔ခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ေဘာလုံးသင္တန္းက ကေလးေတြေဘာလုံးကိုစနစ္တက်ကန္တက္ဖို႔အျပင္ ဒီသင္တန္းမွာလာတက္တဲ့ ကေလးေတြထဲကမွ ေျခစြမ္းေျခစေကာင္းတဲ့လူငယ္ေတြကို ရွမ္းယူႏိုက္တက္လူငယ္အသင္းအတြက္ အကဲခတ္ၾကည့္ရႈသြားမွာပါ"ဟု ရွမ္းယူႏိုက္တက္အသင္းနည္းျပခ်ဳပ္ ကိုဟန္ဝင္းေအာင္ကဆက္လက္ေျပာသည္။

ရွမ္းယူႏိုက္တက္အသင္း၏ လူငယ္ေဘာလုံးသင္တန္းမ်ားအား အျခား ၿမိဳ႕နယ္ႏွင့္ၿမိဳ႕မ်ားတြင္လည္း ဆက္လက္ဖြင့္လွစ္သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းယူႏိုက္တက္အသင္းသည္ လာမည့္ ျမန္မာေနရွင္နယ္လိဂ္ၿပိဳင္ပြဲ၏ ေဘာလုံးရာသီ၌ ေတာင္ႀကီးေဘာလုံးကြင္းအား အိမ္ကြင္းအျဖစ္အသုံးျပဳကာ လက္ခံယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.