စနစ်သစ်ဖြစ်သည့် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့မှစတင်ကာ နိုင်ငံတစ် ဝန်းကျင်းပ

 1455

ရဲပြည့်၊ သန့်ဇင် (NP News) - မတ် ၁၁

စနစ်သစ်ဖြစ်သည့် ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက်ပိုင်းမှစတင်ကာ နိုင်ငံတစ်ဝန်း၌ စတင်ကျင်းပနေပြီဖြစ်သည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့(မတ်လ ၁၁ ရက်)၊ နံနက် ၉ နာရီတွင် မြန်မာစာဘာသာရပ်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် မတ်လ (၁၂)ရက်တွင် အင်္ဂလိပ်စာ၊ မတ်လ ၁၃ ရက်တွင် သင်္ချာ၊ မတ်လ ၁၄ ရက်တွင် ဓာတုဗေဒနှင့် ပထဝီဝင်၊ မတ်လ ၁၅ ရက်တွင် ရူပဗေဒနှင့် သမိုင်း၊ မတ်လ ၁၆ ရက် ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ်တို့ကို နားရက်မရှိ(၆)ရက်ဆက်တိုက် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လူမှုရေးသိပ္ပံဘာသာရပ်ကို မတ်လ ၁၈ ရက်တွင် ဖြေဆိုရမည်ဖြစ်ပြီး စိတ်ကြိုက်မြန်မာစာကို မတ်လ ၁၉ ရက်၌ ဖြေဆိုသွားမည်ဖြစ်ကာ စာမေးပွဲဖြေဆိုချိန်မှာ နံနက် ၉နာရီမှ မွန်းတည့် ၁၂နာရီအထိ ဖြစ်ကြောင်း သိရသည်။

“သားကစာမေးပွဲဖြေမှာဆိုတော့ စိတ်လှုပ်ရှားတာပေါ့။ ဖြေနိုင်မယ်လို့လည်း ယုံကြည့်ပါတယ်” ဟု အထက(၂) မရမ်းကုန်းမှ ကျောင်းသားမိဘတစ်ဦးက NP News ကိုပြောသည်။

ယခုနှစ်၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန်အတွက် စာရင်းပေးသွင်းထားသူမှာ (၁၄၅၂၀၀)ဦးအထိ ရှိကြောင်း သိရသည်။

zawgyi version
စနစ္သစ္ျဖစ္သည့္ တကၠသိုလ္ဝင္စာေမးပြဲကို ယေန႔မွစတင္ကာ ႏိုင္ငံတစ္ ဝန္းက်င္းပ

ရဲျပည့္၊ သန႔္ဇင္ (NP News) - မတ္ ၁၁

စနစ္သစ္ျဖစ္သည့္ ၂၀၂၄ ခုႏွစ္တကၠသိုလ္ဝင္စာေမးပြဲကို ယေန႔ နံနက္ပိုင္းမွစတင္ကာ ႏိုင္ငံတစ္ဝန္း၌ စတင္က်င္းပေနၿပီျဖစ္သည္။

၂၀၂၄ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို ယေန႔(မတ္လ ၁၁ ရက္)၊ နံနက္ ၉ နာရီတြင္ ျမန္မာစာဘာသာရပ္ျဖင့္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ စတင္ေျဖဆိုသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ မတ္လ (၁၂)ရက္တြင္ အဂၤလိပ္စာ၊ မတ္လ ၁၃ ရက္တြင္ သခ်ၤာ၊ မတ္လ ၁၄ ရက္တြင္ ဓာတုေဗဒႏွင့္ ပထဝီဝင္၊ မတ္လ ၁၅ ရက္တြင္ ႐ူပေဗဒႏွင့္ သမိုင္း၊ မတ္လ ၁၆ ရက္ ဇီဝေဗဒႏွင့္ ေဘာဂေဗဒ ဘာသာရပ္တို႔ကို နားရက္မရွိ(၆)ရက္ဆက္တိုက္ ေျဖဆိုသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ လူမႈေရးသိပၸံဘာသာရပ္ကို မတ္လ ၁၈ ရက္တြင္ ေျဖဆိုရမည္ျဖစ္ၿပီး စိတ္ႀကိဳက္ျမန္မာစာကို မတ္လ ၁၉ ရက္၌ ေျဖဆိုသြားမည္ျဖစ္ကာ စာေမးပြဲေျဖဆိုခ်ိန္မွာ နံနက္ ၉နာရီမွ မြန္းတည့္ ၁၂နာရီအထိ ျဖစ္ေၾကာင္း သိရသည္။

“သားကစာေမးပြဲေျဖမွာဆိုေတာ့ စိတ္လႈပ္ရွားတာေပါ့။ ေျဖႏိုင္မယ္လို႔လည္း ယုံၾကည့္ပါတယ္” ဟု အထက(၂) မရမ္းကုန္းမွ ေက်ာင္းသားမိဘတစ္ဦးက NP News ကိုေျပာသည္။

ယခုႏွစ္၂ဝ၂၄ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို ဝင္ေရာက္ေျဖဆိုရန္အတြက္ စာရင္းေပးသြင္းထားသူမွာ (၁၄၅၂၀၀)ဦးအထိ ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.