ဟွန်ဒူးရပ်စ်နိုင်ငံ အနောက်ပိုင်းတွင် ဘတ်စ်ကားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မိခဲ့ပြီး အနည်းဆုံးလူ(၁၇)ဦး သေဆုံး

 320

Pika (NP News) - ဖေဖော်ဝါရီ ၂၉

ဟွန်ဒူးရပ်စ်နိုင်ငံ အနောက်ပိုင်းရှိ ရွာတစ်ခုတွင် ဖေဖော်ဝါရီလ(၂၉)ရက်က ဘတ်စ်ကားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မိခဲ့ရာ အနည်းဆုံးလူ(၁၇)ဦးသေဆုံးခဲ့ပြီး အခြားလူ(၁၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူ(၁၄)ဦးအနက် (၄)ဦးမှာ ထိခိုက်ဒဏ်ရာများ ပြင်းပြင်းထန်ထန်ရရှိခဲ့ကြောင်း အာဏာပိုင်များက ထပ်မံပြောဆိုခဲ့သည်။ အဆိုပါဘတ်စ်ကားနှစ်စီးလုံးသည် အရှိန်ပြင်းစွာမောင်းနှင်လာခဲ့ကြပြီးနောက် ယခုကဲ့သို့မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း La Montañita မြူနီစီပယ်မှ မျက်မြင်သက်သေများ၏ ပြောကြားချက်များကို ကိုးကားပြီး တာဝန်ရှိသူများက ပြန်လည်ထုတ်ပြန်ပြောခဲ့သည်။

ဘတ်စ်ကားအကြီးတစ်စီးသည် ဂွါတီမာလာနိုင်ငံ နယ်စပ်ရှိ Agua Caliente နယ်စပ် စစ်ဆေးရေးဂိတ်တွင် ရွှေ့ပြောင်းနေထိုင်သူ အဖွဲ့တစ်ဖွဲ့ကို ချပေးခဲ့ပြီးနောက် ပြန်လာချိန်တွင် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဘတ်စ်ကားအကြီးသည် Agua Caliente နယ်စပ်စစ်ဆေးရေးဂိတ်မှ ပြန်လာချိန်တွင် ယာဉ်မောင်းနှင့် ယာဉ်မောင်းအကူတို့သာ လိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ထို့အပြင် အဆိုပါဘတ်စ်ကား၏ ဆန့်ကျင်ဘက်ဦးတည်ရာမှလာသော ဘတ်စ်ကားအသေးသည် ခရီးသည်အပြည့်တင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဟွန်ဒူးရပ်စ်အနောက်ပိုင်းရှိ 911 အရေးပေါ်စနစ်အတွက် ပြောရေးဆိုခွင့်ရှိသူ Alexia Mejia က "ထိခိုက်ဒဏ်ရာ ရရှိသူတွေနဲ့ သေဆုံးသူတွေအားလုံးဟာ ဘတ်စ်ကားအသေးပေါ်က ခရီးသည်တွေဖြစ်ပြီး ဟွန်ဒူးရပ်စ်နိုင်ငံသားတွေ လည်း ဖြစ်ပါတယ်။ ဘတ်စ်ကားအကြီးမှာက ခရီးသည်မပါပါဘူး" ဟု ပြောခဲ့သည်။

ထို့နောက် ထိခိုက်ဒဏ်ရာရရှိသူများကို အနောက်ပိုင်းဒေသဆေးရုံသို့ ပို့ဆောင်ထားပြီး ပြင်းထန်သော ထိခိုက်ဒဏ်ရာများရရှိခဲ့သူ(၄)ဦးကို San Pedro Sula မြို့ရှိ ဆေးရုံသို့ရဟတ်ယာဉ်ဖြင့် ပို့ဆောင်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Zawgyi Version;
ဟြန္ဒူးရပ္စ္ႏိုင္ငံ အေနာက္ပိုင္းတြင္ ဘတ္စ္ကားႏွစ္စီး ေခါင္းခ်င္းဆိုင္တိုက္မိခဲ့ၿပီး အနည္းဆုံးလူ(၁၇)ဦး ေသဆုံး
Pika (NP News) - ေဖေဖာ္ဝါရီ ၂၉

