နိုင်ငံရေး ခါးပိုက်ဆောင် တပ် တစ်ဖြစ်လဲ ဥပဒေမဲ့ ရာဇဝတ်ဂိုဏ်းများက မြို့တော်၏ ၉၀ ရာနှုန်းကို စိုးမိုးထားသည့် တိုင်းပြည် (ဆောင်းပါး)

 1575

Htay Oung (NP News) - မတ် ၆

ဟေတီနိုင်ငံမှာ နာမည်ကြီး ရာဇဝတ် ဂိုဏ်းခေါင်းဆောင်တစ်ဦးက ဝန်ကြီးချုပ် အေရီရယ် ဟင်နရီကိုဖြုတ်ချမယ်လို့ကြုံးဝါးနေခိုက် အကျဉ်း ထောင် ၂ ခုမှာ ဖောက်ထွင်းမှုဖြစ်ပေါ်ပြီး အကျဉ်း သား ၄၀ဝ၀ ကျော် ထွက်ပြေးလွတ်မြောက်သွားပါတယ်။ အဲဒီနောက် ပြင်းထန်တဲ့အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပွားပြီး ဆက်သွယ်ရေးစနစ်တွေပျက် စီးကုန်ပါတယ်။ ဒီအတွက် ဟေတီမှာ နိုင်ငံတော်အ ရေးပေါ်အခြေအနေကြေညာလိုက်တယ်လို့ ဖောက်စ် နယူးစ်သတင်းအေဂျင်စီက ယမန်နေ့ကရေးသားပါ တယ်။

တရားဥပဒေစိုးမိုးရေး ပြန်လည်တည် ဆောက်ဖို့အတွက် နိုင်ငံအနောက်ပိုင်းဒေသတွေမှာ ၇၂ နာရီကြာသတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ကို ပြဋ္ဌာန်းလိုက်တယ်လို့ ဟေတီအစိုးရရဲ့သ တင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိ ညနေ ၆ နာရီမှ မနက် ၅ နာရီအတွင်း အပြင်မထွက်ရအမိန့်ကို တနင်္ဂနွေနေ့မှာ ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။ တ ရားဥပဒေစိုးမိုးရေးအဖွဲ့ဝင်တွေ၊ မီးသတ်သမားတွေ၊ လူနာတင်ယာဉ်မောင်းတွေ၊ ကျန်းမာရေးဝန်ထမ်း တွေနဲ့ တရားဝင်သတင်းထောက်တွေအနေနဲ့က တော့ ညမထွက်ရအမိန့်ကို လိုက်နာဖို့မလိုအပ်ဘူး လို့ဆိုပါတယ်။
နိုင်ငံရဲ့အကြီးဆုံးအကျဉ်းထောင်တစ်ခု အပါအဝင် အကျဉ်းထောင်နှစ်ခုမှာ ထောင်ဖောက် မှုတွေဖြစ်ပွားပြီးနောက် တနင်္ဂနွေနေ့တစ်နေ့လုံး ပို့ အောပရင့်စ်မြို့မှာ မယုံနိုင်လောက်အောင် အကြမ်း ဖက်မှုတွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ မြို့တော်နေရာအနှံ့အပြားမှာ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်ကုန်ပြီး ဆက်သွယ်သွားလာမှုတွေ တုံ့ဆိုင်းသွားတဲ့အတွက် ခုလို အရေးပေါ်အမိန့်ကို ထုတ်ပြန်လိုက်ရကြောင်း သိရှိရပါတယ်။
ဟေတီဟာ တောင်နဲ့မြောက်အမေရိကန် တိုက်နှစ်ခုအကြား ကာရေဘီယန်ပင်လယ် ဂရိတ် တား အင်တီလက်ဇ်ကျွန်းရဲ့ အနောက်ခြမ်းမှာတည်ရှိပြီး အရှေ့ခြမ်းဟာ ဒိုမီနီကန်သမ္မတနိုင်ငံဖြစ်ပါတယ်။ ပြင်သစ်ဘာသာစကားပြော လူဦးရေ ၁၁ သန်းရှိတဲ့ အတွက် ကာရေဗီယန်ဒေသမှာ လူနေအများဆုံး တိုင်းပြည်လို့ ဆိုနိုင်ပါတယ်။ အတိတ်ကာလ စပိန်ကို လိုနီဖြစ်ခဲ့ဖူးပေမယ့် ၁၈ ရာစု ပြင်သစ်တို့လက်ထက် ကြံစိုက်ပျိုးဖို့အတွက် အာဖရိကလူမည်းတွေကို ကျွန် အဖြစ် အများအပြားခေါ်သွင်းခဲ့ရာမှ လူဖြူတွေ၊ မူလ တောင်အမေရိကနွယ်ဖွားဌာနေ တိုင်းရင်းသားတွေ ထက် လူမည်းဦးရေက ၁၀ ဆကျော် ပိုမိုများပြားသွား ခဲ့ပါတယ်။

