“လူနေမှုဘဝနဲ့ အနုပညာ” (ဆောင်းပါး)

 261

အိဖြူသိမ့် (NP News) - မတ် ၂

ဒီတစ်ပတ်အတွင်း ဆိုရှယ်ပလက်ဖောင်းပေါ်ထွက်ပေါ်လာတဲ့ ထူးထူးခြားခြားအကြောင်း တွေက တော့ ဝိုင်းလေးဆိုလိုက်တာ “ဦးမင်းအောင်လှိုင်သား” လား၊ “မူးမေ့အောင်လှိုက်သွား” လား၊ ထူးခန့်ကျော် နာမည်သုံးကာ ငွေကြေးလိမ်လည်သူများ ရှိလာ၊ အိမ်တွင်းအကြမ်းဖက်မှုကျူးလွန်ခဲ့တဲ့ ဒေါက်တာ အာကာနေဝင်း၊ ဟာသသရုပ်ဆောင် ပါကျဲရဲ့ ဘဝအခြေအနေ၊ အစရှိတဲ့ လူနေမှုဘဝဖြစ်စဉ်အ ကြောင်းတွေကို ရွေးချယ်ဖော်ပြပေးပါမယ်။ ဆိုရှယ်မီဒီယာကြား ဒီတစ်ပတ်အတွင်း လူမှုဘဝအကြောင်း တွေဟာ အနုပညာရှင်တွေရဲ့ အတင်းအဖျင်းသတင်းတွေထက် ပိုမိုလူစိတ်ဝင်စားမှု မြင့်တက်လို့နေပါတယ်။ ဒါ့ကြောင့် စာဖတ်သူတွေအနေနဲ့ လူမှုဘဝအခြေအနေမှန်ကို သိရှိနိုင်စေဖို့ “NP News” ရဲ့ အပတ်စဉ် ဖော်ပြတဲ့ အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဖော်ပြပေးပါမယ်။

ဝိုင်းလေး ဆိုလိုက်တာ “ဦးမင်းအောင်လှိုင်သား” လား၊ “မူးမေ့အောင်လှိုက်သွား” လား
အဆိုတော်ဝိုင်းလေးက The Heart Of Rangoon(THOR) နိုက်ကလပ်ဆိုင်တစ်ခုမှာ တေးသံရှင် ထွန်းအိန္ဒြာဗိုလ်ရဲ့ “မ ချစ်တဲ့မောင်လေး” သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ရာ သီချင်းစာသားမှာ “ဦးမင်းအောင်လှိုင် သား”လား “မူးမေ့အောင် လှိုက် သွား”လား ဆိုတာက ပရိသတ်ကြား ဝေခွဲမရလောက်အောင်ကို ဖြစ်လို့နေ ပါတယ်။ ဖျော်ဖြေမှုဗီဒီယိုဖိုင်အတိုလေးဟာ လူမှုကွန်ရက်တစ်ခွင်မှာ အတော်လေးကို ပျံ့နှံ့လျက်ရှိပြီး နားထောင်မိသူတိုင်း အနည်းဆုံး ၃ ခါထက်မနည်း ပြန်လည်နားထောင်မိကြတယ်လို့ လည်း ဆိုကြပါတယ်။ ဘယ်နှကြိမ်ပဲ နားထောင်ပါ စေ “မူးမေ့အောင်လှိုက်သွား” နေရာမှာ “ ဦးမင်းအောင်လှိုင်သား”ဆိုတာမျိုးပဲ ကြားမိကြကြောင်းလည်း မှတ်ချက်ပြုထားကြပါတယ်။

ဒီဖြစ်စဉ်လေးကတော့ လက်ရှိ လူအများ ကြားမှာ ရယ်စရာတစ်ခုသဖွယ်ဖြစ်နေပြီး စနောက်ချင်စရာ လိုဖြစ်လို့နေပါတယ်။ ကာယကံရှင်ဖြစ်တဲ့ အဆိုတော်ဝိုင်းလေးကိုယ်တိုင်ကတော့ ဖေဖော်ဝါရီ လ ၂၈ ရက်အထိ ထူးထူးခြားခြား ဖြေရှင်းထားတာ မရှိသေးတာကို တွေ့ရပါတယ်။

ထူးခန့်ကျော် နာမည်သုံးကာ ငွေကြေး လိမ်လည်သူများ ရှိလာ
ထူးခန့်ကျော်ရဲ့ဆရာလို့ ဆိုကာ လိမ်လည်ဆေးကုသပြီး ငွေကြေးတောင်းခံနေသူတွေရှိနေတယ် လို့ ထူးခန့်ကျော် ကိုယ်တိုင်က အသိပေးထားပါတယ်။ အဆိုပါလိမ်လည်သူဟာ ၎င်းက ထူးခန့်ကျော်ကို ဆေးပညာသင်ကြားပေးခဲ့သူ ဖြစ်တယ်လို့ပြောဆိုပြီး ရေးမြို့နယ် ဥက္ကံမှာ ဆေးကုသကာ ငွေကြေးတောင်းခံ တာမျိုးတွေ လုပ်ဆောင်နေကြောင်းကို ထူးခန့်ကျော် ကိုယ်တိုင်က ၎င်းကိုယ်တိုင် အသုံးပြုတဲ့ဖေ့စ်ဘွတ်ခ် အကောင့်မှာ Live လွှင့်ကာ ပြန်ရှင်းထားတာကို တွေ့ရပါတယ်။

သိရသလောက် ထူးခန့်ကျော်နာမည်ကို အသုံးပြုပြီး ငွေကြေးလိမ်လည်ကြခြင်းဟာ အခုမှ မဟုတ်ပေမယ့် အခု လိမ်လည်သူကတော့ နာမည်ကို အလွဲသုံးစားလုပ်ရုံသာမက ရောဂါဝေဒနာခံစားနေရသူတွေကိုပါ လိမ်လည် ဆေးကုသနေတာဖြစ်တဲ့အတွက် ခုနစ်ရက်သားသမီးများအားလုံးအတွက် အသက်အန္တရာယ်စိုးရိမ်ရပါတယ်။

