ဟားမက်လက်နက်ကိုင်အဖွဲ့၏ ဥမင်လှိုဏ်ခေါင်းများကို ပင်လယ်ရေများဖြင့် ဖုံးလွှမ်းသွားအောင် လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးအစိုးရအတည်ပြု

 1162

Pika (NP News) - ဖေဖော်ဝါရီ ၁

ဟားမက်လက်နက်ကိုင်အဖွဲ့၏ ဥမင်လှိုဏ်ခေါင်းကွန်ရက်များကို ပင်လယ်ရေများဖြင့် ဖုံးလွှမ်းသွားအောင် လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဇန်နဝါရီလ(၃၀)ရက်တွင် အတည်ပြုပြောဆိုခဲ့သည်။

အစ္စရေးစစ်တပ်များက ၎င်းတို့သည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်လက်နက်ကိုင်အဖွဲ့ ဥမင်လှိုဏ်ခေါင်းများကို ပင်လယ်ရေများဖြင့် ဖုံးလွှမ်းပစ်ရန်အတွက် ကိရိယာအများအပြားကို တီထွင်ဖန်တီးကာ အသုံးပြုခဲ့ကြောင်း အစ္စရေးမီဒီယာများနှင့် မျှဝေထားသော ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ အဆိုပါလုပ်ဆောင်မှုသည် မိုင်ပေါင်း(၃၅၀)မှ (၄၀၀)ကြားရှိသော ဥမင်လှိုဏ်ခေါင်းများအားလုံးကို ပစ်မှတ်ထားခြင်း မဟုတ်ကြောင်းနှင့် ယင်းစစ်ဆင်ရေးကြောင့် အချို့နေရာများတွင် ထိခိုက်ပျက်စီးမှုများရှိလာနိုင်ကြောင်း အစ္စရေးစစ်တပ်ကပြောကြားခဲ့သည်။

ဟားမက်လက်နက်ကိုင်အဖွဲ့၏ ဥမင်လှိုဏ်ခေါင်းများကို ရေများဖြင့် ဖုံးလွှမ်းသွားအောင် လုပ်ဆောင်ရန်အတွက် ပင်လယ်ရေများကို အသုံးပြုနေခြင်းနှင့်ပတ်သက်ပြီး အစ္စရေးအစိုးရတာဝန်ရှိသူများက လက်ရှိအချိန်အထိ မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိသေးကြောင်းသိရသည်။ သို့သော်လည်း အချို့နေရာများတွင် ရေစီးဆင်းမှုကို ရပ်တန့်စေနိုင်သည့် တံတိုင်းများ၊အတားအဆီးများရှိနေခြင်းကြောင့် ပင်လယ်ရေများဖြင့် ဖုံးလွှမ်းသွားအောင် လုပ်ဆောင်ခြင်းမှာ အစ္စရေးဖက်မှ မျှော်လင့်ထားသည့်အတိုင်း ထိရောက်မှုရှိမည်မဟုတ်ကြောင်း အမေရိကန်တာဝန်ရှိသူများကပြောကြားခဲ့သည်။

အစ္စရေးဖက်မှ ပင်လယ်ရေများဖြင့် ဖုံးလွှမ်းအောင်လုပ်ဆောင်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်း၊ အထူးတပ်ဖွဲ့များ၊ စက်ရုပ်များဖြင့် ဝင်ရောက်စီးနင်းမှုများကို ဆက်လက်လုပ်ဆောင်နေသော်လည်း ဂါဇာကမ်းမြောင်ဒေသရှိ ဥမင်လှိုဏ်ခေါင်းကွန်ရက်များ၏ (၆၀)ရာခိုင်နှုန်းနှင့်(၈၀)ရာခိုင်နှုန်းကြားမှာ အကောင်းအတိုင်းကျန်ရှိနေဆဲဖြစ်ကြောင်း သတင်းစာများက ရေးသားဖော်ပြခဲ့သည်။အစ္စရေးအစိုးရ၏ ပင်လယ်ရေအသုံးပြုရန်အကြံသည် ဂါဇာကမ်းမြောင် ဒေသရှိ ရေချိုအရင်းအမြစ်များကို ညစ်ညမ်းစေနိုင်ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် သတိပေးပြောဆိုခဲ့သည်။

zawgyi version
ဟားမက္လက္နက္ကိုင္အဖြဲ႕၏ ဥမင္လႈိဏ္ေခါင္းမ်ားကို ပင္လယ္ေရမ်ားျဖင့္ ဖုံးလႊမ္းသြားေအာင္ လုပ္ေဆာင္ခဲ့ေၾကာင္း အစၥေရးအစိုးရအတည္ျပဳ
Pika (NP News) - ေဖေဖာ္ဝါရီ ၁

