ဒေါ်လာဈေးမြင့်တက်ကာ ရွှေဈေး မတည်ငြိမ်မှုကြောင့် အ‌ရောင်းနည်းပြီး ဈေးကွက်အေးနေ

 2973

NP News - ဇန်နဝါရီ ၃ဝ

နိုင်ငံခြားငွေလဲဈေးကွက်အတွင်းမှာ ဒေါ်လာဈေး ဆက်တိုက်မြင့်တက်နေတာကြောင့် ပြည်တွင်းရွှေဈေးဟာ သုံးဆယ်ရှစ်သိန်းရှစ်သောင်း ရောက်ရှိနေကြောင်းရွှေဆိုင်ပိုင်ရှင်များထံမှ သိသည်။
“ဒေါ်လာပေါက်ဈေးက ပြင်ပဈေးကွက်မှာ တအားတက်နေတယ် တစ်ဒေါ်လာကို ၃၅၇ဝ အထိ ရောက်လာတော့ ဝယ်လို့တောင် မရဘူး။ အခေါက်ရွှေဈေးတက်နေတော့ ဝယ်တဲ့သူမရှိဘူး” ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ခြောက်သိန်း ခြောက်သောင်းခန့် ရည်ညွန်းဈေး ထုတ်ပြန်ထားသော်လည်း ပြင်ပဈေးကွက်အတွင်း၌ သုံးဆယ့်သိန်း ရှစ်သောင်း အထိ ပေါက်ဈေး မြင့်တက်နေခြင်းဖြစ်သည်။
ဇန်နဝါရီလအတွင်း အခေါက်ရွှေဈေးမှာ တစ်သိန်းကျော်ခန့်အထိ မြင့်တက်လာခဲ့ပြိး အမေရိကန်ဒေါ်လာပေါက်ဈေး မှာလည်း တစ်ဒေါ်လာလျှင် ၃၄၅ဝ ကျပ်မှ ၃၅၇ဝ ကျပ်အထိ မြင့်တက်လာခြင်းဖြစ်သည်။ ဗဟိုဘဏ်က နိုင်ငံခြားငွေများ ဈေးကွက်အတွင်း ထုတ်ရောင်းပေးနေသော်လည်း မြန်မာငွေတန်ဖိုးမှာ ဆက်လက်ကျဆင်းနေပြိး အဓိကနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ရပ်တန့်နေခြင်းကြောင့်ဖြစ်ကြောင်း လုပ်ငန်းရှင်များက ခန့်မှန်းထား ကြသည်။

ပြည်တွင်းရွှေစျေးမှာ ၂ဝ၂၁ ခုနှစ်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ဆယ့်ခုနှစ်သိန်း ဝန်းကျင်ရှိနေရာမှ တစ်ဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး လက်ရှိအချိန်တွင် သုံးဆယ့်ရှစ်သိန်းကျော် သုံးဆယ့်ကိုးသိန်းဝန်းကျင်အထိ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
ေဒၚလာေဈးျမင့္တက္ကာ ေ႐ႊေဈး မတည္ၿငိမ္မႈေၾကာင့္ အ‌ေရာင္းနည္းၿပီး ေဈးကြက္ေအးေန
NP News - ဇန္နဝါရီ ၃ဝ

ႏိုင္ငံျခားေငြလဲေဈးကြက္အတြင္းမွာ ေဒၚလာေဈး ဆက္တိုက္ျမင့္တက္ေနတာေၾကာင့္ ျပည္တြင္းေ႐ႊေဈးဟာ သုံးဆယ္ရွစ္သိန္းရွစ္ေသာင္း ေရာက္ရွိေနေၾကာင္းေ႐ႊဆိုင္ပိုင္ရွင္မ်ားထံမွ သိသည္။
“ေဒၚလာေပါက္ေဈးက ျပင္ပေဈးကြက္မွာ တအားတက္ေနတယ္ တစ္ေဒၚလာကို ၃၅၇ဝ အထိ ေရာက္လာေတာ့ ဝယ္လို႔ေတာင္ မရဘူး။ အေခါက္ေ႐ႊေဈးတက္ေနေတာ့ ဝယ္တဲ့သူမရွိဘူး” ဟု ေ႐ႊဆိုင္ပိုင္ရွင္တစ္ဦးက ေျပာသည္။

ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္အသင္းက အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ သုံးဆယ့္ေျခာက္သိန္း ေျခာက္ေသာင္းခန႔္ ရည္ၫြန္းေဈး ထုတ္ျပန္ထားေသာ္လည္း ျပင္ပေဈးကြက္အတြင္း၌ သုံးဆယ့္သိန္း ရွစ္ေသာင္း အထိ ေပါက္ေဈး ျမင့္တက္ေနျခင္းျဖစ္သည္။
ဇန္နဝါရီလအတြင္း အေခါက္ေ႐ႊေဈးမွာ တစ္သိန္းေက်ာ္ခန႔္အထိ ျမင့္တက္လာခဲ့ၿပိး အေမရိကန္ေဒၚလာေပါက္ေဈး မွာလည္း တစ္ေဒၚလာလွ်င္ ၃၄၅ဝ က်ပ္မွ ၃၅၇ဝ က်ပ္အထိ ျမင့္တက္လာျခင္းျဖစ္သည္။ ဗဟိုဘဏ္က ႏိုင္ငံျခားေငြမ်ား ေဈးကြက္အတြင္း ထုတ္ေရာင္းေပးေနေသာ္လည္း ျမန္မာေငြတန္ဖိုးမွာ ဆက္လက္က်ဆင္းေနၿပိး အဓိကနယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမ်ား ရပ္တန႔္ေနျခင္းေၾကာင့္ျဖစ္ေၾကာင္း လုပ္ငန္းရွင္မ်ားက ခန႔္မွန္းထား ၾကသည္။

ျပည္တြင္းေ႐ႊေစ်းမွာ ၂ဝ၂၁ ခုႏွစ္တြင္ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ က်ပ္ ဆယ့္ခုႏွစ္သိန္း ဝန္းက်င္ရွိေနရာမွ တစ္ျဖည္းျဖည္းျမင့္တက္လာခဲ့ၿပီး လက္ရွိအခ်ိန္တြင္ သုံးဆယ့္ရွစ္သိန္းေက်ာ္ သုံးဆယ့္ကိုးသိန္းဝန္းက်င္အထိ ေရာက္ရွိလာခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.