ထူးခန့်ကျော်က “ခုနစ်ရက်သားသမီးများ ကို ပါရမီဖြည့်ပေးနေတဲ့ ဆေးပညာရပ်အတွက် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာလည်း မရှိသလို တပည့်မွေးထားခြင်းလည်း မရှိကြောင်း၊ တပည့်ဆိုလို့ ၎င်းထံမှာ ကူညီပေးနေတဲ့ ကလေးတွေသာရှိကြောင်း၊ ဆေးကုသမှုအတွက် ငွေကြေး တစ်ပြားတစ်ချပ်မှ တောင်းခံခြင်းမျိုးလည်း မရှိကြောင်း၊ ငွေလွှဲဖို့ Kpay, Wavepay တို့လည်း မဖွင့်ထားကြောင်း ဘိုက်ဘာ၊ မက်ဆင်ဂျာနဲ့ တယ်လီဂရမ် လည်း မဖွင့်ထားကြောင်း၊ ဆေးကုဖို့အတွက် ကြိုတင်ငွေ လွှဲခိုင်းပါက ထူးခန့်ကျော် မဟုတ်ကြောင်း၊ ဖုန်းနံပါတ် လည်း တစ်လုံးသာ အသုံးပြုကြောင်း” တရားဝင်ကို အသိပေးပြောထားပါတယ်။

အဆိုပါလိမ်လည်သူဟာ တိုင်းရင်းဆေး ဆေးနက်ကျော်အမည်ဖြင့် ၎င်းရဲ့မိတ်ဆွေတွေထံ ငွေကြေးတောင်းခံ တာမျိုးတွေလည်း လုပ်ဆောင် နေတယ်လို့ သိရပါတယ်။ ဒါကြောင့် နာမည်ကိုသုံးကာ လိမ်လည်နေကြောင်း ကြိုတင်အသိပေးထားလျက်နဲ့ ငွေကြေးပြဿနာများဖြစ်လာပါက တာဝန်ယူ၊ တာဝန်ခံ ဖြေရှင်းပေးတော့မှာ မဟုတ်ကြောင်း အသိပေးထားပါတယ်။

ထူးခန့်ကျော်ရဲ့ဆေးပညာပိုင်း၊ ကုသမှု ပိုင်းနဲ့ပတ်သက်ပြီး တိုင်းရင်းဆေးပညာအသိုင်း အဝိုင်းက သံသယရှိနေကြကာ အမျိုးမျိုးဝေဖန်မှုတွေ ရှိနေပေမယ့်လည်း ၎င်းထံမှာ အနယ်နယ်အရပ်ရပ်က ဆေးလာကုသူ နေ့စဉ် ၅၀ဝ မှ ၁၀ဝ၀ ကြားရှိပြီး၊ လာရောက်ကုသသူ အများစုဟာ သက်သာပျောက်ကင်း သွားကြသလို တချို့ဆိုရင် နှစ်ရှည်လများ ခံစားခဲ့ရတဲ့ဝေဒနာက နာရီပိုင်းအတွင်း ရက်ပိုင်းအတွင်းမှာ တင် ရောဂါဝေဒနာသက်သာသွားကြတာ ဖြစ်ပါတယ်။ ခုနစ်ရက်သားသမီးများအတွက် ပါရမီဖြည့်ပေးနေတဲ့ ထူးခန့်ကျော်ဟာ ဘာသာရေးကျင့်စဉ်များ ကျင့်ကြံကာ ကြိုးစားအားထုတ် နေထိုင်သူဖြစ်ပြီး၊ လေဖြတ်၊ လေဖြန်း၊ အကြော၊ ကျီးပေါင်း၊ အကျိတ် အစရှိတဲ့ ရောဂါတွေကို မေတ္တာတရားရှေ့ထားကာ အခမဲ့ ကုသပေးနေတာဖြစ်ပါတယ်။
ထူးခန့်ကျော်က (၃၂) ရပ်ကွက်၊ ရွှေပြည်သာလမ်း၊ မြောက်ဒဂုံမြို့နယ်ရှိ ၎င်းရဲ့နေအိမ်မှာ တနင်္ဂလာနေ့မှ သောကြာနေ့အထိ မနက် ၅ နာရီခွဲမှ စတင်ပြီး ညနက်အထိ ဆေးကုသပေးလျက်ရှိတာ ဖြစ်ပါတယ်။

အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ခဲ့တဲ့ ဒေါက်တာအာကာနေဝင်း
ဒေါက်တာအာကာနေဝင်းဟာ ဖေ့စ်ဘွတ်ခ် ဆယ်လီတစ်ဦးလည်း မဟုတ်သလို၊ နာမည်ကြီး အောင်မြင်နေတဲ့ ဆရာဝန်တစ်ဦးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ရက်ပိုင်းမှာပဲ ၎င်းရဲ့အိမ်တွင်း အကြမ်းဖက်မှုလုပ်ရပ် တွေ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာမှာ ထွက်ပေါ်လာပြီးနောက် လူအများရဲ့ ရှုတ်ချ ဝေဖန်ပြောဆိုမှုတွေ ကို ခံနေရသူပါ။
ဒေါက်တာအာကာနေဝင်းက ၎င်းရဲ့ချစ်သူ မိန်းကလေးနဲ့ လက်ထပ်ထိမ်းမြားကြောင်း မင်္ဂလာ ဓါတ်ပုံတွေကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်အကောင့်မှာ ဖော်ပြခဲ့ဖူးပါတယ်။ အခုလိုအိမ်တွင်းအကြမ်းဖက်မှုလုပ်ရပ်က ၎င်းတို့ လက်ထပ်ပြီး တစ်လကျော်အတွင်း မှာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး အဆိုပါသတင်းကို ကြည့်ရှုမိသူတိုင်းဟာ ဒေါက်တာ အာကာနေဝင်းနဲ့ ၎င်းရဲ့မိသားစုဝင်တွေကိုပါ ဝေဖန်ရှုတ်ချမှုတွေ လုပ် ဆောင်ခဲ့ကြပါတယ်။