ဟေတီဟာ ပါလီမန်ဒီမိုကရေစီတိုင်းပြည် ဖြစ်ပေမယ့် ပြန်ပေးဆွဲခြင်း၊ ရာဇဝတ်မှုခင်း ထူပြော ခြင်း၊ ရပ်ရွာမငြိမ်သက်မှုများအပြင် ကျန်းမာရေး စောင့်ရှောက်မှုညံ့ဖျင်းတဲ့အတွက် နိုင်ငံကို အများဆုံး အကူအညီပေးနေတဲ့ အမေရိကန်ကိုယ်တိုင်ပင်လျှင် မဖြစ်မနေကိစ္စရပ်မှတစ်ပါး မလိုအပ်ဘဲ ခရီးမသွား သင့်တဲ့ တိုင်းပြည်စာရင်းသွင်းခံထားရပါတယ်။ မကြာခဏ မုန်တိုင်းဒဏ်သင့်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင် ခြင်းတို့ဟာ တစ်လှည့်စီခြိမ်းခြောက်နေပြီး ကာရေဘီ ယန်ဒေသအတွင်း အဆင်းရဲဆုံးနိုင်ငံဖြစ်နေရပါတယ်။

ဟေတီရဲ့ လက်နက်ကိုင်အကြမ်းဖက် ယဉ်ကျေးမှုဟာ ၁၉၅၀ ပြည့်လွန်နှစ်များအတွင်း ဟေ တီအာဏာရှင် ဖန်ဆွာဒူဗယ်လီယေလက်ထက် အတိုက်အခံများကိုနှိမ်နင်းဖို့ နိုင်ငံဝန်ထမ်းမဟုတ်သူ များကို ခါးပိုက်ဆောင်တပ်အဖြစ် ဖွဲ့စည်းရာမှ စတင်ခဲ့ပါတယ်။ နောက်ပိုင်း ဩဇာကြီးထွားလာသူတို့က လက်နက်ဖြုတ်သိမ်းမခံဘဲ လက်ယာစွန်း ကာကွယ် ရေးအဖွဲ့များအဖြစ် ဆက်လက်ရှင်သန်နေခဲ့ပါတယ်။ နိုင်ငံရေးသမားအသီးသီးတို့ကလည်း မိမိတို့အကျိုး စီးပွားကိုကာကွယ်ရန်၊ ရွေးကောက်ပွဲများကို ခြယ် လှယ်ရန်နဲ့ လူထုမငြိမ်သက်မှုများကိုနှိမ်နင်းရန် အကြောင်းပြပြီး လက်နက်ကိုင်အဖွဲ့များကို ဆက်လက် အသုံးပြုနေခဲ့ပါတယ်။ အဲဒီအဖွဲ့တွေဟာ နောက်ပိုင်းမှာ ရဲနဲ့စစ်တပ်ကိုဂရုမစိုက်တဲ့ စစ်သွေးကြွ ရာဇဝတ်ဂိုဏ်းတွေဖြစ်သွားကြပြီး ၂၀၂၃ ခုနှစ် ပို့အော ပရင့်စ်မြို့တော် ၉၀%ကျော်ကို ဂိုဏ်းအုပ်စုကြီး ၂ ခု ကထိန်းချုပ်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဟေတီတစ် နိုင်ငံလုံးမှာ ရာဇဝတ်ဂိုဏ်းပေါင်း ၂၀ဝ ခန့်ရှိမှာ ဖြစ်ပြီး ဂိုဏ်းအုပ်စုကြီးနှစ်ခုကလည်း မြို့တော်မှာ ဗိုလ်လုနေကြပါသေးတယ်။

၂၀၂၁ ခုနှစ် သမ္မတ ဂျိုဗန်နိုင် မွိုင်ဆက်စ် လုပ်ကြံခံရပြီးနောက် အသက် ၇၄ နှစ်အရွယ် ဦး နှောက်နှင့် အာရုံကြောခွဲစိတ်ကုဆရာဝန်ကြီး အေရီ ယယ်ဟင်နရီက ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝဖန် ယူခဲ့ပါတယ်။ အဲဒီနောက် သမ္မတ မွိုင်ဆက်စ် လုပ်ကြံသတ်ဖြတ်ဖော်ထုတ်ရေးအစီအစဉ်မှာ ပူးပေါင်းကူညီ ရန်ငြင်းဆိုတဲ့အတွက် ကျူးလွန်ရာမှာ ဟင်နရီကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခြင်းခံရပါတယ်။

“ဘာဘီကျူး” အမည်ရှိ ချာဇီယာနဲ့ ရာဇဝတ်ဂိုဏ်းတွေကို ကမ္ဘာ့ကုလသမဂ္ဂနဲ့ အမေရိကန် တို့က ပိတ်ဆို့အရေးယူမှုတွေ ပြဋ္ဌာန်းထားပါတယ်။ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အရ ကင်ညာဦး ဆောင်တဲ့ အင်အား ၁၀ဝ၀ ကျော်ပါ နိုင်ငံတကာ လုံခြုံရေးနဲ့ ထောက်ပံ့ကူညီရေးတပ်ဖွဲ့ကိုလည်း စေ လွှတ်ခဲ့ပါ တယ်။ ဒါပေမဲ့ အဲဒီအစီအစဉ်ဟာ နှစ်နိုင်ငံ အကြား သဘောတူစာချုပ်မရှိတဲ့အတွက် တရားမ ဝင်ကြောင်း ဟေတီတရားလွှတ်တော်ချုပ်ကဆုံးဖြတ်တဲ့အတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ပြန်လည် ရုပ်သိမ်းသွားရပါတယ်။ အမေရိကန်က ဒေါ်လာသန်း ၁၀ဝ ထောက်ပံ့ခဲ့တဲ့အစီအစဉ်ဟာ ကာလရှည် စီးပွားရေး ချွတ်ခြုံကျနေပြီး လက်နက်ကိုင်ယဉ်ကျေးမှု အမြစ်တွယ်နေတဲ့တိုင်းပြည်မှာ တစ်ခဏလောက် သာ တည်ငြိမ်မှု တည်ဆောက်နိုင်ခဲ့ပါတယ်။

