တရုတ်အစိုးရဲ့ ကြားဝင်စေ့စပ်ပေးမှုအရ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ တပ်မတော်ကြား တပ်ဖွဲ့ဝင်များ ပြန်ရုတ်သိမ်းဖို့ သဘောတူညီမှု ရရှိဟုဆို

 34248

ဂျန်ဇက် (NP News) - မတ် ၄
တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် တပ်မတော်နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ဟာ ရှေ့တန်းစစ်မျက်နှာပြင်ကနေ တပ်ဖွဲ့တွေပြန်လည် ရုတ်သိမ်းဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။

တရုတ်အစိုးရဟာ ပြီးခဲ့တဲ့နှစ်တည်းက မြန်မာနိုင်ငံအရှေ့ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး မြန်မာတပ်မတော်နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ကြား အပစ်ခတ်ရပ်စဲရေးရယူနိုင်အောင် ကြားဝင်ကြိုးပမ်းပေးခဲ့ကြောင်း သိရပါတယ်။

တရုတ်ဘာသာစကားအပြင် ကချင်ဘာသာစကားနဲ့ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ထဲမှာ ကူမင်းမြို့မှာ တရုတ်နိုင်ငံနဲ့ကြားဝင်စေ့စပ်ပေးမှုတွေကြောင့် တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကြား တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ဖက်စလုံးဟာ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကို ထိခိုက်မှုမဖြစ်ရအောင် ရှေ့တန်းနေရာတွေက တပ်ဖွဲ့ဝင်တွေ ပြန်လည်ရုတ်သိမ်းဖို့ သဘောတူညီခဲ့တယ်ဆိုတဲ့အချက်ကို ဖော်ပြထားကြောင်း သိရပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့၊ တအာင်းလက်နက်ကိုင်အဖွဲ့၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ တပ်မတော်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ခဲ့ကြောင်းသိရပါတယ်။

မြန်မာအစိုးရနဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ဖွဲ့ကြား ရရှိခဲ့တဲ့သဘောတူညီချက်တွေထဲမှာ ချင်းရွှေဟော်နယ်စပ်ဂိတ်က ဖြတ်သန်းမယ့်အကောက်ခွန်ခများကို ၇၀-၃၀ ရာခိုင်နှုန်းနဲ့ ရယူမယ်ဆိုတဲ့အချက်တွေလည်းပါဝင်ခဲ့တယ်လို့ thediplomat သတင်းဌာနက ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ ဇန်နဝါရီလနောက်ပိုင်းတည်းက နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ဖို့ ကြိုးပမ်းခဲ့ပြီး တပ်မတော်နဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကြား အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုတွေ ရယူနိုင်အောင် ကြိုးပမ်းခဲ့တာမျိုး ဖြစ်တယ်လို့ဆိုပါတယ်။

Zawgyi Version

တ႐ုတ္အစိုးရဲ႕ ၾကားဝင္ေစ့စပ္ေပးမႈအရ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕နဲ႔ တပ္မေတာ္ၾကား တပ္ဖြဲ႕ဝင္မ်ားျပန္႐ုတ္သိမ္းဖို႔ သေဘာတူညီမႈ ရရွိဟုဆို

ဂ်န္ဇက္ (NP News) - မတ္ ၄
တ႐ုတ္အစိုးရရဲ႕ ၾကားဝင္ေစ့စပ္ေပးမႈေၾကာင့္ တပ္မေတာ္နဲ႔ ညီေနာင္မဟာမိတ္သုံးဖြဲ႕တို႔ဟာ ေရွ႕တန္းစစ္မ်က္ႏွာျပင္ကေန တပ္ဖြဲ႕ေတြျပန္လည္ ႐ုတ္သိမ္းဖို႔ သေဘာတူညီခဲ့ေၾကာင္း သိရပါတယ္။

