ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ တရုတ်သမ္မတကို ဒေါ်နယ်ထရမ့်ဖိတ်ကြား
417
Pika (NP News) - ဒီဇင်ဘာ ၁၂
လာမယ့် ဇန်နဝါရီလ(၂၀)ရက်မှာ ကျင်းပမယ့် ၎င်းရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က ဖိတ်ကြားခဲ့တယ်လို့ CBS သတင်းဌာနက ဒီဇင်ဘာလ(၁၁)ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်က အနိုင်ရရှိခဲ့ပြီးနောက် မကြာမီမှာပဲ ဒေါ်နယ်ထရမ့်က ရှီကျင့်ဖျင်ကို ယခုလို ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်အများအပြားက CBS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း အဲ့ဒီကမ်းလှမ်းချက်ကို ရှီကျင့်ဖျင်က လက်ခံခဲ့လား/လက်မခံခဲ့ဘူးလားဆိုတာကိုတော့ လက်ရှိ အချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့ သိရပါတယ်။ မကြာသေးခင်က NBC သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုအတွင်း ဒေါ်နယ်ထရမ့်က ၎င်းဟာ ရှီကျင့်ဖျင်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ ဆက်သွယ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ လာမယ့်ဇန်နဝါရီလ(၂၀)ရက်မှာ ကျင်းပမယ့် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ရှီကျင့်ဖျင်အပြင် အခြားခေါင်းဆောင်တွေကို လွှတ်တော်အဆောက်အဦး အတွင်း လက်ခံကျင်းပပေးသွားဖို့ ဒေါ်နယ်ထရမ့်ရဲ့အဖွဲ့က အကြံပြုထားပါတယ်။ ပုံမှန်အားဖြင့် သံတမန်တွေကို ဖိတ်ကြားပေမယ့်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေအရ (၁၈၇၄)ခုနှစ် နောက်ပိုင်းကတည်းက အာဏာလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အခြားနိုင်ငံတွေရဲ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့တာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါ့ပြင် ရုရှား-ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး ချက်ချင်းအပစ်အခတ်ရပ်စဲရေးကို လိုချင်တယ်လို့ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတဇီလန်စကီးကို ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဒေါ်နယ်ထရမ့်ဟာ ဇီလန်စကီး၊ ပြင်သစ်သမ္မတမက်ခရွန်တို့နဲ့ ပဲရစ်မြို့မှာ တွေ့ဆုံစဉ်အချိန်အတွင်း ယခုလိုပြောကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
Zawgyi Version;
က်မ္းသစၥာက်ိန္ဆိုပြဲကို တက္ေရာက္ဖို႔ တ႐ုတ္သမၼတကို ေဒၚနယ္ထရမ့္ဖိတ္ၾကား
Pika (NP News) - ဒီဇင္ဘာ ၁၂
လာမယ့္ ဇန္နဝါရီလ(၂၀)ရက္မွာ က်င္းပမယ့္ ၎ရဲ႕က်မ္းသစၥာက်ိန္ဆိုပြဲကို တက္ေရာက္ဖို႔ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ကို အေမရိကန္ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္က ဖိတ္ၾကားခဲ့တယ္လို႔ CBS သတင္းဌာနက ဒီဇင္ဘာလ(၁၁)ရက္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏိုဝင္ဘာလမွာ က်င္းပခဲ့တဲ့ အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲမွာ ေဒၚနယ္ထရမ့္က အႏိုင္ရရွိခဲ့ၿပီးေနာက္ မၾကာမီမွာပဲ ေဒၚနယ္ထရမ့္က ရွီက်င့္ဖ်င္ကို ယခုလို ကမ္းလွမ္းခဲ့တာျဖစ္တယ္လို႔ သတင္းရင္းျမစ္အမ်ားအျပားက CBS သတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း အဲ့ဒီကမ္းလွမ္းခ်က္ကို ရွီက်င့္ဖ်င္က လက္ခံခဲ့လား/လက္မခံခဲ့ဘူးလားဆိုတာကိုေတာ့ လက္ရွိ အခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးဘူးလို႔ သိရပါတယ္။ မၾကာေသးခင္က NBC သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုအတြင္း ေဒၚနယ္ထရမ့္က ၎ဟာ ရွီက်င့္ဖ်င္နဲ႔ေကာင္းမြန္တဲ့ဆက္ဆံေရးရွိၿပီး ၿပီးခဲ့တဲ့ သီတင္းပတ္မွာပဲ ဆက္သြယ္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ လာမယ့္ဇန္နဝါရီလ(၂၀)ရက္မွာ က်င္းပမယ့္ က်မ္းသစၥာက်ိန္ဆိုပြဲမွာ ရွီက်င့္ဖ်င္အျပင္ အျခားေခါင္းေဆာင္ေတြကို လႊတ္ေတာ္အေဆာက္အဦး အတြင္း လက္ခံက်င္းပေပးသြားဖို႔ ေဒၚနယ္ထရမ့္ရဲ႕အဖြဲ႕က အႀကံျပဳထားပါတယ္။ ပုံမွန္အားျဖင့္ သံတမန္ေတြကို ဖိတ္ၾကားေပမယ့္လည္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ မွတ္တမ္းေတြအရ (၁၈၇၄)ခုႏွစ္ ေနာက္ပိုင္းကတည္းက အာဏာလႊဲေျပာင္းေပးအပ္ပြဲအခမ္းအနားကို အျခားႏိုင္ငံေတြရဲ႕ေခါင္းေဆာင္ေတြ တက္ေရာက္ခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔ သိရပါတယ္။
ဒါ့ျပင္ ႐ုရွား-ယူကရိန္းပဋိပကၡနဲ႔ပတ္သက္ၿပီး ခ်က္ခ်င္းအပစ္အခတ္ရပ္စဲေရးကို လိုခ်င္တယ္လို႔ ေဒၚနယ္ထရမ့္က ယူကရိန္းသမၼတဇီလန္စကီးကို ေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္မွာ ေဒၚနယ္ထရမ့္ဟာ ဇီလန္စကီး၊ ျပင္သစ္သမၼတမက္ခ႐ြန္တို႔နဲ႔ ပဲရစ္ၿမိဳ႕မွာ ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယခုလိုေျပာၾကားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။