ရာဇဝတ်ဂိုဏ်းများကိုနှိမ်နင်းရေး ထပ်မံအကူအညီတောင်းဖို့ ကင်ညာနိုင်ငံကို ဟင်နရီအ လည်အပတ်သွားရောက်နေခိုက် ဝန်ကြီးချုပ်ကိုဖြုတ်ချပစ်မယ်လို့ ရဲအရာရှိဟောင်းတစ်ဦးဖြစ်သူ ဂျင်မီချာ ဇီယာကပြောဆိုပြီးနောက် မကြာသေးမီရက်များ အတွင်း ပို့အောပရင့်စ်မြို့တော်မှာ ပြင်းထန်တဲ့ သေ နတ်ပစ်ခတ်မှုတွေ တုန်လှုပ်ဖွယ် ဖြစ်ပွားခဲ့ပါတယ်။ အသက် ၄၇ နှစ်အရွယ် ဂျင်မီချာဇီယာဟာ မြို့တော် အခြေစိုက် ရာဇဝတ်ဂိုဏ်းပေါင်း တစ်ဒါဇင်ကျော်တို့ မဟာမိတ်ဖွဲ့ထားတဲ့ ွၤျ၆၉ အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ် ပြီး မြို့တော်ဧရိယာအတွင်း အစုအပုံလိုက် သတ်ဖြတ် တွေမှာ တာဝန်ရှိသူတစ်ဦးအဖြစ် သတ်မှတ်ခံရသူဖြစ် ပါတယ်။ ဟေတီကို ရဲတပ်ဖွဲ့ဝင်အင်အား ၁၀ဝ၀ စေလွှတ်ရန် ဟင်နရီနဲ့ကင်ညာ ခေါင်းဆောင်တို့အကြား သဘောတူစာချုပ် လက်မှတ်ရေးထိုးကြောင်း သတင်းတွေလည်း ထွက်ပေါ်ခဲ့ ပါတယ်။

ပို့အောပရင့်စ်မြို့မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဂိုဏ်းအုပ်စုကြီး ၂ ခုပါဝင်တဲ့ သုံးပွင့်ဆိုင်တိုက်ပွဲဟာ ရက်အတန်ကြာဖြစ်ပွားနေခဲ့ပြီး စနေနေ့ညမှာ လက် နက်ကိုင်အုပ်စုတို့က နိုင်ငံရဲ့ အကြီးဆုံးအကျဉ်း ထောင်ကို စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ အကူအညီ တောင်းခံနေရင်း ရဲတပ်ဖွဲ့ဝင်တွေက ကြံ့ကြံ့ခံနေခဲ့ တယ်လို့ဆိုပေမယ့် တနင်္ဂနွေနေ့ ရိုက်တာသတင်း ထောက် မြင်တွေ့ခဲ့ရတဲ့ ဟေတီအမျိုးသား အကျဉ်း ထောင်မှာတော့ ရဲတပ်ဖွဲ့ဝင်တစ်ဦးတစ်ယောက်ကိုမျှအရိပ်အယောင်မတွေ့ရဘဲ ထောင်မိန်းတံခါးကြီး လည်း ဟင်းလင်းပွင့်နေပါတယ်။

အပြန်အလှန်သေနတ်ပစ်မှုတွေဖြစ်ပွား နေခိုက် အိပ်ပျော်နေသူ အကျဉ်းသားတစ်ဦးဟာ ထောင်အတွင်းမှာကျန်ရှိနေပြီး အချုပ်ခန်းအတား အဆီးတွေ ကျိုးပေါက်ပျက်စီးကုန်ကြောင်း တွေ့ရှိရ ပါတယ်။ အကျဉ်းသားဦးရေ ဘယ်လောက်များများ ထွက်ပြေးခဲ့ကြောင်း မသိရသေးပါဘူး။ ဟေတီအ ကျဉ်းဌာနနဲ့နီးစပ်သူ သတင်းရင်းမြစ်တွေရဲ့အဆိုအရ အများစုအားလုံး ထွက်ပြေးကုန်ကြဖွယ်ရှိပါတယ်။ အ ကျဉ်းသား ၇၀ဝ ဆံ့ရန် ရည်ရွယ်တည်ဆောက်ထားတဲ့ အဲဒီအကျဉ်းထောင်မှာ ယမန်နှစ် ဖေဖော်ဝါရီလ အထိ လူပေါင်း ၃၆၈၇ ဦးကို ထိန်းသိမ်းထားတယ်လို့ ဟေတီအမျိုးသား လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်
စောင့်ရှောက်ရေးအဖွဲ့ RNDDH က ဆိုပါတယ်။

ပစ်ခတ်မှုများကြားမှာ သိမ်းကျုံးအသတ်ခံ ရမှာကိုကြောက်ရွံ့ပြီး အချုပ်ခန်းအတွင်း ဆန္ဒအ လျောက်နေရစ်ခဲ့သူ ၉၉ ဦးရှိတယ်လို့ စေတနာ့ဝန်ထမ်း အကျဉ်းရဲဘက်တစ်ဦးက တနင်္ဂနွေနေ့မှာ ပြော ပြပါတယ်။ အဲဒီအထဲမှာ သမ္မတ ဂျိုဗန်နိုင်မွိုင်ဆက် လုပ်ကြံခံရမှုမှာ ပူးပေါင်းကြံစည်မှုနဲ့ အကျဉ်းချခံထား ရသူ ကိုလံဘီယာနိုင်ငံသား ကြေးစားစစ်သား အတော်များများနဲ့ ဒုစရိုက်သမားတွေ ပါဝင်နေပါ တယ်။ အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်သွား တဲ့သတင်းဟာ ဟေတီတစ်နိုင်ငံလုံးသာမက အိမ်နီး ချင်း ဒိုမီနီကန်သမ္မတနိုင်ငံနဲ့ ကာရေဘီယန် ဒေသ တွင်းနိုင်ငံတွေမှာပါ ထိတ်ထိတ်ပျာပျာဖြစ်ကုန်ကြပြီး လုံခြုံရေးအတွက် အရေးပေါ်ပြင်ဆင်နေကြပါတယ်။