တ႐ုတ္အစိုးရဟာ ၿပီးခဲ့တဲ့ႏွစ္တည္းက ျမန္မာႏိုင္ငံအေရွ႕ပိုင္းမွာ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြနဲ႔ပတ္သက္ၿပီး ျမန္မာတပ္မေတာ္နဲ႔ ညီေနာင္မဟာမိတ္သုံးဖြဲ႕ၾကား အပစ္ခတ္ရပ္စဲေရးရယူႏိုင္ေအာင္ ၾကားဝင္ႀကိဳးပမ္းေပးခဲ့ေၾကာင္း သိရပါတယ္။

တ႐ုတ္ဘာသာစကားအျပင္ ကခ်င္ဘာသာစကားနဲ႔ ထုတ္ျပန္ခဲ့တဲ့ ထုတ္ျပန္ခ်က္ထဲမွာ ကူမင္းၿမိဳ႕မွာ တ႐ုတ္ႏိုင္ငံနဲ႔ၾကားဝင္ေစ့စပ္ေပးမႈေတြေၾကာင့္ တပ္မေတာ္နဲ႔ ေျမာက္ပိုင္းမဟာမိတ္သုံးဖြဲ႕ၾကား ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ႏွစ္ဖက္စလုံးဟာ ျမန္မာႏိုင္ငံရွိ တ႐ုတ္ႏိုင္ငံရဲ႕ အက်ိဳးစီးပြားေတြကို ထိခိုက္မႈမျဖစ္ရေအာင္ ေရွ႕တန္းေနရာေတြက တပ္ဖြဲ႕ဝင္ေတြ ျပန္လည္႐ုတ္သိမ္းဖို႔ သေဘာတူညီခဲ့တယ္ဆိုတဲ့အခ်က္ကို ေဖာ္ျပထားေၾကာင္း သိရပါတယ္။

ညီေနာင္မဟာမိတ္အဖြဲ႕ဝင္ေတြျဖစ္တဲ့ ရခိုင္လက္နက္ကိုင္အဖြဲ႕၊ တအာင္းလက္နက္ကိုင္အဖြဲ႕၊ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ေတြဟာ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလမွာ တပ္မေတာ္စခန္းေတြကို တိုက္ခိုက္သိမ္းပိုက္ခဲ့ၿပီးေနာက္ တ႐ုတ္ႏိုင္ငံက ၾကားဝင္ေစ့စပ္ခဲ့ေၾကာင္းသိရပါတယ္။

ျမန္မာအစိုးရနဲ႔ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA ဖြဲ႕ၾကား ရရွိခဲ့တဲ့သေဘာတူညီခ်က္ေတြထဲမွာ ခ်င္းေ႐ႊေဟာ္နယ္စပ္ဂိတ္က ျဖတ္သန္းမယ့္အေကာက္ခြန္ခမ်ားကို ၇၀-၃၀ ရာခိုင္ႏႈန္းနဲ႔ ရယူမယ္ဆိုတဲ့အခ်က္ေတြလည္းပါဝင္ခဲ့တယ္လို႔ thediplomat သတင္းဌာနက ေဖာ္ျပထားပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ဇန္နဝါရီလေနာက္ပိုင္းတည္းက နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းမ်ား ျပန္လည္လုပ္ကိုင္ႏိုင္ဖို႔ ႀကိဳးပမ္းခဲ့ၿပီး တပ္မေတာ္နဲ႔ ေျမာက္ပိုင္းညီေနာင္မဟာမိတ္သုံးဖြဲ႕ၾကား အပစ္ခတ္ရပ္စဲေရးသေဘာတူညီမႈေတြ ရယူႏိုင္ေအာင္ ႀကိဳးပမ္းခဲ့တာမ်ိဳး ျဖစ္တယ္လို႔ဆိုပါတယ္။

Picture

Chit Maung Maung

04/03/2024 23:35

အဆိုးထဲကအကောင်းအနေနဲ့ လူတွေထပ်မဆုံးရှူံးရတော့ဘူးပေါ့။ တစ်ခုပဲ၊ ပြိုတဲ့အိမ်တွေအတွက် တာဝန်မျှယူကြပေါ့။ ထင်ပါတယ် နောက်ဆုံးတော့လည်း ဟီးဟီးဟဲဟဲနဲ့ပဲ ပြီးသွားမယ်ဆိုတာ။

Related news

© 2021. All rights reserved.