ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေးနဲ့ အမြဲတမ်းငြိမ်းချမ်းရေးရယူနိုင်ဖို့ ကုလသမဂ္ဂအထွေထွေညီလာခံတိုက်တွန်းတောင်းဆို
36
ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၂
အစ္စရေးနဲ့ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားလျက်ရှိနေတဲ့ ဂါဇာစစ်ပွဲကို ချက်ချင်းအပစ်ခတ်ရပ်စဲဖို့ နဲ့ အမြဲတမ်း ငြိမ်းချမ်းရေးရယူနိုင်ဖို့ ကုလသမဂ္ဂအဖွဲ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ တစ်နှစ်ကျော်နေပြီး အမေရိကန်၊ အီဂျစ်၊ ကာတာနိုင်ငံတို့ ကြားဝင် ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရဘဲ လက်ရှိအချိန်အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၁၂ ရက်က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ဂါဇာစစ်ပွဲ အဆုံးသတ်ဖို့ တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကြား မဲခွဲ ဆုံးဖြတ်ခဲ့ရာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ အနက် နိုင်ငံပေါင်း ၁၅၈ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြောင်း သိရပါတယ်။
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေးတောင်းဆိုတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်မူကြမ်းကို အစ္စရေး၊ အမေရိကန် နဲ့ အခြား ၇ နိုင်ငံက ကန့်ကွက်မဲပေးခဲ့ပြီး နိုင်ငံပေါင်း ၁၃ နိုင်ငံက ကြားနေမဲ ပေးခဲ့ကြောင်းသိရပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ ကုလသမဂ္ဂအဖွဲ့လက်အောက်ခံအဖွဲ့အစည်းဖြစ်တဲ့ ပါလက်စတိုင်း လူသားချင်း ဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့ UNRWA အဖွဲ့ကို အစ္စရေးနိုင်ငံအတွင်း လုပ်ငန်းများ လုပ်ကိုင်ခွင့်တားမြစ် ပိတ်ပင်ခဲ့တဲ့ အစ္စရေးအစိုးရရဲ့ဆုံးဖြတ်ချက်ကို ပယ်ချဖို့ တောင်းဆိုတဲ့ မူကြမ်းကို ထောက်ခံမဲ ပေးခဲ့တယ်လို့ သိရပါတယ်။
UNRWA အဖွဲ့ကို အစ္စရေးနိုင်ငံအတွင်း လုပ်ငန်းများလုပ်ကိုင်ခွင့် ပြန်ပေးဖို့ တောင်းဆိုတဲ့မူကြမ်းကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် နိုင်ငံပေါင်း ၁၅၉ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး အစ္စရေးနဲ့ အမေရိကန်နိုင်ငံအပြင် အခြား ၇ နိုင်ငံက ကန့်ကွက်မဲပေးခဲ့ကာ အခြား နိုင်ငံပေါင်း ၁၁ နိုင်ငံက ကြားနေမဲပေးခဲ့ကြောင်း သိရပါတယ်။
Zawgyi Version;
ဂါဇာစစ္ပြဲအပစ္ခတ္ရပ္စဲေရးနဲ႔ အၿမဲတမ္းၿငိမ္းခ်မ္းေရးရယူႏိုင္ဖို႔ ကုလသမဂၢအေထြေထြညီလာခံတိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၂
အစၥေရးနဲ႔ဟားမက္စ္အဖြဲ႕ၾကားျဖစ္ပြားလ်က္ရွိေနတဲ့ ဂါဇာစစ္ပြဲကို ခ်က္ခ်င္းအပစ္ခတ္ရပ္စဲဖို႔ နဲ႔ အၿမဲတမ္း ၿငိမ္းခ်မ္းေရးရယူႏိုင္ဖို႔ ကုလသမဂၢအဖြဲ႕က တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။
အစၥေရးနဲ႔ ဟားမက္စ္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ တစ္ႏွစ္ေက်ာ္ေနၿပီး အေမရိကန္၊ အီဂ်စ္၊ ကာတာႏိုင္ငံတို႔ ၾကားဝင္ ႀကိဳးပမ္းခဲ့ေပမယ့္ ေအာင္ျမင္မႈမရဘဲ လက္ရွိအခ်ိန္အထိ တိုက္ပြဲေတြျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။
ဒီဇင္ဘာလ ၁၂ ရက္က က်င္းပခဲ့တဲ့ ကုလသမဂၢအေထြေထြညီလာခံမွာ မဲခြဲဆုံးျဖတ္ခဲ့ၿပီးေနာက္ ဂါဇာစစ္ပြဲ အဆုံးသတ္ဖို႔ တိုက္တြန္းေတာင္းဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ားၾကား မဲခြဲ ဆုံးျဖတ္ခဲ့ရာ အဖြဲ႕ဝင္ႏိုင္ငံေပါင္း ၁၉၃ အနက္ ႏိုင္ငံေပါင္း ၁၅၈ ႏိုင္ငံက ေထာက္ခံမဲေပးခဲ့ေၾကာင္း သိရပါတယ္။
ဂါဇာစစ္ပြဲအပစ္ခတ္ရပ္စဲေရးေတာင္းဆိုတဲ့ ကုလသမဂၢအေထြေထြညီလာခံရဲ႕ဆုံးျဖတ္ခ်က္မူၾကမ္းကို အစၥေရး၊ အေမရိကန္ နဲ႔ အျခား ၇ ႏိုင္ငံက ကန႔္ကြက္မဲေပးခဲ့ၿပီး ႏိုင္ငံေပါင္း ၁၃ ႏိုင္ငံက ၾကားေနမဲ ေပးခဲ့ေၾကာင္းသိရပါတယ္။
ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြဟာ ကုလသမဂၢအဖြဲ႕လက္ေအာက္ခံအဖြဲ႕အစည္းျဖစ္တဲ့ ပါလက္စတိုင္း လူသားခ်င္း ဆိုင္ရာစာနာမႈအကူအညီေပးေရးအဖြဲ႕ UNRWA အဖြဲ႕ကို အစၥေရးႏိုင္ငံအတြင္း လုပ္ငန္းမ်ား လုပ္ကိုင္ခြင့္တားျမစ္ ပိတ္ပင္ခဲ့တဲ့ အစၥေရးအစိုးရရဲ႕ဆုံးျဖတ္ခ်က္ကို ပယ္ခ်ဖို႔ ေတာင္းဆိုတဲ့ မူၾကမ္းကို ေထာက္ခံမဲ ေပးခဲ့တယ္လို႔ သိရပါတယ္။
UNRWA အဖြဲ႕ကို အစၥေရးႏိုင္ငံအတြင္း လုပ္ငန္းမ်ားလုပ္ကိုင္ခြင့္ ျပန္ေပးဖို႔ ေတာင္းဆိုတဲ့မူၾကမ္းကို ကုလသမဂၢ အဖြဲ႕ဝင္ႏိုင္ငံေပါင္း ၁၉၃ ႏိုင္ငံအနက္ ႏိုင္ငံေပါင္း ၁၅၉ ႏိုင္ငံက ေထာက္ခံမဲေပးခဲ့ၿပီး အစၥေရးနဲ႔ အေမရိကန္ႏိုင္ငံအျပင္ အျခား ၇ ႏိုင္ငံက ကန႔္ကြက္မဲေပးခဲ့ကာ အျခား ႏိုင္ငံေပါင္း ၁၁ ႏိုင္ငံက ၾကားေနမဲေပးခဲ့ေၾကာင္း သိရပါတယ္။