ပန်းတောင်းမြို့၌ ဆန်အိတ်များသယ်ဆောင်လာသည့် တွဲကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွား

 420

စော (NP News) - ဖေဖော်ဝါရီ ၂၅

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် ဆန်အိတ်များသယ်ဆောင်လာသည့် ၂၂ ဘီးတွဲကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဖေ‌ဖော်ဝါရီလ ၂၄ ရက်)၊ ည (၉)နာရီခွဲအချိန်တွင် ပန်းတောင်းမြို့နယ်အပိုင်၊ မြေစူတောင်အတက်လမ်း၊ ပြည်-တောင်ကုတ်ကားလမ်းမပေါ်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ပရဟိတ ပါရမီထံမှ သိရသည်။

“အခင်းဖြစ်တဲ့နေရာရောက်တော့ အတက်မှာ နောက်ပြန်ကျတာပါ။ ဘရိတ်မမိလို့ ပြောပါတယ်။ ယာဉ်မောင်းက ခေါင်းကွဲတယ်။ စပယ်ယာကောင်လေးက ခြေထောက်ညပ်သွားတယ်။ စိုးရိမ်ရတဲ့ ဒဏ်ရာမျိုးတော့မဟုတ်ဘူး။ ဆန်အိတ်တင်လာတယ်လို့ ပြောတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတ ပါရမီမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို ပန်းတောင်းမြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ အလားတူ ပြီးခဲ့သည့် (ဖေဖော် ဝါရီလ ၂၂ ရက်)တွင် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

zawgyi version
ပန္းေတာင္းၿမိဳ႕၌ ဆန္အိတ္မ်ားသယ္ေဆာင္လာသည့္ တြဲကားတစ္စီး တိမ္းေမွာက္မႈျဖစ္ပြား

ေစာ (NP News) - ေဖေဖာ္ဝါရီ ၂၅

ပဲခူးတိုင္း၊ ပန္းေတာင္းၿမိဳ႕နယ္တြင္ ဆန္အိတ္မ်ားသယ္ေဆာင္လာသည့္ ၂၂ ဘီးတြဲကားတစ္စီး တိမ္းေမွာက္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ေဖ‌ေဖာ္ဝါရီလ ၂၄ ရက္)၊ ည (၉)နာရီခြဲအခ်ိန္တြင္ ပန္းေတာင္းၿမိဳ႕နယ္အပိုင္၊ ေျမစူေတာင္အတက္လမ္း၊ ျပည္-ေတာင္ကုတ္ကားလမ္းမေပၚ၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ပရဟိတ ပါရမီထံမွ သိရသည္။

“အခင္းျဖစ္တဲ့ေနရာေရာက္ေတာ့ အတက္မွာ ေနာက္ျပန္က်တာပါ။ ဘရိတ္မမိလို႔ ေျပာပါတယ္။ ယာဥ္ေမာင္းက ေခါင္းကြဲတယ္။ စပယ္ယာေကာင္ေလးက ေျခေထာက္ညပ္သြားတယ္။ စိုးရိမ္ရတဲ့ ဒဏ္ရာမ်ိဳးေတာ့မဟုတ္ဘူး။ ဆန္အိတ္တင္လာတယ္လို႔ ေျပာတယ္”ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ ပရဟိတ ပါရမီမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိမ္းေမွာက္မႈေၾကာင့္ အမ်ိဳးသားႏွစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ၎တို႔ကို ပန္းေတာင္းၿမိဳ႕နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။ အလားတူ ၿပီးခဲ့သည့္ (ေဖေဖာ္ ဝါရီလ ၂၂ ရက္)တြင္ ရန္ကုန္တိုင္း၊ သန္လ်င္ၿမိဳ႕နယ္တြင္ ဆီေဘာက္ဆာယာဥ္တစ္စီး တိမ္းေမွာက္ခဲ့ရာ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေသးသည္။

Related news

© 2021. All rights reserved.