မန္တလေးပြည့်သူ့ဆေးရုံကြီးတွင် ဦးခေါင်း(၂)လုံး၊ ခန္ဓာကိုယ်တစ်ခုဖြင့် ကလေးငယ်မွေးဖွားခဲ့ပြီး မိဘများအကူအညီလိုအပ်နေ

25350
သန့်ဇင် (NP News) - မတ် ၉
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဦးခေါင်း(၂)လုံး၊ ခန္ဓာကိုယ်တစ်ခုဖြင့် ကလေးငယ်မွေးဖွားခဲ့ပြီး မိဘများသည် ငွေကြေးချို့တဲ့ ခြင်းကြောင့် အကူအညီများလိုအပ်နေကြောင်း NP News က ကာယကံရှင်များထံ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။

ခန္ဓာကိုယ်တစ်ခုတည်းပေါ်တွင် ဦးခေါင်း(၂)လုံးပါလာသော ကလေးငယ်ကို မတ်လ ၇ရက်၊ နေ့လည်ပိုင်းအချိန်တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကလေးတွေက လက်ရှိအခြေအနေတော့ ကျန်းမာရေးကောင်းပါတယ်။ အခုတော့ မိခင်နဲ့တွေ့လို့မရသေးပါဘူး။ မိခင်ကခွဲစိတ်ပြီး မွေးထားရတဲ့အတွက် တွေ့လို့မရသေးပါဘူး။ ကလေးတွေရဲ့အခြေအနေ စိုးရိမ်ရသလားနဲ့ပတ်သက်ပြီးတော့ ဆရာဝန်တွေက ပြောပြထားတာတော့မရှိပါဘူး။ ကလေးတွေက လက်ရှိတော့ ဓာတ်ကင်တဲ့အခန်းထဲမှာပဲရှိတုန်းပါပဲ” ဟု ကလေးငယ်၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးက NP News ကို ပြောသည်။
အဆိုပါကလေးငယ်ကို မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ လဲလူကျေးရွာအုပ်စု၊ တမာပင်ကျေးရွာတွင်နေထိုင်သည့် အသက်(၃၅)နှစ် အရွယ် မတင်မာမှ မွေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မိခင်နှင့်ကလေးပါ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။
အဆိုပါကလေးငယ်၏ မိဘ(၂)ပါးသည် ငွေကြေးချို့တဲ့သူများဖြစ်သဖြင့် မွေးဖွားစရိတ်အပြင် စားဝတ်နေရေးအခက်ခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
“ကျွန်တော်တို့မှာက အခက်အခဲတွေကြုံနေရပါတယ်။ ခရီးကဝေးတော့ စားဝတ်နေရေးအခက်အခဲများစွာကတော့ အဓိကကြုံနေရတာပါ” ဟု ၎င်းကပြောသည်။
အခက်အခဲကြုံနေရသည့် ကလေးငယ်၏မိသားစုကို လှူဒါန်းလိုသူများအနေဖြင့် ဖခင်ဖြစ်သူ ကိုင်ဆောင်သော ဖုန်းနံပါတ်ဖြစ်သည့် ၀၉၄၂၄၃၈၈၅၇၂ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

zawgyi version
မႏၲေလးျပည့္သူ႔ေဆး႐ုံႀကီးတြင္ ဦးေခါင္း(၂)လုံး၊ ခႏၶာကိုယ္တစ္ခုျဖင့္ ကေလးငယ္ေမြးဖြားခဲ့ၿပီး မိဘမ်ားအကူအညီလိုအပ္ေန
သန႔္ဇင္ (NP News) - မတ္ ၉
မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးတြင္ ဦးေခါင္း(၂)လုံး၊ ခႏၶာကိုယ္တစ္ခုျဖင့္ ကေလးငယ္ေမြးဖြားခဲ့ၿပီး မိဘမ်ားသည္ ေငြေၾကးခ်ိဳ႕တဲ့ ျခင္းေၾကာင့္ အကူအညီမ်ားလိုအပ္ေနေၾကာင္း NP News က ကာယကံရွင္မ်ားထံ ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
ခႏၶာကိုယ္တစ္ခုတည္းေပၚတြင္ ဦးေခါင္း(၂)လုံးပါလာေသာ ကေလးငယ္ကို မတ္လ ၇ရက္၊ ေန႔လည္ပိုင္းအခ်ိန္တြင္ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီး၌ ေမြးဖြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကေလးေတြက လက္ရွိအေျခအေနေတာ့ က်န္းမာေရးေကာင္းပါတယ္။ အခုေတာ့ မိခင္နဲ႔ေတြ႕လို႔မရေသးပါဘူး။ မိခင္ကခြဲစိတ္ၿပီး ေမြးထားရတဲ့အတြက္ ေတြ႕လို႔မရေသးပါဘူး။ ကေလးေတြရဲ႕အေျခအေန စိုးရိမ္ရသလားနဲ႔ပတ္သက္ၿပီးေတာ့ ဆရာဝန္ေတြက ေျပာျပထားတာေတာ့မရွိပါဘူး။ ကေလးေတြက လက္ရွိေတာ့ ဓာတ္ကင္တဲ့အခန္းထဲမွာပဲရွိတုန္းပါပဲ” ဟု ကေလးငယ္၏ မိသားစုႏွင့္ နီးစပ္သူ တစ္ဦးက NP News ကို ေျပာသည္။
အဆိုပါကေလးငယ္ကို မေကြးတိုင္းေဒသႀကီး၊ ၿမိဳ႕သစ္ၿမိဳ႕နယ္၊ လဲလူေက်း႐ြာအုပ္စု၊ တမာပင္ေက်း႐ြာတြင္ေနထိုင္သည့္ အသက္(၃၅)ႏွစ္ အ႐ြယ္ မတင္မာမွ ေမြးခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ မိခင္ႏွင့္ကေလးပါ က်န္းမာေရးေကာင္းမြန္လ်က္ရွိေၾကာင္း သိရသည္။
အဆိုပါကေလးငယ္၏ မိဘ(၂)ပါးသည္ ေငြေၾကးခ်ိဳ႕တဲ့သူမ်ားျဖစ္သျဖင့္ ေမြးဖြားစရိတ္အျပင္ စားဝတ္ေနေရးအခက္ခဲမ်ား ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔မွာက အခက္အခဲေတြႀကဳံေနရပါတယ္။ ခရီးကေဝးေတာ့ စားဝတ္ေနေရးအခက္အခဲမ်ားစြာကေတာ့ အဓိကႀကဳံေနရတာပါ” ဟု ၎ကေျပာသည္။
အခက္အခဲႀကဳံေနရသည့္ ကေလးငယ္၏မိသားစုကို လႉဒါန္းလိုသူမ်ားအေနျဖင့္ ဖခင္ျဖစ္သူ ကိုင္ေဆာင္ေသာ ဖုန္းနံပါတ္ျဖစ္သည့္ ၀၉၄၂၄၃၈၈၅၇၂ သို႔ ဆက္သြယ္လႉဒါန္းႏိုင္ေၾကာင္း သိရသည္။