အိန္ဒိယနိုင်ငံမှာ မှတ်ဥာဏ်တု လူသားစက်ရုပ်တွေကို ပထမဆုံးအကြိမ် စတင်အသုံးပြုနေ

 1708

ဂျန်ဇက် (NP News) - မတ် ၁ဝ

AI လို့ခေါ်ဆိုတဲ့ မှတ်ဉာဏ်တုလူသားစက်ရုပ်တွေကို မျက်မှောက်ခေတ်မှာ ကျောင်းဆရာ၊ဆရာမအဖြစ် အသုံးပြု နေပြီဖြစ်ရာ အိန္ဒိယနိုင်ငံ၊ ကယ်ရာလာပြည်နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းမှာ မှတ်ဉာဏ်တုအသုံးပြုလူသား စက်ရုပ်ကို ဆရာမအဖြစ် အသုံးပြုနေတယ်လို့ နိုင်ငံတကာသတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

ကယ်ရာလာပြည်နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းဖြစ်တဲ့ KTCT Higher Secondary School ကျောင်းမှာ အသုံးပြုနေတဲ့ မှတ်ဥာဏ်တု လူသားစက်ရုပ်ရဲ့အမည်က အိုင်ရစ်ဖြစ်တယ်လို့ ဆိုပါတယ်။

မှတ်ဥာဏ်တုလူသားစက်ရုပ်ဖြစ်တဲ့ အိုင်ရစ်အမည်ရှိ ကျောင်းဆရာမဟာ ကယ်ရာလာပြည်နယ် အပါအဝင် အိန္ဒိယနိုင်ငံတဝှမ်းမှာ အသုံးပြုနေတဲ့ ပထမဆုံးမှတ်ဉာဏ်တုအသုံးပြု ကျောင်းဆရာမဖြစ်ပါတယ်။ အဲဒီ မှတ်ဥာဏ်တုလူသားစက်ရုပ်ဖြစ်တဲ့အိုင်ရစ်ကို ပြီးခဲ့တဲ့လက အိန္ဒိယနိုင်ငံမှာ စတင်ထုတ်ဖော်ပြသခဲ့ပြီး လူသိများ လာခဲ့တယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဆရာမ အိုင်ရစ်ဟာ ဘာသာစကား ၃ မျိုးပြောနိုင်ပြီး ကျောင်းသား/သူတွေရဲ့ ရှုပ်ထွေးတဲ့မေးခွန်းတွေကိုလည်း ဖြေကြားနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။အိုင်ရစ်ရဲ့အသိပညာအခြေခံက ChatGPT လို ပရိုဂရမ်တွေနဲ့ လုပ်ဆောင် ပေးထားတဲ့ AI ဖြင့် ပါဝါ အသုံးပြုထားတာကြောင့် အခြားသောအလိုအလျောက်သင်ကြားရေးကိရိယာတွေထက် ပိုမိုကျယ်ပြန့်ပါတယ်။

လူသားစက်ရုပ်တွေကို ကျောင်းသားတွေအတွက် မသင့်လျော်တဲ့ဘာသာရပ်ဆိုင်ရာ အချက်အလက်တွေကို လေ့ကျင့်ပေးထားခြင်းမရှိဘူးလို့ အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။ အိုင်ရစ်ရဲ့အသိပညာအခြေခံကို ကနဦးစမ်းသပ်ခဲ့ပြီးနောက်ပိုင်းမှာတော့ ကျောင်းသား/သူတွေဆီက ကောင်းမွန်တဲ့ တုံ့ပြန်ချက်တွေရရှိပြီးနောက် မှာ KTCT Higher Secondary School ကျောင်းမှာ အသုံးပြုဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။

အဲဒီကျောင်းဟာ ကျောင်းသား/သူ ၃၀၀၀ ကျော်ရှိနေပြီး လာမယ့်စာသင်နှစ်တွေမှာလည်း မှတ်ဥာဏ်တု ဆရာ/ဆရာမတွေကို ပိုပြီးအသုံးချဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။

Zawgyi Version;
အိႏၵိယႏိုင္ငံမွာ မွတ္ဥာဏ္တု လူသားစက္႐ုပ္ေတြကို ပထမဆုံးအႀကိမ္ စတင္အသုံးျပဳေန
ဂ်န္ဇက္ (NP News) - မတ္ ၁