ထွက်ပြေးဖို့ကြိုးပမ်းစဉ်သေဆုံးတဲ့ အကျဉ်းသားသုံးဦးကို ရုပ်အလောင်းတွေအဖြစ် အကျဉ်း ထောင်ဝင်းအတွင်း တနင်္ဂနွေနေ့မှာတွေ့ရှိရပါတယ်။ ဝန်ကြီးချုပ်မရှိချိန် အကြမ်းဖက်မှုတွေတိုးမြင့်လာပြီး ကလေးတွေကိုကျောင်းမလွှတ်ဖို့ ချာဇီယာက ဒေသခံ တွေကိုသတိပေးခဲ့ပါတယ်။ လက်နက်ကိုင်အားလုံး တို့အနေနဲ့ (စစ်အာဏာရှင်)ဟင်နရီအစိုးရကို အတူ ပူးပေါင်းပြီးဖြုတ်ချကြဖို့ ဂိုဏ်းခေါင်းဆောင် ချာဇီယာ ကတိုက်တွန်းထားပါတယ်။ နိုင်ငံရဲ့ အဓိက ကွန်တိန် နာဆိပ်ကမ်းကို မီးတင်ရှို့လိုက်ကြပြီး လမ်းမကြီး တွေ တစ်လျှောက် အတားအဆီးတွေကို မီးရှို့ထားကြပါတယ်။

ယခုရက်တွေအတွင်း လူပေါင်း ၁၅၀ဝ၀ နီးပါးကို အတင်းအဓမ္မ နေအိမ်များမှ ထွက်ခွာခိုင်း ခဲ့တဲ့အတွက် လူသူမရှိ ဗလာဟင်းလင်းဖြစ်သွားရတဲ့ နေရာ ၁၀ နေရာရှိတယ်လို့ ကုလသမဂ္ဂ ရွှေ့ပြောင်းနေ ထိုင်သူများဆိုင်ရာ အဖွဲ့ (IOM) က ပြောပါတယ်။ ကြံခင်းများကို မီးရှို့ဖျက်ဆီးခြင်းအားဖြင့် ဟေတီ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခမှာ ရမ်အရက်ချက် လုပ်ငန်းဟာ နောက်ဆုံးသားကောင် ဖြစ်လာတယ်လို့ ဒေသတွင်း မီဒီယာတွေက ရေးသားကြပါတယ်။

နိုင်ငံရဲ့ နောက်ဆုံးသမ္မတဖြစ်သူ လုပ်ကြံခံ ရပြီး ၂၀၂၁ ခုနှစ်မှာ အာဏာရရှိလာခဲ့တဲ့ ဝန်ကြီးချုပ် ဟင်နရီဟာ အစောဆုံး ဖေဖော်ဝါရီမှာ ရာထူးမှနုတ် ထွက်ပေးပါ့မယ်လို့ ကတိပြုခဲ့ဖူးပါတယ်။ ဒါပေမဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ် လာစေဖို့အတွက် ပထမဦးဆုံး လုံခြုံရေးတည်ငြိမ်ရေး ကို ပြန်လည်ထူထောင်ရမယ်လို့ ဆိုပါတယ်။

zawgyi version
ႏိုင္ငံေရး ခါးပိုက္ေဆာင္ တပ္ တစ္ျဖစ္လဲ ဥပေဒမဲ့ ရာဇဝတ္ဂိုဏ္းမ်ားက ၿမိဳ႕ေတာ္၏ ၉၀ ရာႏႈန္းကို စိုးမိုးထားသည့္ တိုင္းျပည္ (ဆောင်းပါး)
Htay Oung (NP News) - မတ္ ၆

ေဟတီႏိုင္ငံမွာ နာမည္ႀကီး ရာဇဝတ္ ဂိုဏ္းေခါင္းေဆာင္တစ္ဦးက ဝန္ႀကီးခ်ဳပ္ ေအရီရယ္ ဟင္နရီကိုျဖဳတ္ခ်မယ္လို႔ႀကဳံးဝါးေနခိုက္ အက်ဥ္း ေထာင္ ၂ ခုမွာ ေဖာက္ထြင္းမႈျဖစ္ေပၚၿပီး အက်ဥ္း သား ၄၀ဝ၀ ေက်ာ္ ထြက္ေျပးလြတ္ေျမာက္သြားပါတယ္။ အဲဒီေနာက္ ျပင္းထန္တဲ့အၾကမ္းဖက္မႈေတြ ဆက္တိုက္ျဖစ္ပြားၿပီး ဆက္သြယ္ေရးစနစ္ေတြပ်က္ စီးကုန္ပါတယ္။ ဒီအတြက္ ေဟတီမွာ ႏိုင္ငံေတာ္အ ေရးေပၚအေျခအေနေၾကညာလိုက္တယ္လို႔ ေဖာက္စ္ နယူးစ္သတင္းေအဂ်င္စီက ယမန္ေန႔ကေရးသားပါ တယ္။