အဲဒီနောက်မှာ ၎င်းဟာ မီဒီယာတွေကို ခေါ်ကာ အမျိုးသမီးကို လူအများရှေ့ တရားဝင် တောင်းပန်ကြောင်း ပြောခဲ့ပေမယ့်လည်း အမျိုးသမီး ကို “၎င်းရဲ့ စိတ်ထွက်ပေါက်ကြောင့် ရိုက်နှက်မိခဲ့ခြင်း ဖြစ်တယ်” ဆိုတဲ့စကား ကြောင့် ဝေဖန်ပြစ်တင် ရှုတ်ချ သံတွေဟာ ပိုမိုပြင်းထန်လာခဲ့ကာ လူ ၁၀ဝ မှာ ရာနှုန်းပြည့်က ဒေါက်တာ အာကာနေဝင်းအပေါ် ပြစ်တင်စကားတွေ ဆိုခဲ့ကြတာပါ။

အိမ်တွင်းအကြမ်းဖက်နှိပ်စက်ခံခဲ့ရတဲ့အဆိုပါ အမျိုးသမီးဟာ မိဘနှစ်ပါးစလုံးမရှိတော့ဘူးလို့ သိရကာ မောင်အရင်း ဖြစ်သူတစ်ဦးသာရှိပြီး ဒေါက်တာအာကာနေဝင်းနဲ့ နှစ်ဦးသားချစ်လို့ လက်ထပ် ပေါင်းသင်းခဲ့ကြ ပေမယ့် အိမ်ထောင်ကျပြီးနောက် ခင်ပွန်းဖြစ်သူနဲ့လိုက်နေရင်း ခင်ပွန်းဖြစ်သူရဲ့အကြမ်း ဖက်နှိပ်စက်ခြင်းကို ခံခဲ့ရတာဖြစ်တယ်လို့ သိရပါ တယ်။
ဒေါက်တာအာကာနေဝင်းနဲ့ ယောက်ဖ တော်စပ်သူ၊ အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီး ရဲ့မောင်းအရင်းဖြစ်သူက “ငါ့အစ်မကျ ရက်ရက်စက် စက် လုပ်ခဲ့ပြီးမှ၊ အခုမှ ဒီလောက်နဲ့ပဲရပ်ပေးကြပါတဲ့။ ကြောက်တတ်တာ ဒေါက်တာ အာကာနေဝင်း။ ငါ့အစ်မကို ရိုက်တုန်းက “မလုပ်ပါနဲ့တော့ကြောက်ပါပြီ ကြောက်ပါပြီ” လို့ ငိုပြီးအော်တာတောင် သူ ဆက်ရိုက် နေခဲ့ပါတယ်တဲ့။ သူ့အဖေကလည်း ဝင်မဆွဲဘဲ အခန်းပေါက်ဝက ကြည့်နေသလို သူ့အမေကလည်း ငါ့ကိုလုပ်တာလောက်မဆိုးလို့ ဝင်မဆွဲတာဆိုပြီး မိဘမဲ့အားကိုးရာမဲ့မိန်းကလေးတစ်ယောက်ကို မိသားစုလိုက် နိုင်စားတာကျ လူသားဆန်ခဲ့ကြလား။ ဘာအပြစ်မှမလုပ်တဲ့ ကျွန်တော့်အစ်မကို စိတ်ကူး ပေါက်တိုင်း မောင်အရင်း အပါအဝင် အမျိုးတွေနဲ့ပါ အဆက်သွယ်ဖြတ်ခိုင်းပြီး၊ တံခါးပိတ်ပြီး အကြိမ်ပေါင်း များစွာ ရိုက်နှက်ခဲ့တာပါ” လို့ ဖော်ပြထားတာပါ။

မိန်းကလေးတစ်ယောက်ကို ဘယ်လိုအ ကြောင်းပဲရှိရှိ ရိုက်နှက်နှိပ်စက်ခြင်းဟာ လုံးဝ မလုပ် ဆောင်သင့်တဲ့ လုပ်ရပ်ဖြစ်ပြီး၊ ဒီလိုလုပ်ရပ်မျိုးကို လုပ်ဆောင်သူတိုင်းကို လူ့အသိုင်းအဝိုင်းက ဆန့်ကျင် ဖယ်ရှောင်ကာ ဥပဒေအတိုင်း ထိုက်သင့်တဲ့ပြစ်ဒဏ် ပေးသင့်ကြောင်း ဝိုင်းဝန်းပြောဆိုထားကြတာကို လည်း တွေ့ရပါတယ်။

ဒေါက်တာ အာကာနေဝင်းရဲ့ အိမ်တွင်း အကြမ်းဖက်မှုဖြစ်စဉ်ဟာ လက်ရှိဇာတ်လမ်းတွဲတစ်ခု ဖြစ်တဲ့ “ကုထုံးမဲ့ ချစ်ခြင်” ဇာတ်လမ်းတွဲနဲ့ ထပ်တူကျနေပြီး ပါဝင်ထားတဲ့ ဒေါက်တာခက်မာန်ရဲ့ဇာတ်ရုပ်နဲ့ တူလွန်းတာကြောင့် လူအများရဲ့ စောင့်ကြည့်မှုကို ပိုခံနေရတာဖြစ်ပါတယ်။

ဒေါက်တာအာကာနေဝင်းရဲ့ အမျိုးသမီး ဟာ ၎င်းရဲ့ခင်ပွန်း ဗလီသွားချိန်မှာ နေအိမ်ကနေ ထွက်ပြေးတာဖြစ်ပြီး မောင်ဖြစ်သူရှိတဲ့နယ်သို့ လုံခြုံစွာရောက်ရှိနေပြီလို့ သိရပါတယ်။
လက်ရှိမှာတော့ ၎င်းတို့နှစ်ဦးဟာ နှစ်ဖက် သော ရှေ့နေတွေနဲ့ အပြန်အလှန်ဆွေးနွေးတာတွေ လုပ်ဆောင် နေကြပြီး ဒေါက်တာအာကာနေဝင်းနဲ့ မိသားစုကို လူအများက ပြစ်တင်ရှုတ်ချကြကာ မိန်းကလေးတွေ အနေနဲ့လည်း အိမ်တွင်းအကြမ်းဖက် နှိပ်စက်ကျူးလွန်ခံနေရပါက သတ္တိရှိရှိ ရုန်းထွက်ကြဖို့ လူအများက တိုက်တွန်းထားကြပါတယ်။