AI လို႔ေခၚဆိုတဲ့ မွတ္ဉာဏ္တုလူသားစက္႐ုပ္ေတြကို မ်က္ေမွာက္ေခတ္မွာ ေက်ာင္းဆရာ၊ဆရာမအျဖစ္ အသုံးျပဳ ေနၿပီျဖစ္ရာ အိႏၵိယႏိုင္ငံ၊ ကယ္ရာလာျပည္နယ္ရွိ စာသင္ေက်ာင္းတစ္ေက်ာင္းမွာ မွတ္ဉာဏ္တုအသုံးျပဳလူသား စက္႐ုပ္ကို ဆရာမအျဖစ္ အသုံးျပဳေနတယ္လို႔ ႏိုင္ငံတကာသတင္းမီဒီယာေတြက ေဖာ္ျပထားပါတယ္။

ကယ္ရာလာျပည္နယ္ရွိ စာသင္ေက်ာင္းတစ္ေက်ာင္းျဖစ္တဲ့ KTCT Higher Secondary School ေက်ာင္းမွာ အသုံးျပဳေနတဲ့ မွတ္ဥာဏ္တု လူသားစက္႐ုပ္ရဲ႕အမည္က အိုင္ရစ္ျဖစ္တယ္လို႔ ဆိုပါတယ္။

မွတ္ဥာဏ္တုလူသားစက္႐ုပ္ျဖစ္တဲ့ အိုင္ရစ္အမည္ရွိ ေက်ာင္းဆရာမဟာ ကယ္ရာလာျပည္နယ္ အပါအဝင္ အိႏၵိယႏိုင္ငံတဝွမ္းမွာ အသုံးျပဳေနတဲ့ ပထမဆုံးမွတ္ဉာဏ္တုအသုံးျပဳ ေက်ာင္းဆရာမျဖစ္ပါတယ္။ အဲဒီ မွတ္ဥာဏ္တုလူသားစက္႐ုပ္ျဖစ္တဲ့အိုင္ရစ္ကို ၿပီးခဲ့တဲ့လက အိႏၵိယႏိုင္ငံမွာ စတင္ထုတ္ေဖာ္ျပသခဲ့ၿပီး လူသိမ်ား လာခဲ့တယ္လို႔ အိႏၵိယသတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ဆရာမ အိုင္ရစ္ဟာ ဘာသာစကား ၃ မ်ိဳးေျပာႏိုင္ၿပီး ေက်ာင္းသား/သူေတြရဲ႕ ရႈပ္ေထြးတဲ့ေမးခြန္းေတြကိုလည္း ေျဖၾကားႏိုင္စြမ္းရွိတယ္လို႔ ဆိုပါတယ္။အိုင္ရစ္ရဲ႕အသိပညာအေျခခံက ChatGPT လို ပ႐ိုဂရမ္ေတြနဲ႔ လုပ္ေဆာင္ ေပးထားတဲ့ AI ျဖင့္ ပါဝါ အသုံးျပဳထားတာေၾကာင့္ အျခားေသာအလိုအေလ်ာက္သင္ၾကားေရးကိရိယာေတြထက္ ပိုမိုက်ယ္ျပန႔္ပါတယ္။

လူသားစက္႐ုပ္ေတြကို ေက်ာင္းသားေတြအတြက္ မသင့္ေလ်ာ္တဲ့ဘာသာရပ္ဆိုင္ရာ အခ်က္အလက္ေတြကို ေလ့က်င့္ေပးထားျခင္းမရွိဘူးလို႔ အိႏၵိယအာဏာပိုင္ေတြက ေျပာပါတယ္။ အိုင္ရစ္ရဲ႕အသိပညာအေျခခံကို ကနဦးစမ္းသပ္ခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ ေက်ာင္းသား/သူေတြဆီက ေကာင္းမြန္တဲ့ တုံ႔ျပန္ခ်က္ေတြရရွိၿပီးေနာက္ မွာ KTCT Higher Secondary School ေက်ာင္းမွာ အသုံးျပဳဖို႔ စီစဥ္လာခဲ့တာျဖစ္ပါတယ္။

အဲဒီေက်ာင္းဟာ ေက်ာင္းသား/သူ ၃၀၀၀ ေက်ာ္ရွိေနၿပီး လာမယ့္စာသင္ႏွစ္ေတြမွာလည္း မွတ္ဥာဏ္တု ဆရာ/ဆရာမေတြကို ပိုၿပီးအသုံးခ်ဖို႔ စီစဥ္ေနတယ္လို႔ဆိုပါတယ္။

Related news

© 2021. All rights reserved.