ဟားမက္လက္နက္ကိုင္အဖြဲ႕၏ ဥမင္လႈိဏ္ေခါင္းကြန္ရက္မ်ားကို ပင္လယ္ေရမ်ားျဖင့္ ဖုံးလႊမ္းသြားေအာင္ လုပ္ေဆာင္ခဲ့ေၾကာင္း အစၥေရးစစ္တပ္က ဇန္နဝါရီလ(၃၀)ရက္တြင္ အတည္ျပဳေျပာဆိုခဲ့သည္။

အစၥေရးစစ္တပ္မ်ားက ၎တို႔သည္ ဂါဇာကမ္းေျမာင္ေဒသရွိ ဟားမက္လက္နက္ကိုင္အဖြဲ႕ ဥမင္လႈိဏ္ေခါင္းမ်ားကို ပင္လယ္ေရမ်ားျဖင့္ ဖုံးလႊမ္းပစ္ရန္အတြက္ ကိရိယာအမ်ားအျပားကို တီထြင္ဖန္တီးကာ အသုံးျပဳခဲ့ေၾကာင္း အစၥေရးမီဒီယာမ်ားႏွင့္ မွ်ေဝထားေသာ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။ အဆိုပါလုပ္ေဆာင္မႈသည္ မိုင္ေပါင္း(၃၅၀)မွ (၄၀၀)ၾကားရွိေသာ ဥမင္လႈိဏ္ေခါင္းမ်ားအားလုံးကို ပစ္မွတ္ထားျခင္း မဟုတ္ေၾကာင္းႏွင့္ ယင္းစစ္ဆင္ေရးေၾကာင့္ အခ်ိဳ႕ေနရာမ်ားတြင္ ထိခိုက္ပ်က္စီးမႈမ်ားရွိလာႏိုင္ေၾကာင္း အစၥေရးစစ္တပ္ကေျပာၾကားခဲ့သည္။

ဟားမက္လက္နက္ကိုင္အဖြဲ႕၏ ဥမင္လႈိဏ္ေခါင္းမ်ားကို ေရမ်ားျဖင့္ ဖုံးလႊမ္းသြားေအာင္ လုပ္ေဆာင္ရန္အတြက္ ပင္လယ္ေရမ်ားကို အသုံးျပဳေနျခင္းႏွင့္ပတ္သက္ၿပီး အစၥေရးအစိုးရတာဝန္ရွိသူမ်ားက လက္ရွိအခ်ိန္အထိ မွတ္ခ်က္ျပဳေျပာဆိုျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။ သို႔ေသာ္လည္း အခ်ိဳ႕ေနရာမ်ားတြင္ ေရစီးဆင္းမႈကို ရပ္တန႔္ေစႏိုင္သည့္ တံတိုင္းမ်ား၊အတားအဆီးမ်ားရွိေနျခင္းေၾကာင့္ ပင္လယ္ေရမ်ားျဖင့္ ဖုံးလႊမ္းသြားေအာင္ လုပ္ေဆာင္ျခင္းမွာ အစၥေရးဖက္မွ ေမွ်ာ္လင့္ထားသည့္အတိုင္း ထိေရာက္မႈရွိမည္မဟုတ္ေၾကာင္း အေမရိကန္တာဝန္ရွိသူမ်ားကေျပာၾကားခဲ့သည္။

အစၥေရးဖက္မွ ပင္လယ္ေရမ်ားျဖင့္ ဖုံးလႊမ္းေအာင္လုပ္ေဆာင္ျခင္း၊ ဗုံးႀကဲတိုက္ခိုက္ျခင္း၊ အထူးတပ္ဖြဲ႕မ်ား၊ စက္႐ုပ္မ်ားျဖင့္ ဝင္ေရာက္စီးနင္းမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနေသာ္လည္း ဂါဇာကမ္းေျမာင္ေဒသရွိ ဥမင္လႈိဏ္ေခါင္းကြန္ရက္မ်ား၏ (၆၀)ရာခိုင္ႏႈန္းႏွင့္(၈၀)ရာခိုင္ႏႈန္းၾကားမွာ အေကာင္းအတိုင္းက်န္ရွိေနဆဲျဖစ္ေၾကာင္း သတင္းစာမ်ားက ေရးသားေဖာ္ျပခဲ့သည္။အစၥေရးအစိုးရ၏ ပင္လယ္ေရအသုံးျပဳရန္အႀကံသည္ ဂါဇာကမ္းေျမာင္ ေဒသရွိ ေရခ်ိဳအရင္းအျမစ္မ်ားကို ညစ္ညမ္းေစႏိုင္ေၾကာင္း အေမရိကန္တာဝန္ရွိသူမ်ားက ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလတြင္ သတိေပးေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.