တရားဥပေဒစိုးမိုးေရး ျပန္လည္တည္ ေဆာက္ဖို႔အတြက္ ႏိုင္ငံအေနာက္ပိုင္းေဒသေတြမွာ ၇၂ နာရီၾကာသတ္မွတ္ခ်ိန္အတြင္း အျပင္မထြက္ရ အမိန႔္ကို ျပ႒ာန္းလိုက္တယ္လို႔ ေဟတီအစိုးရရဲ႕သ တင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တနလၤာေန႔မွ ဗုဒၶဟူးေန႔အထိ ညေန ၆ နာရီမွ မနက္ ၅ နာရီအတြင္း အျပင္မထြက္ရအမိန႔္ကို တနဂၤေႏြေန႔မွာ ထုတ္ျပန္လိုက္ျခင္းျဖစ္ပါတယ္။ တ ရားဥပေဒစိုးမိုးေရးအဖြဲ႕ဝင္ေတြ၊ မီးသတ္သမားေတြ၊ လူနာတင္ယာဥ္ေမာင္းေတြ၊ က်န္းမာေရးဝန္ထမ္း ေတြနဲ႔ တရားဝင္သတင္းေထာက္ေတြအေနနဲ႔က ေတာ့ ညမထြက္ရအမိန႔္ကို လိုက္နာဖို႔မလိုအပ္ဘူး လို႔ဆိုပါတယ္။
ႏိုင္ငံရဲ႕အႀကီးဆုံးအက်ဥ္းေထာင္တစ္ခု အပါအဝင္ အက်ဥ္းေထာင္ႏွစ္ခုမွာ ေထာင္ေဖာက္ မႈေတြျဖစ္ပြားၿပီးေနာက္ တနဂၤေႏြေန႔တစ္ေန႔လုံး ပို႔ ေအာပရင့္စ္ၿမိဳ႕မွာ မယုံႏိုင္ေလာက္ေအာင္ အၾကမ္း ဖက္မႈေတြ သိသိသာသာ ျမင့္တက္လာခဲ့ပါတယ္။ ၿမိဳ႕ေတာ္ေနရာအႏွံ႔အျပားမွာ တယ္လီဖုန္းလိုင္းေတြ ျပတ္ေတာက္ကုန္ၿပီး ဆက္သြယ္သြားလာမႈေတြ တုံ႔ဆိုင္းသြားတဲ့အတြက္ ခုလို အေရးေပၚအမိန႔္ကို ထုတ္ျပန္လိုက္ရေၾကာင္း သိရွိရပါတယ္။
ေဟတီဟာ ေတာင္နဲ႔ေျမာက္အေမရိကန္ တိုက္ႏွစ္ခုအၾကား ကာေရဘီယန္ပင္လယ္ ဂရိတ္ တား အင္တီလက္ဇ္ကြၽန္းရဲ႕ အေနာက္ျခမ္းမွာတည္ရွိၿပီး အေရွ႕ျခမ္းဟာ ဒိုမီနီကန္သမၼတႏိုင္ငံျဖစ္ပါတယ္။ ျပင္သစ္ဘာသာစကားေျပာ လူဦးေရ ၁၁ သန္းရွိတဲ့ အတြက္ ကာေရဗီယန္ေဒသမွာ လူေနအမ်ားဆုံး တိုင္းျပည္လို႔ ဆိုႏိုင္ပါတယ္။ အတိတ္ကာလ စပိန္ကို လိုနီျဖစ္ခဲ့ဖူးေပမယ့္ ၁၈ ရာစု ျပင္သစ္တို႔လက္ထက္ ႀကံစိုက္ပ်ိဳးဖို႔အတြက္ အာဖရိကလူမည္းေတြကို ကြၽန္ အျဖစ္ အမ်ားအျပားေခၚသြင္းခဲ့ရာမွ လူျဖဴေတြ၊ မူလ ေတာင္အေမရိကႏြယ္ဖြားဌာေန တိုင္းရင္းသားေတြ ထက္ လူမည္းဦးေရက ၁၀ ဆေက်ာ္ ပိုမိုမ်ားျပားသြား ခဲ့ပါတယ္။

ေဟတီဟာ ပါလီမန္ဒီမိုကေရစီတိုင္းျပည္ ျဖစ္ေပမယ့္ ျပန္ေပးဆြဲျခင္း၊ ရာဇဝတ္မႈခင္း ထူေျပာ ျခင္း၊ ရပ္႐ြာမၿငိမ္သက္မႈမ်ားအျပင္ က်န္းမာေရး ေစာင့္ေရွာက္မႈညံ့ဖ်င္းတဲ့အတြက္ ႏိုင္ငံကို အမ်ားဆုံး အကူအညီေပးေနတဲ့ အေမရိကန္ကိုယ္တိုင္ပင္လွ်င္ မျဖစ္မေနကိစၥရပ္မွတစ္ပါး မလိုအပ္ဘဲ ခရီးမသြား သင့္တဲ့ တိုင္းျပည္စာရင္းသြင္းခံထားရပါတယ္။ မၾကာခဏ မုန္တိုင္းဒဏ္သင့္ျခင္း၊ ေရႀကီးျခင္း၊ မိုးေခါင္ ျခင္းတို႔ဟာ တစ္လွည့္စီၿခိမ္းေျခာက္ေနၿပီး ကာေရဘီ ယန္ေဒသအတြင္း အဆင္းရဲဆုံးႏိုင္ငံျဖစ္ေနရပါတယ္။

