အနောက်အုပ်စုနိုင်ငံတွေအပေါ် ယုံကြည်မှုမရှိတော့ကြောင်း တူရကီ သမ္မတပြော

1614
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂ဝ
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲကို ရပ်တန့်အောင် ပျက်ကွက်မှုတွေရှိနေတဲ့အတွက် အနောက်အုပ်စုနိုင်ငံတွေအပေါ် ယုံကြည်မှုမရှိတော့ကြောင်း တူရကီသမ္မတ အာဒိုဂမ်ကပြောပါတယ်။

ကမ္ဘာကုလသမဂ္ဂအဖွဲ့အစည်းအပါအဝင် နိုင်ငံတကာအဖွဲ့စည်းတွေဟာ အစ္စရေး နဲ့ ပါလက်စတိုင်းကြားဖြစ်နေတဲ့ စစ်ပွဲကိုရပ်တန့်အောင်လုပ်ဆောင်နိုင်ခြင်းမရှိတာက ဥပမာတစ်ရပ်ဖြစ်စေခဲ့ကြောင်း တူရကီသမ္မတကပြောပါတယ်။
တူရကီသမ္မတက "အနောက်အုပ်စုနိုင်ငံတွေအပေါ် ယုံကြည်မှုမရှိတော့ဘူး။ အနောက်အုပ်စုနိုင်ငံတွေဟာ ဂါဇာစစ်ပွဲရပ်တန့်အောင်မလုပ်နိုင်ခဲ့ဘူး။ အနောက် အုပ်စုနိုင်ငံတွေမှာ အကြမ်းဖက်မှုတွေကို တားဆီးနိုင်အောင် တိကျတဲ့ မူဝါဒတွေ မရှိဘူး။ အီရတ်၊ ဘောစနီးယား၊ ဆီးရီးယား နဲ့ ဆိုမာလီယာနိုင်ငံအရေးကိစ္စတွေတုန်းကလည်း ကမ္ဘာ့လုံခြုံရေးအဖွဲ့အစည်းတွေဟာ ပျက်ကွက်မှုတွေဖြစ်ခဲ့တယ်"လို့ ပြောပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ဂါဇာစစ်ပွဲကို အပစ်ခတ်ရပ်စဲဖို့ တောင်းဆိုခဲ့ပေမယ့် အမေရိကန်အစိုးရက ဗီတိုအာဏာသုံးငြင်းဆန်ပယ်ချခဲ့ကြောင်းသိရပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲက ရက်ပေါင်း ၁၀၀ ကျော်လာပြီး အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းလူမျိုး (၂)သောင်းကျော်သေဆုံးထားပါတယ်။ အစ္စရေးကတော့ သေဆုံးခဲ့တဲ့ပါလက်စတိုင်းလူမျိုးတွေထဲမှာ ဟားမက်စ်လက်နက်ကိုင်အုပ်စုဝင်တွေပါဝင်နေကြောင်းပြောပါတယ်။
zawgyi version
အေနာက္အုပ္စုႏိုင္ငံေတြအေပၚ ယုံၾကည္မႈမရွိေတာ့ေၾကာင္း တူရကီ သမၼတေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂ဝ
အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့ ဂါဇာစစ္ပြဲကို ရပ္တန႔္ေအာင္ ပ်က္ကြက္မႈေတြရွိေနတဲ့အတြက္ အေနာက္အုပ္စုႏိုင္ငံေတြအေပၚ ယုံၾကည္မႈမရွိေတာ့ေၾကာင္း တူရကီသမၼတ အာဒိုဂမ္ကေျပာပါတယ္။
ကမာၻကုလသမဂၢအဖြဲ႕အစည္းအပါအဝင္ ႏိုင္ငံတကာအဖြဲ႕စည္းေတြဟာ အစၥေရး နဲ႔ ပါလက္စတိုင္းၾကားျဖစ္ေနတဲ့ စစ္ပြဲကိုရပ္တန႔္ေအာင္လုပ္ေဆာင္ႏိုင္ျခင္းမရွိတာက ဥပမာတစ္ရပ္ျဖစ္ေစခဲ့ေၾကာင္း တူရကီသမၼတကေျပာပါတယ္။
တူရကီသမၼတက "အေနာက္အုပ္စုႏိုင္ငံေတြအေပၚ ယုံၾကည္မႈမရွိေတာ့ဘူး။ အေနာက္အုပ္စုႏိုင္ငံေတြဟာ ဂါဇာစစ္ပြဲရပ္တန႔္ေအာင္မလုပ္ႏိုင္ခဲ့ဘူး။ အေနာက္ အုပ္စုႏိုင္ငံေတြမွာ အၾကမ္းဖက္မႈေတြကို တားဆီးႏိုင္ေအာင္ တိက်တဲ့ မူဝါဒေတြ မရွိဘူး။ အီရတ္၊ ေဘာစနီးယား၊ ဆီးရီးယား နဲ႔ ဆိုမာလီယာႏိုင္ငံအေရးကိစၥေတြတုန္းကလည္း ကမာၻ႔လုံၿခဳံေရးအဖြဲ႕အစည္းေတြဟာ ပ်က္ကြက္မႈေတြျဖစ္ခဲ့တယ္"လို႔ ေျပာပါတယ္။
ကုလသမဂၢလုံၿခဳံေရးေကာင္စီအပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္းေတြဟာ ဂါဇာစစ္ပြဲကို အပစ္ခတ္ရပ္စဲဖို႔ ေတာင္းဆိုခဲ့ေပမယ့္ အေမရိကန္အစိုးရက ဗီတိုအာဏာသုံးျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္းသိရပါတယ္။ အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့စစ္ပြဲက ရက္ေပါင္း ၁၀၀ ေက်ာ္လာၿပီး အစၥေရးရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ ပါလက္စတိုင္းလူမ်ိဳး (၂)ေသာင္းေက်ာ္ေသဆုံးထားပါတယ္။ အစၥေရးကေတာ့ ေသဆုံးခဲ့တဲ့ပါလက္စတိုင္းလူမ်ိဳးေတြထဲမွာ ဟားမက္စ္လက္နက္ကိုင္အုပ္စုဝင္ေတြပါဝင္ေနေၾကာင္းေျပာပါတယ္။