မိခင်အတွက် ကြိုးစားရုန်းကန်လျက်ပါဆိုတဲ့ ဟာသသရုပ် ဆောင် ပါကျဲ
သရုပ်ဆောင်ပါကျဲဟာ မိခင်ဖြစ်သူရဲ့ ဆေးဖိုးဝါးခနဲ့ နေ့စဉ်စားသောက်နေထိုင်စရိတ် အတွက် လက်ရှိ ရွှေပိတောက် ငါးဈေးက ငါးဒိုင်မှာ အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။ ပါကျဲဟာ ဟာသ သရုပ်ဆောင် တစ်ဦးဖြစ်ပြီး ၎င်းတို့အနေနဲ့က ဇာတ်ကားရိုက်ဖို့ခေါ်သူရှိမှသာ ရိုက်ရတာမျိုးဖြစ်တာ ကြောင့် မိခင်ရဲ့ ဆေးဖိုးတွေဟာ အကုန်အကျများပြီး ဇာတ်ကားရိုက်ရမှ ရတဲ့ပိုက်ဆံနဲ့ မလောက်ငတော့ တာကြာခဲ့ပြီလို့ သိရပါတယ်။
၎င်းဟာ ကိုဗစ်ကာလတုန်းကလည်း ဖိနပ်ချုပ်ဆိုင်အသေးလေးဖွင့်ခဲ့ကာ စားဝတ်နေရေး အတွက် ဖြေရှင်းခဲ့တာပါ။ သူ့အနေနဲ့ အရင်က အနုပညာရိုက်ကူးရေးအလုပ်ပဲလုပ်ခဲ့ပြီး အနုပညာသမား အဖြစ်နေခဲ့တာဆိုတော့ ငါးဒိုင်မှာ လုပ်ကိုင်ရတဲ့အခါစစချင်း ဈေးထဲမှာ လူအများရဲ့မေးခွန်းတွေ အကြည့် တွေကြောင့် ရှက်ခဲ့မိတယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဘဝအတွက် မဖြစ်မနေလုပ်ရမှာဖြစ်တဲ့အတွက် အခု ဆိုရင် အကောင်းဆုံးလုပ်ကိုင်နေပြီး ဆိုင်ရှင် အပါအဝင် ဆိုင်ဝန်ထမ်းတွေကလည်း ပါကျဲအပေါ်မှာ အများ ကြီး ဂရုစိုက်မှုပေးထားတယ်လို့ သိရပါတယ်။
သရုပ်ဆောင်ပါကျဲဟာ အရင်ကတည်းက သူ့ရဲ့စကားတိုင်းမှာ သူ့ရဲ့မိခင်အတွက် ကြိုးစားနေ ကြောင်း အမြဲထည့် သွင်းပြောလေ့ရှိသူပါ။ မိဘအပေါ် သိတတ်လွန်းတဲ့ ပါကျဲတစ်ယောက် အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးကြတဲ့သူတွေလည်း များစွာရှိလို့နေပါတယ်။ ဒီနှစ် ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီလ ၃ ရက်က ကျင်းပခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွက် အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကိုတော့ သူ့အနေနဲ့ ငါးဒိုင်မှာအလုပ် လုပ်နေရတာက တစ်ကြောင်း၊ အကယ်ဒမီဖိတ်စာလည်း မရတာကလည်း တစ်ကြောင်းကြောင့် အကယ်ဒမီပွဲကို မတက်ရောက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

ပါကျဲရဲ့ ပြီးခဲ့တဲ့နှစ်က အကယ်ဒမီ ဖက်ရှင် ဟာ လူအများရဲ့ချီးကျူးမှုကို ခံခဲ့ရပြီး၊ ပွဲအခမ်းအနား တက်ရောက်ဖို့ မရှိ-ရှိတာလေးနဲ့ ကြိုးစားတက်ရောက် ခဲ့တဲ့ ပါကျဲရဲ့ဓါတ်ပုံတွေကို ပြန်လည်မျှဝေခဲ့ကြတာပါ။

ဒီတစ်ပတ်အနုပညာကဏ္ဍကို ဒီလောက်နဲ့ပဲ ရပ်နားခွင့်ပြုပါ။

zawgyi version
“လူေနမႈဘဝနဲ႔ အႏုပညာ” (ေဆာင္းပါး)
အိျဖဴသိမ့္ (NP News) - မတ္ ၂

ဒီတစ္ပတ္အတြင္း ဆိုရွယ္ပလက္ေဖာင္းေပၚထြက္ေပၚလာတဲ့ ထူးထူးျခားျခားအေၾကာင္း ေတြက ေတာ့ ဝိုင္းေလးဆိုလိုက္တာ “ဦးမင္းေအာင္လႈိင္သား” လား၊ “မူးေမ့ေအာင္လႈိက္သြား” လား၊ ထူးခန႔္ေက်ာ္ နာမည္သုံးကာ ေငြေၾကးလိမ္လည္သူမ်ား ရွိလာ၊ အိမ္တြင္းအၾကမ္းဖက္မႈက်ဴးလြန္ခဲ့တဲ့ ေဒါက္တာ အာကာေနဝင္း၊ ဟာသသ႐ုပ္ေဆာင္ ပါက်ဲရဲ႕ ဘဝအေျခအေန၊ အစရွိတဲ့ လူေနမႈဘဝျဖစ္စဥ္အ ေၾကာင္းေတြကို ေ႐ြးခ်ယ္ေဖာ္ျပေပးပါမယ္။ ဆိုရွယ္မီဒီယာၾကား ဒီတစ္ပတ္အတြင္း လူမႈဘဝအေၾကာင္း ေတြဟာ အႏုပညာရွင္ေတြရဲ႕ အတင္းအဖ်င္းသတင္းေတြထက္ ပိုမိုလူစိတ္ဝင္စားမႈ ျမင့္တက္လို႔ေနပါတယ္။ ဒါ့ေၾကာင့္ စာဖတ္သူေတြအေနနဲ႔ လူမႈဘဝအေျခအေနမွန္ကို သိရွိႏိုင္ေစဖို႔ “NP News” ရဲ႕ အပတ္စဥ္ ေဖာ္ျပတဲ့ အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ေဖာ္ျပေပးပါမယ္။