ေဟတီရဲ႕ လက္နက္ကိုင္အၾကမ္းဖက္ ယဥ္ေက်းမႈဟာ ၁၉၅၀ ျပည့္လြန္ႏွစ္မ်ားအတြင္း ေဟ တီအာဏာရွင္ ဖန္ဆြာဒူဗယ္လီေယလက္ထက္ အတိုက္အခံမ်ားကိုႏွိမ္နင္းဖို႔ ႏိုင္ငံဝန္ထမ္းမဟုတ္သူ မ်ားကို ခါးပိုက္ေဆာင္တပ္အျဖစ္ ဖြဲ႕စည္းရာမွ စတင္ခဲ့ပါတယ္။ ေနာက္ပိုင္း ဩဇာႀကီးထြားလာသူတို႔က လက္နက္ျဖဳတ္သိမ္းမခံဘဲ လက္ယာစြန္း ကာကြယ္ ေရးအဖြဲ႕မ်ားအျဖစ္ ဆက္လက္ရွင္သန္ေနခဲ့ပါတယ္။ ႏိုင္ငံေရးသမားအသီးသီးတို႔ကလည္း မိမိတို႔အက်ိဳး စီးပြားကိုကာကြယ္ရန္၊ ေ႐ြးေကာက္ပြဲမ်ားကို ျခယ္ လွယ္ရန္နဲ႔ လူထုမၿငိမ္သက္မႈမ်ားကိုႏွိမ္နင္းရန္ အေၾကာင္းျပၿပီး လက္နက္ကိုင္အဖြဲ႕မ်ားကို ဆက္လက္ အသုံးျပဳေနခဲ့ပါတယ္။ အဲဒီအဖြဲ႕ေတြဟာ ေနာက္ပိုင္းမွာ ရဲနဲ႔စစ္တပ္ကိုဂ႐ုမစိုက္တဲ့ စစ္ေသြးႂကြ ရာဇဝတ္ဂိုဏ္းေတြျဖစ္သြားၾကၿပီး ၂၀၂၃ ခုႏွစ္ ပို႔ေအာ ပရင့္စ္ၿမိဳ႕ေတာ္ ၉၀%ေက်ာ္ကို ဂိုဏ္းအုပ္စုႀကီး ၂ ခု ကထိန္းခ်ဳပ္တဲ့အထိ ျဖစ္လာခဲ့ပါတယ္။ ေဟတီတစ္ ႏိုင္ငံလုံးမွာ ရာဇဝတ္ဂိုဏ္းေပါင္း ၂၀ဝ ခန႔္ရွိမွာ ျဖစ္ၿပီး ဂိုဏ္းအုပ္စုႀကီးႏွစ္ခုကလည္း ၿမိဳ႕ေတာ္မွာ ဗိုလ္လုေနၾကပါေသးတယ္။

၂၀၂၁ ခုႏွစ္ သမၼတ ဂ်ိဳဗန္ႏိုင္ မြိဳင္ဆက္စ္ လုပ္ႀကံခံရၿပီးေနာက္ အသက္ ၇၄ ႏွစ္အ႐ြယ္ ဦး ေႏွာက္ႏွင့္ အာ႐ုံေၾကာခြဲစိတ္ကုဆရာဝန္ႀကီး ေအရီ ယယ္ဟင္နရီက ေခတၱဝန္ႀကီးခ်ဳပ္အျဖစ္ တာဝဖန္ ယူခဲ့ပါတယ္။ အဲဒီေနာက္ သမၼတ မြိဳင္ဆက္စ္ လုပ္ႀကံသတ္ျဖတ္ေဖာ္ထုတ္ေရးအစီအစဥ္မွာ ပူးေပါင္းကူညီ ရန္ျငင္းဆိုတဲ့အတြက္ က်ဴးလြန္ရာမွာ ဟင္နရီကိုယ္တိုင္ ပါဝင္ပတ္သက္ေနတယ္လို႔ စြပ္စြဲျခင္းခံရပါတယ္။

“ဘာဘီက်ဴး” အမည္ရွိ ခ်ာဇီယာနဲ႔ ရာဇဝတ္ဂိုဏ္းေတြကို ကမာၻ႔ကုလသမဂၢနဲ႔ အေမရိကန္ တို႔က ပိတ္ဆို႔အေရးယူမႈေတြ ျပ႒ာန္းထားပါတယ္။ လုံၿခဳံေရးေကာင္စီဆုံးျဖတ္ခ်က္အရ ကင္ညာဦး ေဆာင္တဲ့ အင္အား ၁၀ဝ၀ ေက်ာ္ပါ ႏိုင္ငံတကာ လုံၿခဳံေရးနဲ႔ ေထာက္ပံ့ကူညီေရးတပ္ဖြဲ႕ကိုလည္း ေစ လႊတ္ခဲ့ပါ တယ္။ ဒါေပမဲ့ အဲဒီအစီအစဥ္ဟာ ႏွစ္ႏိုင္ငံ အၾကား သေဘာတူစာခ်ဳပ္မရွိတဲ့အတြက္ တရားမ ဝင္ေၾကာင္း ေဟတီတရားလႊတ္ေတာ္ခ်ဳပ္ကဆုံးျဖတ္တဲ့အတြက္ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလမွာ ျပန္လည္ ႐ုပ္သိမ္းသြားရပါတယ္။ အေမရိကန္က ေဒၚလာသန္း ၁၀ဝ ေထာက္ပံ့ခဲ့တဲ့အစီအစဥ္ဟာ ကာလရွည္ စီးပြားေရး ခြၽတ္ၿခဳံက်ေနၿပီး လက္နက္ကိုင္ယဥ္ေက်းမႈ အျမစ္တြယ္ေနတဲ့တိုင္းျပည္မွာ တစ္ခဏေလာက္ သာ တည္ၿငိမ္မႈ တည္ေဆာက္ႏိုင္ခဲ့ပါတယ္။