ဟြန္ဒူးရပ္စ္ႏိုင္ငံ အေနာက္ပိုင္းရွိ ႐ြာတစ္ခုတြင္ ေဖေဖာ္ဝါရီလ(၂၉)ရက္က ဘတ္စ္ကားႏွစ္စီး ေခါင္းခ်င္းဆိုင္တိုက္မိခဲ့ရာ အနည္းဆုံးလူ(၁၇)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၁၄)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။

ထို႔အျပင္ ထိခိုက္ဒဏ္ရာရရွိသူ(၁၄)ဦးအနက္ (၄)ဦးမွာ ထိခိုက္ဒဏ္ရာမ်ား ျပင္းျပင္းထန္ထန္ရရွိခဲ့ေၾကာင္း အာဏာပိုင္မ်ားက ထပ္မံေျပာဆိုခဲ့သည္။ အဆိုပါဘတ္စ္ကားႏွစ္စီးလုံးသည္ အရွိန္ျပင္းစြာေမာင္းႏွင္လာခဲ့ၾကၿပီးေနာက္ ယခုကဲ့သို႔မေတာ္တဆမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း La Montañita ျမဴနီစီပယ္မွ မ်က္ျမင္သက္ေသမ်ား၏ ေျပာၾကားခ်က္မ်ားကို ကိုးကားၿပီး တာဝန္ရွိသူမ်ားက ျပန္လည္ထုတ္ျပန္ေျပာခဲ့သည္။

ဘတ္စ္ကားအႀကီးတစ္စီးသည္ ဂြါတီမာလာႏိုင္ငံ နယ္စပ္ရွိ Agua Caliente နယ္စပ္ စစ္ေဆးေရးဂိတ္တြင္ ေ႐ႊ႕ေျပာင္းေနထိုင္သူ အဖြဲ႕တစ္ဖြဲ႕ကို ခ်ေပးခဲ့ၿပီးေနာက္ ျပန္လာခ်ိန္တြင္ ယခုကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါဘတ္စ္ကားအႀကီးသည္ Agua Caliente နယ္စပ္စစ္ေဆးေရးဂိတ္မွ ျပန္လာခ်ိန္တြင္ ယာဥ္ေမာင္းႏွင့္ ယာဥ္ေမာင္းအကူတို႔သာ လိုက္ပါလာခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ ထို႔အျပင္ အဆိုပါဘတ္စ္ကား၏ ဆန႔္က်င္ဘက္ဦးတည္ရာမွလာေသာ ဘတ္စ္ကားအေသးသည္ ခရီးသည္အျပည့္တင္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဟြန္ဒူးရပ္စ္အေနာက္ပိုင္းရွိ 911 အေရးေပၚစနစ္အတြက္ ေျပာေရးဆိုခြင့္ရွိသူ Alexia Mejia က "ထိခိုက္ဒဏ္ရာ ရရွိသူေတြနဲ႔ ေသဆုံးသူေတြအားလုံးဟာ ဘတ္စ္ကားအေသးေပၚက ခရီးသည္ေတြျဖစ္ၿပီး ဟြန္ဒူးရပ္စ္ႏိုင္ငံသားေတြ လည္း ျဖစ္ပါတယ္။ ဘတ္စ္ကားအႀကီးမွာက ခရီးသည္မပါပါဘူး" ဟု ေျပာခဲ့သည္။

ထို႔ေနာက္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို အေနာက္ပိုင္းေဒသေဆး႐ုံသို႔ ပို႔ေဆာင္ထားၿပီး ျပင္းထန္ေသာ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့သူ(၄)ဦးကို San Pedro Sula ၿမိဳ႕ရွိ ေဆး႐ုံသို႔ရဟတ္ယာဥ္ျဖင့္ ပို႔ေဆာင္သြားမည္ျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.