ဝိုင္းေလး ဆိုလိုက္တာ “ဦးမင္းေအာင္လႈိင္သား” လား၊ “မူးေမ့ေအာင္လႈိက္သြား” လား
အဆိုေတာ္ဝိုင္းေလးက The Heart Of Rangoon(THOR) ႏိုက္ကလပ္ဆိုင္တစ္ခုမွာ ေတးသံရွင္ ထြန္းအိျႏၵာဗိုလ္ရဲ႕ “မ ခ်စ္တဲ့ေမာင္ေလး” သီခ်င္းနဲ႔ သီဆိုေဖ်ာ္ေျဖခဲ့ရာ သီခ်င္းစာသားမွာ “ဦးမင္းေအာင္လႈိင္ သား”လား “မူးေမ့ေအာင္ လႈိက္ သြား”လား ဆိုတာက ပရိသတ္ၾကား ေဝခြဲမရေလာက္ေအာင္ကို ျဖစ္လို႔ေန ပါတယ္။ ေဖ်ာ္ေျဖမႈဗီဒီယိုဖိုင္အတိုေလးဟာ လူမႈကြန္ရက္တစ္ခြင္မွာ အေတာ္ေလးကို ပ်ံ႕ႏွံ႔လ်က္ရွိၿပီး နားေထာင္မိသူတိုင္း အနည္းဆုံး ၃ ခါထက္မနည္း ျပန္လည္နားေထာင္မိၾကတယ္လို႔ လည္း ဆိုၾကပါတယ္။ ဘယ္ႏွႀကိမ္ပဲ နားေထာင္ပါ ေစ “မူးေမ့ေအာင္လႈိက္သြား” ေနရာမွာ “ ဦးမင္းေအာင္လႈိင္သား”ဆိုတာမ်ိဳးပဲ ၾကားမိၾကေၾကာင္းလည္း မွတ္ခ်က္ျပဳထားၾကပါတယ္။

ဒီျဖစ္စဥ္ေလးကေတာ့ လက္ရွိ လူအမ်ား ၾကားမွာ ရယ္စရာတစ္ခုသဖြယ္ျဖစ္ေနၿပီး စေနာက္ခ်င္စရာ လိုျဖစ္လို႔ေနပါတယ္။ ကာယကံရွင္ျဖစ္တဲ့ အဆိုေတာ္ဝိုင္းေလးကိုယ္တိုင္ကေတာ့ ေဖေဖာ္ဝါရီ လ ၂၈ ရက္အထိ ထူးထူးျခားျခား ေျဖရွင္းထားတာ မရွိေသးတာကို ေတြ႕ရပါတယ္။

ထူးခန႔္ေက်ာ္ နာမည္သုံးကာ ေငြေၾကး လိမ္လည္သူမ်ား ရွိလာ
ထူးခန႔္ေက်ာ္ရဲ႕ဆရာလို႔ ဆိုကာ လိမ္လည္ေဆးကုသၿပီး ေငြေၾကးေတာင္းခံေနသူေတြရွိေနတယ္ လို႔ ထူးခန႔္ေက်ာ္ ကိုယ္တိုင္က အသိေပးထားပါတယ္။ အဆိုပါလိမ္လည္သူဟာ ၎က ထူးခန႔္ေက်ာ္ကို ေဆးပညာသင္ၾကားေပးခဲ့သူ ျဖစ္တယ္လို႔ေျပာဆိုၿပီး ေရးၿမိဳ႕နယ္ ဥကၠံမွာ ေဆးကုသကာ ေငြေၾကးေတာင္းခံ တာမ်ိဳးေတြ လုပ္ေဆာင္ေနေၾကာင္းကို ထူးခန႔္ေက်ာ္ ကိုယ္တိုင္က ၎ကိုယ္တိုင္ အသုံးျပဳတဲ့ေဖ့စ္ဘြတ္ခ္ အေကာင့္မွာ Live လႊင့္ကာ ျပန္ရွင္းထားတာကို ေတြ႕ရပါတယ္။

သိရသေလာက္ ထူးခန႔္ေက်ာ္နာမည္ကို အသုံးျပဳၿပီး ေငြေၾကးလိမ္လည္ၾကျခင္းဟာ အခုမွ မဟုတ္ေပမယ့္ အခု လိမ္လည္သူကေတာ့ နာမည္ကို အလြဲသုံးစားလုပ္႐ုံသာမက ေရာဂါေဝဒနာခံစားေနရသူေတြကိုပါ လိမ္လည္ ေဆးကုသေနတာျဖစ္တဲ့အတြက္ ခုနစ္ရက္သားသမီးမ်ားအားလုံးအတြက္ အသက္အႏၲရာယ္စိုးရိမ္ရပါတယ္။

ထူးခန႔္ေက်ာ္က “ခုနစ္ရက္သားသမီးမ်ား ကို ပါရမီျဖည့္ေပးေနတဲ့ ေဆးပညာရပ္အတြက္ သင္ဆရာ၊ ျမင္ဆရာ၊ ၾကားဆရာလည္း မရွိသလို တပည့္ေမြးထားျခင္းလည္း မရွိေၾကာင္း၊ တပည့္ဆိုလို႔ ၎ထံမွာ ကူညီေပးေနတဲ့ ကေလးေတြသာရွိေၾကာင္း၊ ေဆးကုသမႈအတြက္ ေငြေၾကး တစ္ျပားတစ္ခ်ပ္မွ ေတာင္းခံျခင္းမ်ိဳးလည္း မရွိေၾကာင္း၊ ေငြလႊဲဖို႔ Kpay, Wavepay တို႔လည္း မဖြင့္ထားေၾကာင္း ဘိုက္ဘာ၊ မက္ဆင္ဂ်ာနဲ႔ တယ္လီဂရမ္ လည္း မဖြင့္ထားေၾကာင္း၊ ေဆးကုဖို႔အတြက္ ႀကိဳတင္ေငြ လႊဲခိုင္းပါက ထူးခန႔္ေက်ာ္ မဟုတ္ေၾကာင္း၊ ဖုန္းနံပါတ္ လည္း တစ္လုံးသာ အသုံးျပဳေၾကာင္း” တရားဝင္ကို အသိေပးေျပာထားပါတယ္။