ရာဇဝတ္ဂိုဏ္းမ်ားကိုႏွိမ္နင္းေရး ထပ္မံအကူအညီေတာင္းဖို႔ ကင္ညာႏိုင္ငံကို ဟင္နရီအ လည္အပတ္သြားေရာက္ေနခိုက္ ဝန္ႀကီးခ်ဳပ္ကိုျဖဳတ္ခ်ပစ္မယ္လို႔ ရဲအရာရွိေဟာင္းတစ္ဦးျဖစ္သူ ဂ်င္မီခ်ာ ဇီယာကေျပာဆိုၿပီးေနာက္ မၾကာေသးမီရက္မ်ား အတြင္း ပို႔ေအာပရင့္စ္ၿမိဳ႕ေတာ္မွာ ျပင္းထန္တဲ့ ေသ နတ္ပစ္ခတ္မႈေတြ တုန္လႈပ္ဖြယ္ ျဖစ္ပြားခဲ့ပါတယ္။ အသက္ ၄၇ ႏွစ္အ႐ြယ္ ဂ်င္မီခ်ာဇီယာဟာ ၿမိဳ႕ေတာ္ အေျခစိုက္ ရာဇဝတ္ဂိုဏ္းေပါင္း တစ္ဒါဇင္ေက်ာ္တို႔ မဟာမိတ္ဖြဲ႕ထားတဲ့ ြၤ်၆၉ အဖြဲ႕ရဲ႕ ေခါင္းေဆာင္ျဖစ္ ၿပီး ၿမိဳ႕ေတာ္ဧရိယာအတြင္း အစုအပုံလိုက္ သတ္ျဖတ္ ေတြမွာ တာဝန္ရွိသူတစ္ဦးအျဖစ္ သတ္မွတ္ခံရသူျဖစ္ ပါတယ္။ ေဟတီကို ရဲတပ္ဖြဲ႕ဝင္အင္အား ၁၀ဝ၀ ေစလႊတ္ရန္ ဟင္နရီနဲ႔ကင္ညာ ေခါင္းေဆာင္တို႔အၾကား သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးေၾကာင္း သတင္းေတြလည္း ထြက္ေပၚခဲ့ ပါတယ္။

ပို႔ေအာပရင့္စ္ၿမိဳ႕မွာ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ ဂိုဏ္းအုပ္စုႀကီး ၂ ခုပါဝင္တဲ့ သုံးပြင့္ဆိုင္တိုက္ပြဲဟာ ရက္အတန္ၾကာျဖစ္ပြားေနခဲ့ၿပီး စေနေန႔ညမွာ လက္ နက္ကိုင္အုပ္စုတို႔က ႏိုင္ငံရဲ႕ အႀကီးဆုံးအက်ဥ္း ေထာင္ကို စီးနင္းတိုက္ခိုက္ခဲ့ပါတယ္။ အကူအညီ ေတာင္းခံေနရင္း ရဲတပ္ဖြဲ႕ဝင္ေတြက ႀကံ့ႀကံ့ခံေနခဲ့ တယ္လို႔ဆိုေပမယ့္ တနဂၤေႏြေန႔ ႐ိုက္တာသတင္း ေထာက္ ျမင္ေတြ႕ခဲ့ရတဲ့ ေဟတီအမ်ိဳးသား အက်ဥ္း ေထာင္မွာေတာ့ ရဲတပ္ဖြဲ႕ဝင္တစ္ဦးတစ္ေယာက္ကိုမွ်အရိပ္အေယာင္မေတြ႕ရဘဲ ေထာင္မိန္းတံခါးႀကီး လည္း ဟင္းလင္းပြင့္ေနပါတယ္။

အျပန္အလွန္ေသနတ္ပစ္မႈေတြျဖစ္ပြား ေနခိုက္ အိပ္ေပ်ာ္ေနသူ အက်ဥ္းသားတစ္ဦးဟာ ေထာင္အတြင္းမွာက်န္ရွိေနၿပီး အခ်ဳပ္ခန္းအတား အဆီးေတြ က်ိဳးေပါက္ပ်က္စီးကုန္ေၾကာင္း ေတြ႕ရွိရ ပါတယ္။ အက်ဥ္းသားဦးေရ ဘယ္ေလာက္မ်ားမ်ား ထြက္ေျပးခဲ့ေၾကာင္း မသိရေသးပါဘူး။ ေဟတီအ က်ဥ္းဌာနနဲ႔နီးစပ္သူ သတင္းရင္းျမစ္ေတြရဲ႕အဆိုအရ အမ်ားစုအားလုံး ထြက္ေျပးကုန္ၾကဖြယ္ရွိပါတယ္။ အ က်ဥ္းသား ၇၀ဝ ဆံ့ရန္ ရည္႐ြယ္တည္ေဆာက္ထားတဲ့ အဲဒီအက်ဥ္းေထာင္မွာ ယမန္ႏွစ္ ေဖေဖာ္ဝါရီလ အထိ လူေပါင္း ၃၆၈၇ ဦးကို ထိန္းသိမ္းထားတယ္လို႔ ေဟတီအမ်ိဳးသား လူ႔အခြင့္အေရးဆိုင္ရာ ကာကြယ္
ေစာင့္ေရွာက္ေရးအဖြဲ႕ RNDDH က ဆိုပါတယ္။

