ပုဂံတွင် ဘုရားဖူးကားတစ်စီး တောင်အဆင်းလမ်း၌ ဘရိတ်ပေါက်တိမ်းမှောက်ခဲ့ရာ လူ(၄)ဦးထိခိုက်ဒဏ်ရာရ

 783

သန့်ဇင်(NP News)-မတ် ၁၁
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းနယ်မြေတွင် ဘုရားဖူးကားတစ်စီး တောင်အဆင်းလမ်း၌ ဘရိတ်ပေါက်တိမ်းမှောက်ခဲ့ရာ လူ(၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပုဂံဒေသလူမှုကူညီကယ်ဆယ်ရေး အသင်းထံမှ သိရသည်။

ယာဉ်တိမ်းမှောက်မှုသည် ယနေ့(မတ်လ ၁၁ရက်)၊ နံနက် ၁၀နာရီဝန်းကျင်အချိန်တွင် ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ တုရွင်တောင်၏ ဆွယ်တော်ဘုရားကြီး အဆင်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့ ကားက ဘုရားဖူးကားပါ။ တောင်အဆင်းမှာ ဘရိတ်ပေါက်ပြီး မှောက်တာပါ။ လူ(၄)ယောက် ဒဏ်ရာရတယ်” ဟု ပုဂံဒေသလူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါကားတိမ်းမှောက်မှုကြောင့် ကားပေါ်တွင် လိုက်ပါလာသည့် ဘုရားဖူးခရီးသည် (၁၃)ဦးအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး(၃)ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ကားပေါ်မှာ ပါတာက စုစုပေါင်း(၁၃)ယောက် ပါတယ်ပေါ့။ အဲဒီထဲကမှ ကျား(၁)ဦးနဲ့ မ(၃)ဦးက ဒဏ်ရာရတယ်။ ကျားတစ်ဦးကပဲ စိုးရိမ်ရတာပါ။ ကျန်တဲ့အမျိုးသမီးတွေက မစိုးရိမ်ရပါဘူး” ဟု ၎င်းကဆက်ပြောသည်။

ထို့ကြောင့် ယာဉ်တိမ်းမှောက်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူများကို ညောင်ဦးခရိုင်မီးသတ်တပ်ဖွဲ့နှင့် ပုဂံဒေသလူမှုကူညီကယ်ဆယ်ရေးအသင်းတို့ ပူးပေါင်းကာ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၅ရက်နေ့တွင်လည်း ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ အောင်ပန်း-ရွာငံ-ဟန်မြင့်မိုရ်သွား ကားလမ်း၌ ကျောက်ဆည်ရွှေသိမ်တော်ဘုရားသို့ ဘုရားဖူးသွားသည့် Probox ကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူ(၆)ဦးပွဲချင်းပြီး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။

Zawgyi Version

ပုဂံတြင္ ဘုရားဖူးကားတစ္စီး ေတာင္အဆင္းလမ္း၌ ဘရိတ္ေပါက္တိမ္းေမွာက္ခဲ့ရာ လူ(၄)ဦးထိခိုက္ဒဏ္ရာရ

သန႔္ဇင္(NP News)-မတ္ ၁၁
မႏၲေလးတိုင္း၊ ေညာင္ဦးၿမိဳ႕နယ္၊ ပုဂံေရွးေဟာင္းနယ္ေျမတြင္ ဘုရားဖူးကားတစ္စီး ေတာင္အဆင္းလမ္း၌ ဘရိတ္ေပါက္တိမ္းေမွာက္ခဲ့ရာ လူ(၄)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ပုဂံေဒသလူမႈကူညီကယ္ဆယ္ေရး အသင္းထံမွ သိရသည္။

ယာဥ္တိမ္းေမွာက္မႈသည္ ယေန႔(မတ္လ ၁၁ရက္)၊ နံနက္ ၁၀နာရီဝန္းက်င္အခ်ိန္တြင္ ေညာင္ဦးၿမိဳ႕နယ္၊ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမ၊ တု႐ြင္ေတာင္၏ ဆြယ္ေတာ္ဘုရားႀကီး အဆင္း၌ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“သူတို႔ ကားက ဘုရားဖူးကားပါ။ ေတာင္အဆင္းမွာ ဘရိတ္ေပါက္ၿပီး ေမွာက္တာပါ။ လူ(၄)ေယာက္ ဒဏ္ရာရတယ္” ဟု ပုဂံေဒသလူမႈကူညီကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါကားတိမ္းေမွာက္မႈေၾကာင့္ ကားေပၚတြင္ လိုက္ပါလာသည့္ ဘုရားဖူးခရီးသည္ (၁၃)ဦးအနက္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီး(၃)ဦးတို႔ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

“ကားေပၚမွာ ပါတာက စုစုေပါင္း(၁၃)ေယာက္ ပါတယ္ေပါ့။ အဲဒီထဲကမွ က်ား(၁)ဦးနဲ႔ မ(၃)ဦးက ဒဏ္ရာရတယ္။ က်ားတစ္ဦးကပဲ စိုးရိမ္ရတာပါ။ က်န္တဲ့အမ်ိဳးသမီးေတြက မစိုးရိမ္ရပါဘူး” ဟု ၎ကဆက္ေျပာသည္။

ထို႔ေၾကာင့္ ယာဥ္တိမ္းေမွာက္မႈတြင္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ေညာင္ဦးခ႐ိုင္မီးသတ္တပ္ဖြဲ႕ႏွင့္ ပုဂံေဒသလူမႈကူညီကယ္ဆယ္ေရးအသင္းတို႔ ပူးေပါင္းကာ ေညာင္ဦးခ႐ိုင္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ မတ္လ ၅ရက္ေန႔တြင္လည္း ရွမ္းျပည္နယ္၊ ႐ြာငံၿမိဳ႕နယ္၊ ေအာင္ပန္း-႐ြာငံ-ဟန္ျမင့္မိုရ္သြား ကားလမ္း၌ ေက်ာက္ဆည္ေ႐ႊသိမ္ေတာ္ဘုရားသို႔ ဘုရားဖူးသြားသည့္ Probox ကားတစ္စီး တိမ္းေမွာက္ခဲ့ရာ လူ(၆)ဦးပြဲခ်င္းၿပီး ေသဆုံးခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.