အဆိုပါလိမ္လည္သူဟာ တိုင္းရင္းေဆး ေဆးနက္ေက်ာ္အမည္ျဖင့္ ၎ရဲ႕မိတ္ေဆြေတြထံ ေငြေၾကးေတာင္းခံ တာမ်ိဳးေတြလည္း လုပ္ေဆာင္ ေနတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ နာမည္ကိုသုံးကာ လိမ္လည္ေနေၾကာင္း ႀကိဳတင္အသိေပးထားလ်က္နဲ႔ ေငြေၾကးျပႆနာမ်ားျဖစ္လာပါက တာဝန္ယူ၊ တာဝန္ခံ ေျဖရွင္းေပးေတာ့မွာ မဟုတ္ေၾကာင္း အသိေပးထားပါတယ္။

ထူးခန႔္ေက်ာ္ရဲ႕ေဆးပညာပိုင္း၊ ကုသမႈ ပိုင္းနဲ႔ပတ္သက္ၿပီး တိုင္းရင္းေဆးပညာအသိုင္း အဝိုင္းက သံသယရွိေနၾကကာ အမ်ိဳးမ်ိဳးေဝဖန္မႈေတြ ရွိေနေပမယ့္လည္း ၎ထံမွာ အနယ္နယ္အရပ္ရပ္က ေဆးလာကုသူ ေန႔စဥ္ ၅၀ဝ မွ ၁၀ဝ၀ ၾကားရွိၿပီး၊ လာေရာက္ကုသသူ အမ်ားစုဟာ သက္သာေပ်ာက္ကင္း သြားၾကသလို တခ်ိဳ႕ဆိုရင္ ႏွစ္ရွည္လမ်ား ခံစားခဲ့ရတဲ့ေဝဒနာက နာရီပိုင္းအတြင္း ရက္ပိုင္းအတြင္းမွာ တင္ ေရာဂါေဝဒနာသက္သာသြားၾကတာ ျဖစ္ပါတယ္။ ခုနစ္ရက္သားသမီးမ်ားအတြက္ ပါရမီျဖည့္ေပးေနတဲ့ ထူးခန႔္ေက်ာ္ဟာ ဘာသာေရးက်င့္စဥ္မ်ား က်င့္ႀကံကာ ႀကိဳးစားအားထုတ္ ေနထိုင္သူျဖစ္ၿပီး၊ ေလျဖတ္၊ ေလျဖန္း၊ အေၾကာ၊ က်ီးေပါင္း၊ အက်ိတ္ အစရွိတဲ့ ေရာဂါေတြကို ေမတၱာတရားေရွ႕ထားကာ အခမဲ့ ကုသေပးေနတာျဖစ္ပါတယ္။
ထူးခန႔္ေက်ာ္က (၃၂) ရပ္ကြက္၊ ေ႐ႊျပည္သာလမ္း၊ ေျမာက္ဒဂုံၿမိဳ႕နယ္ရွိ ၎ရဲ႕ေနအိမ္မွာ တနဂၤလာေန႔မွ ေသာၾကာေန႔အထိ မနက္ ၅ နာရီခြဲမွ စတင္ၿပီး ညနက္အထိ ေဆးကုသေပးလ်က္ရွိတာ ျဖစ္ပါတယ္။

အိမ္တြင္းအၾကမ္းဖက္မႈ က်ဴးလြန္ခဲ့တဲ့ ေဒါက္တာအာကာေနဝင္း
ေဒါက္တာအာကာေနဝင္းဟာ ေဖ့စ္ဘြတ္ခ္ ဆယ္လီတစ္ဦးလည္း မဟုတ္သလို၊ နာမည္ႀကီး ေအာင္ျမင္ေနတဲ့ ဆရာဝန္တစ္ဦးလည္း မဟုတ္ပါဘူး။ ဒါေပမယ့္ လြန္ခဲ့တဲ့ရက္ပိုင္းမွာပဲ ၎ရဲ႕အိမ္တြင္း အၾကမ္းဖက္မႈလုပ္ရပ္ ေတြ ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္ စာမ်က္ႏွာမွာ ထြက္ေပၚလာၿပီးေနာက္ လူအမ်ားရဲ႕ ရႈတ္ခ် ေဝဖန္ေျပာဆိုမႈေတြ ကို ခံေနရသူပါ။
ေဒါက္တာအာကာေနဝင္းက ၎ရဲ႕ခ်စ္သူ မိန္းကေလးနဲ႔ လက္ထပ္ထိမ္းျမားေၾကာင္း မဂၤလာ ဓါတ္ပုံေတြကို ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္အေကာင့္မွာ ေဖာ္ျပခဲ့ဖူးပါတယ္။ အခုလိုအိမ္တြင္းအၾကမ္းဖက္မႈလုပ္ရပ္က ၎တို႔ လက္ထပ္ၿပီး တစ္လေက်ာ္အတြင္း မွာ ထြက္ေပၚလာခဲ့ျခင္းျဖစ္ၿပီး အဆိုပါသတင္းကို ၾကည့္ရႈမိသူတိုင္းဟာ ေဒါက္တာ အာကာေနဝင္းနဲ႔ ၎ရဲ႕မိသားစုဝင္ေတြကိုပါ ေဝဖန္ရႈတ္ခ်မႈေတြ လုပ္ ေဆာင္ခဲ့ၾကပါတယ္။