ပစ္ခတ္မႈမ်ားၾကားမွာ သိမ္းက်ဳံးအသတ္ခံ ရမွာကိုေၾကာက္႐ြံ႕ၿပီး အခ်ဳပ္ခန္းအတြင္း ဆႏၵအ ေလ်ာက္ေနရစ္ခဲ့သူ ၉၉ ဦးရွိတယ္လို႔ ေစတနာ့ဝန္ထမ္း အက်ဥ္းရဲဘက္တစ္ဦးက တနဂၤေႏြေန႔မွာ ေျပာ ျပပါတယ္။ အဲဒီအထဲမွာ သမၼတ ဂ်ိဳဗန္ႏိုင္မြိဳင္ဆက္ လုပ္ႀကံခံရမႈမွာ ပူးေပါင္းႀကံစည္မႈနဲ႔ အက်ဥ္းခ်ခံထား ရသူ ကိုလံဘီယာႏိုင္ငံသား ေၾကးစားစစ္သား အေတာ္မ်ားမ်ားနဲ႔ ဒုစ႐ိုက္သမားေတြ ပါဝင္ေနပါ တယ္။ အက်ဥ္းသားေတြ ထြက္ေျပးလြတ္ေျမာက္သြား တဲ့သတင္းဟာ ေဟတီတစ္ႏိုင္ငံလုံးသာမက အိမ္နီး ခ်င္း ဒိုမီနီကန္သမၼတႏိုင္ငံနဲ႔ ကာေရဘီယန္ ေဒသ တြင္းႏိုင္ငံေတြမွာပါ ထိတ္ထိတ္ပ်ာပ်ာျဖစ္ကုန္ၾကၿပီး လုံၿခဳံေရးအတြက္ အေရးေပၚျပင္ဆင္ေနၾကပါတယ္။

ထြက္ေျပးဖို႔ႀကိဳးပမ္းစဥ္ေသဆုံးတဲ့ အက်ဥ္းသားသုံးဦးကို ႐ုပ္အေလာင္းေတြအျဖစ္ အက်ဥ္း ေထာင္ဝင္းအတြင္း တနဂၤေႏြေန႔မွာေတြ႕ရွိရပါတယ္။ ဝန္ႀကီးခ်ဳပ္မရွိခ်ိန္ အၾကမ္းဖက္မႈေတြတိုးျမင့္လာၿပီး ကေလးေတြကိုေက်ာင္းမလႊတ္ဖို႔ ခ်ာဇီယာက ေဒသခံ ေတြကိုသတိေပးခဲ့ပါတယ္။ လက္နက္ကိုင္အားလုံး တို႔အေနနဲ႔ (စစ္အာဏာရွင္)ဟင္နရီအစိုးရကို အတူ ပူးေပါင္းၿပီးျဖဳတ္ခ်ၾကဖို႔ ဂိုဏ္းေခါင္းေဆာင္ ခ်ာဇီယာ ကတိုက္တြန္းထားပါတယ္။ ႏိုင္ငံရဲ႕ အဓိက ကြန္တိန္ နာဆိပ္ကမ္းကို မီးတင္ရႈိ႕လိုက္ၾကၿပီး လမ္းမႀကီး ေတြ တစ္ေလွ်ာက္ အတားအဆီးေတြကို မီးရႈိ႕ထားၾကပါတယ္။

ယခုရက္ေတြအတြင္း လူေပါင္း ၁၅၀ဝ၀ နီးပါးကို အတင္းအဓမၼ ေနအိမ္မ်ားမွ ထြက္ခြာခိုင္း ခဲ့တဲ့အတြက္ လူသူမရွိ ဗလာဟင္းလင္းျဖစ္သြားရတဲ့ ေနရာ ၁၀ ေနရာရွိတယ္လို႔ ကုလသမဂၢ ေ႐ႊ႕ေျပာင္းေန ထိုင္သူမ်ားဆိုင္ရာ အဖြဲ႕ (IOM) က ေျပာပါတယ္။ ႀကံခင္းမ်ားကို မီးရႈိ႕ဖ်က္ဆီးျခင္းအားျဖင့္ ေဟတီ ျပည္တြင္း လက္နက္ကိုင္ပဋိပကၡမွာ ရမ္အရက္ခ်က္ လုပ္ငန္းဟာ ေနာက္ဆုံးသားေကာင္ ျဖစ္လာတယ္လို႔ ေဒသတြင္း မီဒီယာေတြက ေရးသားၾကပါတယ္။

ႏိုင္ငံရဲ႕ ေနာက္ဆုံးသမၼတျဖစ္သူ လုပ္ႀကံခံ ရၿပီး ၂၀၂၁ ခုႏွစ္မွာ အာဏာရရွိလာခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ ဟင္နရီဟာ အေစာဆုံး ေဖေဖာ္ဝါရီမွာ ရာထူးမွႏုတ္ ထြက္ေပးပါ့မယ္လို႔ ကတိျပဳခဲ့ဖူးပါတယ္။ ဒါေပမဲ့ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲေတြျဖစ္ လာေစဖို႔အတြက္ ပထမဦးဆုံး လုံၿခဳံေရးတည္ၿငိမ္ေရး ကို ျပန္လည္ထူေထာင္ရမယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.