တောင်ကိုရီးယားသမ္မတရဲ့ရုံးခန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေမှုတွေလုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်

 531

Pika (NP News) - ဒီဇင်ဘာ ၁၂

တောင်ကိုရီးယားရဲတပ်ဖွဲ့တွေဟာ ဒီဇင်ဘာလ(၁၁)ရက်မှာ သမ္မတယွန်ဆက်ယိုလ်ရဲ့ရုံးခန်းကို ဝင်ရောက်ရှာဖွေမှု တွေလုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ပင်မအဆောက်အဦးအတွင်းကို ဝင်ရောက်နိုင်ခြင်းမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။ အဲဒီဝင်ရောက်ရှာဖွေမှုကို စစ်အုပ်ချုပ်ရေးဥပဒေပြဋ္ဌာန်းဖို့ကြိုးပမ်းခဲ့တဲ့ ယွန်ဆက်ယိုလ်ကို စုံစမ်း စစ်ဆေးမှုတစ်ခုအဖြစ် Yonhap သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ပါတယ်။

ယွန်ဆက်ယိုလ်ရဲ့ရုံးကို ဝင်ရောက်ရှာဖွေဖို့ ကြိုးပမ်းတာက ၎င်းကိုစုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်တာ သိသိသာသာတိုးမြင့်လာတာကို ပြသနေတာမျိုးလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ယွန်ဆက်ယိုလ်ဟာ သူပုန်ထမှုစွပ်စွဲချက်တွေနဲ့အတူ ရာဇဝတ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခံနေရတာဖြစ်ပြီး နိုင်ငံအတွင်း ကနေ ထွက်ခွာခွင့်ပိတ်ပင်ခံထားရတာလည်းဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဏာပိုင်တွေက ယွန်ဆက်ယိုလ်ကို ဖမ်းဆီးတာမျိုး ဒါမှမဟုတ် မေးခွန်းထုတ်တာမျိုးတွေတော့ မရှိသေးဘူးလို့ သိရပါတယ်။ ရဲတပ်ဖွဲ့တွေဟာ ယွန်ဆက်ယိုလ်ရဲ့ရုံးကို ဝင်ရောက်စီးနင်းမှုတွေလုပ်ဆောင်နေပြီဖြစ် တယ်လို့ သမ္မတလုံခြုံရေးဝန်ဆောင်မှုအရာရှိတစ်ဦးက ဒီဇင်ဘာလ(၁၁)ရက် အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ရဲတပ်ဖွဲ့တွေဟာ သမ္မတအိမ်တော်ဝင်းအတွင်းမှာပဲ ရှိနေသေးပြီး ပင်မအဆောက်အဦးအတွင်းကို ဝင်ရောက်တာမျိုးမရှိသေးဘူးလို့ Yonhap သတင်းအေဂျင်စီက နောက်ပိုင်းမှာ ပြန်လည်ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့ပြင် ရဲတပ်ဖွဲ့ဟာ ယွန်ဆက်ယိုလ်ရဲ့ရုံးခန်းကို ဝင်ရောက်ရှာဖွေမှုနည်းလမ်းနဲ့ပတ်သက်ပြီး လျှို့ဝှက်ဝန်ဆောင်မှုအဖွဲ့နဲ့ သဘောတူညီခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ အဲဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က မှတ်ချက်ပြုပြောဆိုဖို့ ငြင်းဆန်ထားတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားသမၼတရဲ႕႐ုံးခန္းကို ရဲတပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြမႈေတြလုပ္ေဆာင္ဖို႔ ႀကိဳးပမ္းခဲ့ေသာ္လည္း မေအာင္ျမင္
Pika (NP News) - ဒီဇင္ဘာ ၁၂

ေတာင္ကိုရီးယားရဲတပ္ဖြဲ႕ေတြဟာ ဒီဇင္ဘာလ(၁၁)ရက္မွာ သမၼတယြန္ဆက္ယိုလ္ရဲ႕႐ုံးခန္းကို ဝင္ေရာက္ရွာေဖြမႈ ေတြလုပ္ေဆာင္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ပင္မအေဆာက္အဦးအတြင္းကို ဝင္ေရာက္ႏိုင္ျခင္းမ်ိဳးမရွိခဲ့ဘူးလို႔ သိရပါတယ္။ အဲဒီဝင္ေရာက္ရွာေဖြမႈကို စစ္အုပ္ခ်ဳပ္ေရးဥပေဒျပ႒ာန္းဖို႔ႀကိဳးပမ္းခဲ့တဲ့ ယြန္ဆက္ယိုလ္ကို စုံစမ္း စစ္ေဆးမႈတစ္ခုအျဖစ္ Yonhap သတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့ပါတယ္။

ယြန္ဆက္ယိုလ္ရဲ႕႐ုံးကို ဝင္ေရာက္ရွာေဖြဖို႔ ႀကိဳးပမ္းတာက ၎ကိုစုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္တာ သိသိသာသာတိုးျမင့္လာတာကို ျပသေနတာမ်ိဳးလည္းျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ယြန္ဆက္ယိုလ္ဟာ သူပုန္ထမႈစြပ္စြဲခ်က္ေတြနဲ႔အတူ ရာဇဝတ္မႈဆိုင္ရာစုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ခံေနရတာျဖစ္ၿပီး ႏိုင္ငံအတြင္း ကေန ထြက္ခြာခြင့္ပိတ္ပင္ခံထားရတာလည္းျဖစ္ပါတယ္။
ဒါေပမယ့္လည္း အာဏာပိုင္ေတြက ယြန္ဆက္ယိုလ္ကို ဖမ္းဆီးတာမ်ိဳး ဒါမွမဟုတ္ ေမးခြန္းထုတ္တာမ်ိဳးေတြေတာ့ မရွိေသးဘူးလို႔ သိရပါတယ္။ ရဲတပ္ဖြဲ႕ေတြဟာ ယြန္ဆက္ယိုလ္ရဲ႕႐ုံးကို ဝင္ေရာက္စီးနင္းမႈေတြလုပ္ေဆာင္ေနၿပီျဖစ္ တယ္လို႔ သမၼတလုံၿခဳံေရးဝန္ေဆာင္မႈအရာရွိတစ္ဦးက ဒီဇင္ဘာလ(၁၁)ရက္ အေစာပိုင္းမွာ ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း ရဲတပ္ဖြဲ႕ေတြဟာ သမၼတအိမ္ေတာ္ဝင္းအတြင္းမွာပဲ ရွိေနေသးၿပီး ပင္မအေဆာက္အဦးအတြင္းကို ဝင္ေရာက္တာမ်ိဳးမရွိေသးဘူးလို႔ Yonhap သတင္းေအဂ်င္စီက ေနာက္ပိုင္းမွာ ျပန္လည္ေရးသားေဖာ္ျပခဲ့ပါတယ္။
ဒါ့ျပင္ ရဲတပ္ဖြဲ႕ဟာ ယြန္ဆက္ယိုလ္ရဲ႕႐ုံးခန္းကို ဝင္ေရာက္ရွာေဖြမႈနည္းလမ္းနဲ႔ပတ္သက္ၿပီး လွ်ိဳ႕ဝွက္ဝန္ေဆာင္မႈအဖြဲ႕နဲ႔ သေဘာတူညီခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ အဲဒီျဖစ္ရပ္ေတြနဲ႔ပတ္သက္ၿပီး ရဲတပ္ဖြဲ႕က မွတ္ခ်က္ျပဳေျပာဆိုဖို႔ ျငင္းဆန္ထားတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.