အဲဒီေနာက္မွာ ၎ဟာ မီဒီယာေတြကို ေခၚကာ အမ်ိဳးသမီးကို လူအမ်ားေရွ႕ တရားဝင္ ေတာင္းပန္ေၾကာင္း ေျပာခဲ့ေပမယ့္လည္း အမ်ိဳးသမီး ကို “၎ရဲ႕ စိတ္ထြက္ေပါက္ေၾကာင့္ ႐ိုက္ႏွက္မိခဲ့ျခင္း ျဖစ္တယ္” ဆိုတဲ့စကား ေၾကာင့္ ေဝဖန္ျပစ္တင္ ရႈတ္ခ် သံေတြဟာ ပိုမိုျပင္းထန္လာခဲ့ကာ လူ ၁၀ဝ မွာ ရာႏႈန္းျပည့္က ေဒါက္တာ အာကာေနဝင္းအေပၚ ျပစ္တင္စကားေတြ ဆိုခဲ့ၾကတာပါ။

အိမ္တြင္းအၾကမ္းဖက္ႏွိပ္စက္ခံခဲ့ရတဲ့အဆိုပါ အမ်ိဳးသမီးဟာ မိဘႏွစ္ပါးစလုံးမရွိေတာ့ဘူးလို႔ သိရကာ ေမာင္အရင္း ျဖစ္သူတစ္ဦးသာရွိၿပီး ေဒါက္တာအာကာေနဝင္းနဲ႔ ႏွစ္ဦးသားခ်စ္လို႔ လက္ထပ္ ေပါင္းသင္းခဲ့ၾက ေပမယ့္ အိမ္ေထာင္က်ၿပီးေနာက္ ခင္ပြန္းျဖစ္သူနဲ႔လိုက္ေနရင္း ခင္ပြန္းျဖစ္သူရဲ႕အၾကမ္း ဖက္ႏွိပ္စက္ျခင္းကို ခံခဲ့ရတာျဖစ္တယ္လို႔ သိရပါ တယ္။
ေဒါက္တာအာကာေနဝင္းနဲ႔ ေယာက္ဖ ေတာ္စပ္သူ၊ အိမ္တြင္းအၾကမ္းဖက္ခံရတဲ့ အမ်ိဳးသမီး ရဲ႕ေမာင္းအရင္းျဖစ္သူက “ငါ့အစ္မက် ရက္ရက္စက္ စက္ လုပ္ခဲ့ၿပီးမွ၊ အခုမွ ဒီေလာက္နဲ႔ပဲရပ္ေပးၾကပါတဲ့။ ေၾကာက္တတ္တာ ေဒါက္တာ အာကာေနဝင္း။ ငါ့အစ္မကို ႐ိုက္တုန္းက “မလုပ္ပါနဲ႔ေတာ့ေၾကာက္ပါၿပီ ေၾကာက္ပါၿပီ” လို႔ ငိုၿပီးေအာ္တာေတာင္ သူ ဆက္႐ိုက္ ေနခဲ့ပါတယ္တဲ့။ သူ႔အေဖကလည္း ဝင္မဆြဲဘဲ အခန္းေပါက္ဝက ၾကည့္ေနသလို သူ႔အေမကလည္း ငါ့ကိုလုပ္တာေလာက္မဆိုးလို႔ ဝင္မဆြဲတာဆိုၿပီး မိဘမဲ့အားကိုးရာမဲ့မိန္းကေလးတစ္ေယာက္ကို မိသားစုလိုက္ ႏိုင္စားတာက် လူသားဆန္ခဲ့ၾကလား။ ဘာအျပစ္မွမလုပ္တဲ့ ကြၽန္ေတာ့္အစ္မကို စိတ္ကူး ေပါက္တိုင္း ေမာင္အရင္း အပါအဝင္ အမ်ိဳးေတြနဲ႔ပါ အဆက္သြယ္ျဖတ္ခိုင္းၿပီး၊ တံခါးပိတ္ၿပီး အႀကိမ္ေပါင္း မ်ားစြာ ႐ိုက္ႏွက္ခဲ့တာပါ” လို႔ ေဖာ္ျပထားတာပါ။

မိန္းကေလးတစ္ေယာက္ကို ဘယ္လိုအ ေၾကာင္းပဲရွိရွိ ႐ိုက္ႏွက္ႏွိပ္စက္ျခင္းဟာ လုံးဝ မလုပ္ ေဆာင္သင့္တဲ့ လုပ္ရပ္ျဖစ္ၿပီး၊ ဒီလိုလုပ္ရပ္မ်ိဳးကို လုပ္ေဆာင္သူတိုင္းကို လူ႔အသိုင္းအဝိုင္းက ဆန႔္က်င္ ဖယ္ေရွာင္ကာ ဥပေဒအတိုင္း ထိုက္သင့္တဲ့ျပစ္ဒဏ္ ေပးသင့္ေၾကာင္း ဝိုင္းဝန္းေျပာဆိုထားၾကတာကို လည္း ေတြ႕ရပါတယ္။

ေဒါက္တာ အာကာေနဝင္းရဲ႕ အိမ္တြင္း အၾကမ္းဖက္မႈျဖစ္စဥ္ဟာ လက္ရွိဇာတ္လမ္းတြဲတစ္ခု ျဖစ္တဲ့ “ကုထုံးမဲ့ ခ်စ္ျခင္” ဇာတ္လမ္းတြဲနဲ႔ ထပ္တူက်ေနၿပီး ပါဝင္ထားတဲ့ ေဒါက္တာခက္မာန္ရဲ႕ဇာတ္႐ုပ္နဲ႔ တူလြန္းတာေၾကာင့္ လူအမ်ားရဲ႕ ေစာင့္ၾကည့္မႈကို ပိုခံေနရတာျဖစ္ပါတယ္။

