ဆီးရီးယားအသင်းကို ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်အသင်းက ပဏာမ ကစားသမားစာရင်း ထုတ်ပြန်

 1028

သန့်ဇင်(NP News)-မတ် ၁၀

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွင် အင်တာမီလန်နည်းပြဖြစ်ခဲ့ဖူးသော ဟတ်တာကူးဦးဆောင်သည့် ဆီးရီးယား အသင်းကို ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်အသင်း၏ ပဏာမကစားသမားစာရင်းကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယမန်နေ့ (မတ်လ ၉ ရက်) တွင် အထက်ပါကဲ့သို့ ထု တ်ပြန်ကြေငြာလိုက်ခြင်းဖြစ် ကြောင်း သိရသည်။

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည့် လာမည့် မတ်လ ၂၁ ရက်တွင် ဆီးရီးယားအသင်းကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် လက်ခံယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရ သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ယှဉ်ပြိုင်ရမည့် ဆီးရီးယားအသင်းသည် ကျင်းပပြီးစီးခဲ့သည့် အာရှဖလား ၂၀၂၃ ပြိုင်ပွဲတွင် ၁၆ သင်း ရှုံးထွက်အဆင့်သို့တက်ရောက်နိုင်ခဲ့သည့် အသင်းကောင်းတစ်သင်းဖြစ်ပြီး လက်ရှိတွင် ဖီဖာ ကမ္ဘာ့အဆင့် ၈၉ တွင်ရှိနေသောအသင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆီးရီးယားအသင်းနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေသော ဟက်တာကူးပါးသည် ဥရောပထိပ်တန်း ကလပ် အင်တာမီလန်အပြင် ပါးမား၊ မာလော့ကာ၊ ဘက်တစ်၊ အီဂျစ် အသင်းများအား ကိုင်တွယ်ခဲ့သည့် ဝါရင့် နည်းပြတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

ဆီးရီးယားအသင်းအား ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် မိုက်ကယ် ဖိုင်တန်းဘိုင်နာ ကလည်း ပြည်တွင်းကလပ် အသင်းများမှ ကစားသမား ၂၂ ဦး၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘူတန်လိဂ်များမှ ကစားသမား ၁၃ ဦး စုစုပေါင်း ၃၅ ဦးကို ထုတ်ပြန်လာခဲ့ပြီး လာမည့်မတ်လ ၁၁ ရက်တွင် စတင် စခန်းဝင်လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ ပဏာမကစားသမား ၃၅ ဦးစာရင်းတွင် တိုက်စစ်မှူးများအဖြစ် ကျော်ကိုကို၊ အောင်သူ၊ သန်းပိုင်၊ အောင်ကောင်းမာန်၊ ဝင်းနိုင်ထွန်း နှင့် အောင်ကျော်နိုင်တို့ ပါဝင်လျက်ရှိပြီး ပရိသတ်များရှေ့မှာ နှစ်အတန်အကြာပျောက်ကွယ်နေခဲ့သည့် တိုက်စစ်မှူးကျော်ကိုကို ကို မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့်အတူ ပြန်လည်မြင်တွေ့ရဖွယ်ရှိနေသည်။

Zawgyi Version;
ဆီးရီးယားအသင္းကို ယွဥ္ၿပိဳင္ရန္ ျမန္မာ့လက္ေ႐ြးစင္အသင္းက ပဏာမ ကစားသမားစာရင္း ထုတ္ျပန္
သန႔္ဇင္(NP News)-မတ္ ၁၀

၂၀၂၆ ကမာၻ႔ဖလားေျခစစ္ပြဲအတြင္ အင္တာမီလန္နည္းျပျဖစ္ခဲ့ဖူးေသာ ဟတ္တာကူးဦးေဆာင္သည့္ ဆီးရီးယား အသင္းကို ယွဥ္ၿပိဳင္ရန္ ျမန္မာ့လက္ေ႐ြးစင္အသင္း၏ ပဏာမကစားသမားစာရင္းကို ျမန္မာႏိုင္ငံေဘာလုံး အဖြဲ႕ခ်ဳပ္က ထုတ္ျပန္လိုက္သည္။

ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္က ယမန္ေန႔ (မတ္လ ၉ ရက္) တြင္ အထက္ပါကဲ့သို႔ ထု တ္ျပန္ေၾကျငာလိုက္ျခင္းျဖစ္ ေၾကာင္း သိရသည္။

၂၀၂၆ ကမာၻ႔ဖလားေျခစစ္ပြဲ ဒုတိယအဆင့္ ပြဲစဥ္အျဖစ္ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းသည့္ လာမည့္ မတ္လ ၂၁ ရက္တြင္ ဆီးရီးယားအသင္းကို ရန္ကုန္ၿမိဳ႕ရွိ သုဝဏၰကြင္းတြင္ လက္ခံယွဥ္ၿပိဳင္ကစားရမည္ျဖစ္ေၾကာင္း သိရ သည္။

ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္း ယွဥ္ၿပိဳင္ရမည့္ ဆီးရီးယားအသင္းသည္ က်င္းပၿပီးစီးခဲ့သည့္ အာရွဖလား ၂၀၂၃ ၿပိဳင္ပြဲတြင္ ၁၆ သင္း ရႈံးထြက္အဆင့္သို႔တက္ေရာက္ႏိုင္ခဲ့သည့္ အသင္းေကာင္းတစ္သင္းျဖစ္ၿပီး လက္ရွိတြင္ ဖီဖာ ကမာၻ႔အဆင့္ ၈၉ တြင္ရွိေနေသာအသင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ဆီးရီးယားအသင္းနည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္ေနေသာ ဟက္တာကူးပါးသည္ ဥေရာပထိပ္တန္း ကလပ္ အင္တာမီလန္အျပင္ ပါးမား၊ မာေလာ့ကာ၊ ဘက္တစ္၊ အီဂ်စ္ အသင္းမ်ားအား ကိုင္တြယ္ခဲ့သည့္ ဝါရင့္ နည္းျပတစ္ဦးလည္းျဖစ္ေၾကာင္း သိရသည္။

ဆီးရီးယားအသင္းအား ယွဥ္ၿပိဳင္ရန္ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းနည္းျပခ်ဳပ္ မိုက္ကယ္ ဖိုင္တန္းဘိုင္နာ ကလည္း ျပည္တြင္းကလပ္ အသင္းမ်ားမွ ကစားသမား ၂၂ ဦး၊ ထိုင္း၊ ကေမာၻဒီးယား၊ မေလးရွား၊ အင္ဒိုနီးရွား၊ ဘူတန္လိဂ္မ်ားမွ ကစားသမား ၁၃ ဦး စုစုေပါင္း ၃၅ ဦးကို ထုတ္ျပန္လာခဲ့ၿပီး လာမည့္မတ္လ ၁၁ ရက္တြင္ စတင္ စခန္းဝင္ေလ့က်င့္မႈမ်ား ဆက္လက္ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္း၏ ပဏာမကစားသမား ၃၅ ဦးစာရင္းတြင္ တိုက္စစ္မႉးမ်ားအျဖစ္ ေက်ာ္ကိုကို၊ ေအာင္သူ၊ သန္းပိုင္၊ ေအာင္ေကာင္းမာန္၊ ဝင္းႏိုင္ထြန္း ႏွင့္ ေအာင္ေက်ာ္ႏိုင္တို႔ ပါဝင္လ်က္ရွိၿပီး ပရိသတ္မ်ားေရွ႕မွာ ႏွစ္အတန္အၾကာေပ်ာက္ကြယ္ေနခဲ့သည့္ တိုက္စစ္မႉးေက်ာ္ကိုကို ကို ျမန္မာ့လက္ေ႐ြးစင္ ေဘာလုံးအသင္းႏွင့္အတူ ျပန္လည္ျမင္ေတြ႕ရဖြယ္ရွိေနသည္။

Related news

© 2021. All rights reserved.