အမရပူရမြို့နယ်တွင် ယာဉ်(၄)စီးတိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

559
စော (NP News) - ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ယာဉ် (၄)စီးတိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၂၃ ရက်)၊ နံနက် (၈)နာရီခွဲဝန်းကျင်အချိန်တွင် အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ၊ စစ်ကိုင်း-မန္တလေးလမ်း၊ ရတနာပုံတံတား(ဧရာဝတီ)အဆင်း၊ နှာပေါက်တိုးဂိတ်အနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး)ထံမှ သိရသည်။
CANTER အမျိုးအစား (၆)ဘီးယာဉ်သည် ဘရိတ်ပေါက်ကာ SUZUKI CARRY ယာဉ်အားတိုက်မိခဲ့ရာ ၎င်းယာဉ်မှတစ်ဆင့် Super Custom ယာဉ်အား တိုက်မိခဲ့ခြင်းဖြစ်ပြီး ထိုယာဉ်မှတစ်ဆင့် NISSAN (၁၂)ဘီးယာဉ်အား ဆက်လက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“CANTER ယာဉ်က ဘရိတ်ပေါက်ပြီးတော့ ရှေ့ကားတွေကို ဝင်တိုက်မိတာ။ CANTER (၆)ဘီးပေါ်က ယာဉ်နောက်လိုက် အမျိုးသား ထိခိုက်ဒဏ်ရာရပါတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
အမရပူရၿမိဳ႕နယ္တြင္ ယာဥ္(၄)စီးတိုက္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိ
ေစာ (NP News) - ေဖေဖာ္ဝါရီ ၂၅
မႏၲေလးတိုင္း၊ အမရပူရၿမိဳ႕နယ္တြင္ ယာဥ္ (၄)စီးတိုက္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ (ေဖေဖာ္ဝါရီလ ၂၃ ရက္)၊ နံနက္ (၈)နာရီခြဲဝန္းက်င္အခ်ိန္တြင္ အမရပူရၿမိဳ႕နယ္၊ ေ႐ႊၾကက္ယက္ေက်း႐ြာ၊ စစ္ကိုင္း-မႏၲေလးလမ္း၊ ရတနာပုံတံတား(ဧရာဝတီ)အဆင္း၊ ႏွာေပါက္တိုးဂိတ္အနီး၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(မႏၲေလး)ထံမွ သိရသည္။
CANTER အမ်ိဳးအစား (၆)ဘီးယာဥ္သည္ ဘရိတ္ေပါက္ကာ SUZUKI CARRY ယာဥ္အားတိုက္မိခဲ့ရာ ၎ယာဥ္မွတစ္ဆင့္ Super Custom ယာဥ္အား တိုက္မိခဲ့ျခင္းျဖစ္ၿပီး ထိုယာဥ္မွတစ္ဆင့္ NISSAN (၁၂)ဘီးယာဥ္အား ဆက္လက္တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“CANTER ယာဥ္က ဘရိတ္ေပါက္ၿပီးေတာ့ ေရွ႕ကားေတြကို ဝင္တိုက္မိတာ။ CANTER (၆)ဘီးေပၚက ယာဥ္ေနာက္လိုက္ အမ်ိဳးသား ထိခိုက္ဒဏ္ရာရပါတယ္”ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(မႏၲေလး)မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ယာဥ္တိုက္မႈေၾကာင့္ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ၎ကို မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။