ေဒါက္တာအာကာေနဝင္းရဲ႕ အမ်ိဳးသမီး ဟာ ၎ရဲ႕ခင္ပြန္း ဗလီသြားခ်ိန္မွာ ေနအိမ္ကေန ထြက္ေျပးတာျဖစ္ၿပီး ေမာင္ျဖစ္သူရွိတဲ့နယ္သို႔ လုံၿခဳံစြာေရာက္ရွိေနၿပီလို႔ သိရပါတယ္။
လက္ရွိမွာေတာ့ ၎တို႔ႏွစ္ဦးဟာ ႏွစ္ဖက္ ေသာ ေရွ႕ေနေတြနဲ႔ အျပန္အလွန္ေဆြးေႏြးတာေတြ လုပ္ေဆာင္ ေနၾကၿပီး ေဒါက္တာအာကာေနဝင္းနဲ႔ မိသားစုကို လူအမ်ားက ျပစ္တင္ရႈတ္ခ်ၾကကာ မိန္းကေလးေတြ အေနနဲ႔လည္း အိမ္တြင္းအၾကမ္းဖက္ ႏွိပ္စက္က်ဴးလြန္ခံေနရပါက သတၱိရွိရွိ ႐ုန္းထြက္ၾကဖို႔ လူအမ်ားက တိုက္တြန္းထားၾကပါတယ္။

မိခင္အတြက္ ႀကိဳးစား႐ုန္းကန္လ်က္ပါဆိုတဲ့ ဟာသသ႐ုပ္ ေဆာင္ ပါက်ဲ
သ႐ုပ္ေဆာင္ပါက်ဲဟာ မိခင္ျဖစ္သူရဲ႕ ေဆးဖိုးဝါးခနဲ႔ ေန႔စဥ္စားေသာက္ေနထိုင္စရိတ္ အတြက္ လက္ရွိ ေ႐ႊပိေတာက္ ငါးေဈးက ငါးဒိုင္မွာ အလုပ္လုပ္ကိုင္လ်က္ရွိပါတယ္။ ပါက်ဲဟာ ဟာသ သ႐ုပ္ေဆာင္ တစ္ဦးျဖစ္ၿပီး ၎တို႔အေနနဲ႔က ဇာတ္ကား႐ိုက္ဖို႔ေခၚသူရွိမွသာ ႐ိုက္ရတာမ်ိဳးျဖစ္တာ ေၾကာင့္ မိခင္ရဲ႕ ေဆးဖိုးေတြဟာ အကုန္အက်မ်ားၿပီး ဇာတ္ကား႐ိုက္ရမွ ရတဲ့ပိုက္ဆံနဲ႔ မေလာက္ငေတာ့ တာၾကာခဲ့ၿပီလို႔ သိရပါတယ္။
၎ဟာ ကိုဗစ္ကာလတုန္းကလည္း ဖိနပ္ခ်ဳပ္ဆိုင္အေသးေလးဖြင့္ခဲ့ကာ စားဝတ္ေနေရး အတြက္ ေျဖရွင္းခဲ့တာပါ။ သူ႔အေနနဲ႔ အရင္က အႏုပညာ႐ိုက္ကူးေရးအလုပ္ပဲလုပ္ခဲ့ၿပီး အႏုပညာသမား အျဖစ္ေနခဲ့တာဆိုေတာ့ ငါးဒိုင္မွာ လုပ္ကိုင္ရတဲ့အခါစစခ်င္း ေဈးထဲမွာ လူအမ်ားရဲ႕ေမးခြန္းေတြ အၾကည့္ ေတြေၾကာင့္ ရွက္ခဲ့မိတယ္လို႔ ဆိုခဲ့ပါတယ္။ ဒါေပမဲ့ ဘဝအတြက္ မျဖစ္မေနလုပ္ရမွာျဖစ္တဲ့အတြက္ အခု ဆိုရင္ အေကာင္းဆုံးလုပ္ကိုင္ေနၿပီး ဆိုင္ရွင္ အပါအဝင္ ဆိုင္ဝန္ထမ္းေတြကလည္း ပါက်ဲအေပၚမွာ အမ်ား ႀကီး ဂ႐ုစိုက္မႈေပးထားတယ္လို႔ သိရပါတယ္။
သ႐ုပ္ေဆာင္ပါက်ဲဟာ အရင္ကတည္းက သူ႔ရဲ႕စကားတိုင္းမွာ သူ႔ရဲ႕မိခင္အတြက္ ႀကိဳးစားေန ေၾကာင္း အၿမဲထည့္ သြင္းေျပာေလ့ရွိသူပါ။ မိဘအေပၚ သိတတ္လြန္းတဲ့ ပါက်ဲတစ္ေယာက္ အစစအရာရာ အဆင္ေျပပါေစလို႔ ဆုေတာင္းေပးၾကတဲ့သူေတြလည္း မ်ားစြာရွိလို႔ေနပါတယ္။ ဒီႏွစ္ ၂၀၂၄ ခုႏွစ္ ေဖေဖာ္ ဝါရီလ ၃ ရက္က က်င္းပခဲ့တဲ့ ၂၀၂၃ ခုႏွစ္အတြက္ အကယ္ဒမီ ႐ုပ္ရွင္ထူးခြၽန္ဆု ခ်ီးျမႇင့္ပြဲကိုေတာ့ သူ႔အေနနဲ႔ ငါးဒိုင္မွာအလုပ္ လုပ္ေနရတာက တစ္ေၾကာင္း၊ အကယ္ဒမီဖိတ္စာလည္း မရတာကလည္း တစ္ေၾကာင္းေၾကာင့္ အကယ္ဒမီပြဲကို မတက္ေရာက္ႏိုင္ခဲ့ဘူးလို႔ သိရပါတယ္။

ပါက်ဲရဲ႕ ၿပီးခဲ့တဲ့ႏွစ္က အကယ္ဒမီ ဖက္ရွင္ ဟာ လူအမ်ားရဲ႕ခ်ီးက်ဴးမႈကို ခံခဲ့ရၿပီး၊ ပြဲအခမ္းအနား တက္ေရာက္ဖို႔ မရွိ-ရွိတာေလးနဲ႔ ႀကိဳးစားတက္ေရာက္ ခဲ့တဲ့ ပါက်ဲရဲ႕ဓါတ္ပုံေတြကို ျပန္လည္မွ်ေဝခဲ့ၾကတာပါ။

ဒီတစ္ပတ္အႏုပညာက႑ကို ဒီေလာက္နဲ႔ပဲ ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.